Vol 3 [ 12 ] END

6.8K 191 2
                                    

[မနေ့ကထက်ပိုချစ်တယ်]

" သား သားရေ "

ရောင်လေးထွက်သွားတာနဲ့ခခလည်းထမင်းစားနေတဲ့ သားလေးအနားသွားလိုက်ပြီး ပေပွနေတဲ့သားပါးစပ်လေးကိုသားရဲ့ကလေးလက်သုတ်ပုဝါနုနုလေးနဲ့သုတ်ပေးလိုက်၍ ထမင်းခွံနေတဲ့ မသန်း‌နွယ်ကိုကြည့်လိုက်ကာ။

" ဘာတွေနဲ့ခွံတာလဲ "

" ပန်းသီးပေါင်းနဲ့ပါအစ်ကိုခ အစ်ကိုရောင်လေးကညနေ့ကသူကိုယ်တိုင်ပန်းသီးနဲ့ထမင်းပေါင်းပေးသွားတာ ကလေးကိုနေ့တိုင်းအသားမကျွေးချင်လို့တဲ့ "

" သားကိုကြည့်ထားပေးဦးနော် ကျွန်တော်ရေသွားချိုးလိုက်ဦးမယ် ထမင်းပဲမခွံနဲ့ရေလေးပါတိုက်ပေးဦး "

" ဟုတ်ကဲ့ အစ်ကိုလေးခ "

ခခလည်း မသန်းနွယ်ကိုမှာထားခဲ့လိုက်ပြီးနောက် အိမ်အပေါ်ထပ်သို့တက်လာခဲ့လိုက်ပြီး ရေချိုးခြင်းကိုစတင်လိုက်သည်။ မိနစ်အနည်းငယ်ကြာ အောက်ထပ်ပြန်ဆင်းလာတော့ သားလေးကထမင်းစားပြီးသွားလို့ မသန်းနွယ်နဲ့အတူကစားနေသည်။

" အစ်မသန်းနွယ်  သားလေးထမင်းကုန်လား "

" ဟုတ်ကဲ့ ကုန်ပါတယ် အစ်ကိုလေးခ ထမင်းစားတော့မလား အစ်ကိုရောင်လေးမှာသွားတာ သူ့ကိုမစောင့်နဲ့စားနှင့်လိုက်တဲ့ "

" ဟုတ်ကဲ့ "

ရောင်လေးကညစာစားပွဲသွားတာမလို့ စားခဲ့မှာသေချာသည်။ ခခလည်းအမသန်းနွယ်ထမင်းဝိုင်းသွားပြင်နေတုန်းသားလေးနဲ့အတူထိုင်ကစားပေးလိုက်သည်။

" သားသားလေး တစ်ယောက်တည်းပျင်းရင် ဖေဖေခ တူတူဆော့ပေးမယ် "

ခခလည်းသားလေးနဲ့အတူမြေကော်ကားရုပ်လေးကိုကိုင်မောင်းနေသလို ပါးစပ်ကအဝူးဝူးအော်ရင် ကစားပေးတော့ သားလေးမှာသဘောတွေကျကာ တခစ်ခစ်အော်ရယ်နေသည်။ ခခတုန်းကလဲငယ်ငယ်ကတစ်ယောက်တည်းဆိုပေမဲ့ နောက်ပိုင်း ရောင်လေးနဲ့အတူအဖော်ရခဲ့သလို ကိုကိုတိမ်စိုင်နဲ့ဒယ်ဒီတို့မွေးဖွားလာတဲ့ညီမလေးတစ်ယောက်လဲပိုင်ဆိုင်နိုင်ခဲ့ပြီးအထီးကျန်ဆန်တဲ့ဘဝကလွတ်မြောက်ခဲ့၏ အခုလည်းသူတို့သားလေးခရောင်ခတစ်နှစ်ခွဲဆိုတဲ့အရွယ်ရောက်နေပြီမလို့ ခခအတွေးထဲနောက်ထပ်သားသမီးတစ်ဦးလောက်ထပ်ယူဖို့တွေးမိလာသည်။

You've reached the end of published parts.

⏰ Last updated: Oct 16, 2023 ⏰

Add this story to your Library to get notified about new parts!

[ မနေ့ကထက်ပိုချစ်တယ် ] Completed Where stories live. Discover now