Damage

1.4K 94 1
                                    

မတူညီတဲ့တိုင်းပြည်နှစ်ခုမှာ
မတူညီတဲ့ လူမျိုးတွေနေထိုင်ကြတယ်။
အစကပြန်ပြောပြရမယ်ဆိုရင်ဖြင့်
Alphaတွေချည်းနေသောတိုင်းပြည်
Omegaတွေချည်းနေသောတိုင်းပြည်
မတူညီတဲ့တိုင်းပြည်နှစ်ခု မတူညီတဲ့ပုံစံတွေနဲ့သာ
Betaတွေကတော့ တိုင်းပြည်နှစ်ခုလုံးမှာစိတိပျော်ရင်
ပျော်သလိုနေထိုင်ကြတယ်။

Omegaတွေနေထိုင်သည့်တိုင်းပြည်ကို
Moria လို့ခေါ်ပြီး အုပ်ချုပ်သည်က ဘုရင်မ Helan
Kimတစ်နည်းအားဖြင့်သူကိုယ်တိုင်ကလည်း Omegaပင်။

Alpha တွေနေထိုင်သည့်တိုင်းပြည်ကိုလည်း
Vegas လို့ခေါ်တွင်ပြီးဘုရင် Lucas Jအုပ်ချုပ်သည်။
တစ်နည်းအားဖြင့်သူဟာလည်း Alphaပဲ။

တိုင်းပြည်နှစ်ခုဟာ မိတ်ဖက်တွေသာပင်
ပုံစံတွေမတူကြတာက Vegas မှာက
စစ်တိုက်ခိုက်ရေးနဲ့ပတ်သက်တဲ့အရာတွေကိုသာ
အဓိကဆောက်လုပ်ထားကြတယ် ခေတ်ဆန်ဆန်နဲ့
နေထိုင်ကြသူများဖြစ်ပြီး နေထိုင်ပုံတွေက Alpha
တွေဖြစ်သည့်အလျောက်ကြမ်းတမ်းကြသည်။

တစ်ဖက် Moria သည်လည်းအဓိကချည်ထည်တွေ
ပိုးထည်တွေ နူးညံ့သောအသုံးအဆောင်တွေနဲ့
လှပတဲ့မွေးတဲ့အရာတွေထွက်သည့်နေရာဖြစ်သည်
ဘာလို့ဆိုထိုနေရာမှာက Omegaတွေသာနေထိုင်သည်လေ ပန်းတွေဟာနေရာတကာပွင့်နေပြီး
အလွန်ကိုမှသာယာလှပသည့် နေရာမျိုး။

နှစ်နိုင်ငံဟာ အချင်းချင်းအားကိုးကြရင်း
နေထိုင်ကြသလို ရိုးရာဓလေ့လည်းရှိသည်
တစ်ဖက်တိုင်းပြည်က Alphaဟာ
Moriaရဲ့ omegaတစ်ယောက်နဲ့လက်ဆက်တော့မယ်ဆို
Alpha ဟာသူ့mate omegaကိုခေါ်ဆောင်ဖို့
ကိုယ်တိုင်လက်နှင့်ပြုလုပ်ထားသည့်လှပတဲ့
ခြေချင်း၀တ်တစ်ခုကို သူ့တွဲဖက်ကို၀တ်ဆင်ပြီး
သူ့တိုင်းပြည် Vegasကိုခေါ်သွားရသည်။

တိုင်းပြည်နှစ်ခုက Alpha,Omegaခွဲနေကြတာ
ဆိုတာက လက်မဆက်ရသေးတဲ့သူတွေကိုပြောတာ ဖြစ်သည်။လက်ဆက်ပြီးရင် Alphaတွေဘက်သာ
လိုက်နေကြရသည် နေရာအတွက်လည်း Alphaတွေက
သူတို့ကြင်သူ သဘောကျစေဖို့ နေထိုင်မည့်အိမ်ယာ
အတွင်းတော့ ပန်းတွေစိုက်ထားပေးကြသည်။
ရေပန်းလှလှလေးတွေပါလုပ်ထားပေးပြီး ချစ်စရာ
အကောင်လေးတွေမွေးထားကြသည်။

You've reached the end of published parts.

⏰ Last updated: Apr 05, 2023 ⏰

Add this story to your Library to get notified about new parts!

𝖣𝗎𝖽𝖾!𝖩 & 𝖵Where stories live. Discover now