Wait For Me To Come Home

158 5 2
                                    

အဝေးပြေးလမ်းမပေါ် ဘတ်စ်ကားတစ်စီးက မြို့ပြတစ်ခုဆီဦးတည်နေလေရဲ့
ကားပေါ်မှာပါလာတဲ့ ဆယ်ကျော်သက်ကောင်ငယ်လေးတစ်ယောက်ကတော့ အတွေးတွေသီရင်း ပြုံးပျော်နေတာပေါ့

"Jim မင်းရဲ့လူကိုပြောပြပြီးပြီလား"

"ဘာကိုလဲ"

"မင်းဘန်ကောက်ကို ကျောင်းလာတက်မဲ့အကြောင်းလေ"

"ဟင့်အင်း သူငါ့ကို ချင်းမိုင်မှာလို့ပဲ ထင်နေတာ"

"မင်းကမပြောပြလိုက်ဘူးလား"

"Neo ရာ ဟိုရောက်မှ သူ့ဆီ ဝှစ်ကနဲ သွားတွေ့လိုက်ရင် ပြီးနေတာပဲကို"

"တစ်ခါမှမတွေ့ဖူးတာကိုလေ?"

"ဘာဖြစ်လဲ အဲ့တော့
တွေ့လိုက်ရင် တွေ့ဖူးသွားမှာပဲ"

"မင်းကို introvert ဆိုတာ နားရှိလို့သာကြားရတယ် ယုံကိုမယုံဘူး"

သူဘာမှခွန်းတုံ့ပြန်မနေတော့ပဲ တွေ့ရတော့မဲ့ အဲ့ဒီလူအကြောင်းကိုပဲ တွေးနေလိုက်တယ်

သူတို့စသိတာ Dating app တစ်ခုမှာ
ဘာနေနေလက်တည့်စမ်းချင်တဲ့အရွယ်မလို့ Jim တစ်ယောက် လျှောက်သုံးရင်းကနေ အဲ့ဒီလူနဲ့တွေ့တာပဲ
နာမည်က Sea Tawinan တဲ့ အသက်ကလည်း 7 နှစ်တောင်ကွာတာမလို့ ရင့်ကျက်တယ်လို့ ထင်မိတာ Jim လွန်တယ်မထင်ဘူး အသံကအစ  စကားပြောတဲ့ပုံစံတွေအဆုံး လူကြီးလူကောင်းသိပ်ဆန်တာ ကြင်နာတတ်မဲ့ပုံလည်းပေါ်တယ်
ဂစ်တာတွေ ပီယာနိုတွေလည်း သေချာတီးနိုင်တဲ့အပြင် Jim ကိုပါ သီချင်းတွေဆိုပြတတ်သေးတာ 
အခု International school တစ်ခုမှာ စာပြန်သင်ပေးရင်း သီချင်းတွေရေးဖြစ်နေတာတဲ့လေ
အကုန်အစစအရာရာပြည့်စုံနေတဲ့လူပါပဲ အင်း..ကျန်းမာရေးလေးတစ်ခုကလွဲလို့ပေါ့

အဲ့အကြောင်းတွေးတိုင်း Jim စိတ်ထဲနေလို့မကောင်းဖြစ်လာတာမလို့‌ ခေါင်းထဲကထုတ်လိုက်ပြီး ဘန်ကောက်ကို မရောက်ခင် အိပ်လိုက်သွားဖို့ပဲ ပြင်လိုက်တော့တယ်

_____________________________

"သား ဒီနေ့အနားယူရင်ယူလေ မနေ့ကတည်းက ခေါင်းတွေပြန်ကိုက်လာတယ်ဆို"

"ဟင့်အင်း ရတယ် မား
နောက်နှစ်ရက်ဆို ကလေးတွေစာမေးပွဲရှိလို့ ကျွန်တော် မှတ်စုတွေထုတ်ပေးရဦ်းမယ်"

Wait For Me To Come Home Where stories live. Discover now