8

243 27 4
                                    

Harry နဲ့ Draco သူတို့နစ်ယောက်ရဲ့ချိုမြိန်လှတယ့်အချိန်ကိုဖြတ်သန်းနေချိန်။
တစ်ဖက်မာတော့

"Ummm.....Pansy? Harmonie? ငါတို့ဒီလိုမျိုးချောင်းကြည့်မနေသင့်ဖူးမလား?"

Ginny ကတခြားနှစ်ယောက်ကိုမေးလိုက်လေတယ်။ 

"ဟုတ်တယ် ငါတို့သွားရအောင်။"ဟု Harmonie ကပြန်ဖြေကာအပြင်ကိုထွက်သွားလေသည်။

Great hall ထဲတွင်

"Harry ဘာကြောင့် အဲ့လိုတောင်ပြေးထွက်သွားလဲမသိဘူး"
ဟု Neville က Ron ကိုပြောလိုက်တယ်။

"Hmm ငါသိသလောက်တော့ Harry ကပုံမှန်အတိုင်း တုံးပြီးတော့ ကိစ္စတစ်ခုကို သေချာအကြောင်းသိအောင် မလုပ်ဘဲ Draco ကိုငိုအောင်လုပ်လိုက်တယ်။"

"အဲ့ဒါဆိုသူနဲ့ Draco ကတကယ်ဘဲအတွဲပေါ့?"

"အင်းလေ Neville မင်းလဲသိတဲ့အတိုင်းဘဲ။ အဲ့သတင်းက‌တစ်ကျောင်းလုံးပြန့်သွားတာ အဲ့ဒိနေ့ကမင်းလဲရှိတာဘဲ။ ဘာလို့မေးတာလဲ?"

"မ-မဟုတ်ပါဘူး သူတို့နှစ်ယောက်က ရုတ်တရက်ကြီးဆိုတော့ ငါက သူတို့နှစ်ယောက် တစ်ခုခုလောင်းထားတာ ရှုံးလို့ ဟန်ဆောင်နေရတာထင်တာ....."

"မင်းကိုလည်းအပြစ်ပြောလို့မရပါဘူး။ မနေ့ကဘဲရန်ဖြစ်နေတဲ့လူတွေ ဒီနေ့ချက်ချင်းကြီး အတွဲဖြစ်သွားတာဆိုတော့ ငါတို့လည်း ဇဝေဇဝါဖြစ်တာပေါ့"

Draco ရဲ့အခန်းထဲတွင်

"ဟာ့.....ဟာ့ Harry s-stop ငါအသက်ရှူပရစေဦး...."

Draco တစ်ယောက် မျက်နှာကြီးတစ်ခုလုံးနီရဲပြီး Harry နဲ့မျက်နှာချင်းမဆိုင်ရဲဘဲ ဖြစ်နေတယ်။

Harry လည်း Draco ရဲ့မေးလေးကိုပင့်ပြီး သူ့ရဲ့ နှုတ်ခမ်းလေးကိုထိရုံလေး ညင်သာစွာနမ်းပြီး Draco ကိုဖက်လိုက်လေတယ်။

"Draco ငါတောင်းပန်ပါတယ်။ ငါ့ကိုကျေးဇူးပြု၍ခွင့်လွှတ်ပေးပါ။ ငါမင်းကို ငါ့ချစ်သူအနေနဲ့ ဟန်ဆောင်ဖို့ပြောထားခဲ့တယ့် စကားကိုပြန်ရုတ်သိမ်းချင်တယ်။"

Draco ထိုစကားကိုကြားတဲ့အချိန်မှာ အလွန်ဝမ်းနည်းသွားခဲ့တယ်။
Draco က Harry ရဲ့ဟန်ဆောင် ချစ်သူဆိုပေမယ့် Draco က Harry ကိုတကယ်ချစ်နေတာကြောင့်ဖြစ်တယ်။

Harry ကသူ့ကိုနမ်းခဲ့တာ သူ့ရဲ့ခံစားချက်ကိုအသုံးချပြီး စိတ်ငြိမ်‌အောင်လုပ်ဖို့ဘဲလား ဟုသံသယတွေ ဝင်လာခဲ့တော့တယ်။

ပြီးတော့ Draco က Harry အပေါ်မှာရှိတဲ့ ထိုခံစားချက်တွေအကြောင်း ကို Pansy ကိုသာပြောပြခဲ့တာပါ။ Pansy ကပြောပြလိုက်တာလား......?

Harry လည်း Draco ရဲ့စိတ်ထဲဖြစ်နေတာတွေကို မသိသေးပါ။

ဒါပေမဲ့ သူဆက်ပြောလိုက်တဲ့စကားက Draco ရဲ့ အတွေးတွေကို ရှင်းလင်းသွားစေခဲ့တယ်။

"မင်း ငါ့ရဲ့တကယ့် ချစ်သူဖြစ်ပေးပါလားDraco?"ဟုHarryပြောလိုက်လေတယ်။

#Rain💚

Skirt LoveWhere stories live. Discover now