အပိုင်း၁

4.1K 171 2
                                    

ကျ်ီးကန်းချောင်းရွာလေးဟာမြို့နဲ့အတော်လေးနီးတာမို့လို့အတော်လေးဖွံ့ဖြိုးသောရွာဟုဆိုရမည်.....

ရွာလေးရဲ့အထက်တန်းကျောင်းတွင်ဖြစ်သည်

''ဆရာမစာမေးမယ်နော်......''

မြန်မာစာဆရာမ..ဒေါ်သူဇာမော် ရဲ့အသံဟာအခန်းတွင်းဖုံးအုပ်သွားသည်...

ကျောင်းသူကျောင်းသားများကစာအုပ်များကောက်
ဖွင့်ကာကျက်ခိုင်းလိုက်သောစာကိုအသဲအသန်ကျက်ကြ၏

'' စံနန်းထိုက်.....သမီးထပြီးဆိုပြပါအုံးကွယ်''

မနေ့ကမှအပြောင်းအရွှေ့နဲ့ရောက်တာဆိုတော့နာမည်နဲ့လူတွဲပြီးမမှတ်မိသေးသောသူဇာကအသင်းတာဝန်ကျဇယားကနာမည်တစ်ခုကိုသာရွေးခေါ်လိုက်တော့သည်

''စံနန်းထိုက်ကသမီးလား''

မတ်တပ်ထရပ်တဲ့ကောင်မလေးကဂွမ်းစလေးကဲ့သို့အသားများဖြူဖွေးနေကာအရပ်ကလည်းခပ်မြင့်မြင့်မို့ချစ်စရာလေးဟုတွေးမိသည်

''မနေ့ကဆရာမအိမ်စာပေးလိုက်တဲ့..ရွှေနှင့်ယှိးမှားပန်းစကား..ကဗျာလေးဆိုပြပါအုံး''

ထိုက်..မုန်းသည်...အာရုံစိုက်ခံရတာတွေကို.ထိုက်မုန်းသည်....မော့ကြည့်နေတဲ့လူတွေကိုကြောက်သည်

''ရွှေ..ရွှေနှင့်ယိုးမှား...ပန်း...ပန်းစကား.....''

ထိုကဗျာအားထိုက်ရသည်...ဒါပေမဲ့....မော့ကြည့်နေတဲ့လူတွေနဲ့ရှေ့တည့်တည့်ကစိုက်ကြည့်နေတဲ့ဆရာမကြောင့်လူကြောက်တတ်သောထိုက်ခမျာ..ဇောချွေးတွေပြန်လာရသည်..

''သိုး..သိုးကလေ..........ပု...ပုပ္ပါးနတ်တောင်...''

ဆက်ဆိုရမဲ့စာသည်လည်ချောင်းထဲမှာထစ်နေသလားဘဲ.....

''သမီးမကျက်လာဘူးလား''

''ကျက်...ကျက်လာပါတယ်''

''ကျက်လာရင်ရရမှာပေါ့...ဒီရှေ့ကိုထွက်လာပြီးထိုင်ထ၁၅ခါလာလုပ်......''

''ရှင်....''

ထိုက်...အတန်းရှေ့ထွက်ကာထိုင်ထလုပ်လိုက်ရသည်

''မနက်ဖြန်ရအောင်ကျက်လာခဲ့''

''ဟုတ်...ဟုတ်ကဲ့''

ဆရာမပန်မဲ့မေတ္တာပန်းWhere stories live. Discover now