အပိုင်း၇

2.5K 139 0
                                    

သူဇာ..ထိုက်ဆီမှာနေနေရတာတစ်ပတ်ပြည့်တော့မည်
သားကလည်းထိုက်နဲ့အတော့်ကိုရင်းနှီးသွားသည်..
အခုလည်းကြည့်အုံး....ထိုက်ရဲ့ပေါင်ပေါ်သားကထိုင်ကာ..ခြံထဲမှာ droneလွှတ်နေကြသည်

''တီတီထိုက်...မြင့်မြင့်မောင်းနော်''

''မောင်းလို့မရဘူးကွ...သစ်ကိုင်းနဲ့​ငြိမယ်...''

''ဒါလွှတ်ပြီးရင်သားသားရေခဲမုန့်စားလို့ရလားတီတီထိုက်''

''အဲ့တာတော့မင်းအမေကိုသွားမေးမှရမယ်..သူစားဆိုသွားဝယ်ကြမယ်''

''တကယ်နော်တီတီထိုက်''

''တကယ်....''

သားကအိမ်ထဲမှာထိုင်နေသောသူဇာ့ဆီပြေးလာကာ

''မေမေ..သားသားရေခဲမုန့်စားလို့ရလား......''

'ချောင်းဆိုးမယ်သားရဲ့.....''

''သားသားကတစ်ခွက်ထဲစားမှာ.....နော်''

လက်ညိုးလေးတစ်ချောင်းထောင်ပြတဲ့သားပုံစံကချစ်စရာ...

''ဟုတ်ပါပြီ တစ်ခွက်ဘဲနော်''

''ဟုတ်ကဲ့''

ခွင့်ပြုချက်ရတာနဲ့သားကထိုက်ဆီပြန်သွားကာထိုက်နားကပ်ပြီးဘာတွေတိုးတိုးပြောပြန်လဲမသိဘူး....

''ရေခဲမုန့်သွားဝယ်ကြမယ်''

ထိုက်ကသားကိုချီကာအိမ်ထဲပြန်ဝင်လာပြီး

''အေးချို...ဆိုင်ကယ်သော့ယူလာခဲ့''

''ဆိုင်ကယ်မောင်းရပြီ...သားသားမောင်းမယ်နော်တီတီထိုက်''

''ဟုတ်ပါပြီလူကြီးလေးရယ်.....''

ထို့နောက်..အေးချိုဆီကသော့ကိုယူရင်း...ဂိုဒေါင်ထဲက CBRအနက်ရောင်ကိုထုတ်လိုက်သည်

''ဝါး.....''

''မိုက်လား....''

''အင်း..အင်း.....''

ကလေးကိုဆိုင်ကယ်ပေါ်ချီတင်ကာမောင်းထွက်လာခဲ့သည်

''လာ..သွားကြမယ်''

''ထိုက်က..ကလေးချစ်တတ်မှန်းအေးချိုအစကမသိဘူး...''

ခြံထဲကဆိုင်ကယ်နဲ့ထွက်သွားသောသားနဲ့ထိုက်ကို
ကြည့်ကာ...အေးချိုကပြောသည်

ဆရာမပန်မဲ့မေတ္တာပန်းWhere stories live. Discover now