(Noticed - Mature scene လေးနည်းနည်းပါတာမို့ Sensitive ဖြစ်လွန်းတဲ့သူဆို မဖတ်ပါနဲ့နော်) ❗❗❗
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'ကိုကို'
'........'
'ကိုကို လို့'
'........'
'ကိုကို နောက်တစ်ခါငါတကယ်မလုပ်တော့ဘူးလို့'
'ရား အီဂျဲနို'
ကုတင်ပေါ်မှာထိုင်ပြီး MacBook ပေါ်ကိုပဲသည်းကြီးမဲကြီးကြည့်နေတဲ့ရှေ့ကလူထံ သူ့ရဲ့နာမည်အပြည့်အစုံကိုခေါ်လိုက်မှ မီးတောက်နေတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုစိုက်ကြည့်လာသည်
'ငါမင်းကိုမခေါ်တော့ဘဲနေမှာနော်'
'အခု ဘယ်သူ့ကိုပြန်အော်နေတာလဲ'
'ငါမင်းကိုနောက်မလုပ်တော့ဘူးလို့ပြောတယ်လေ'
သူခိုးလူပြန်ဟစ်ဆိုတာ ရှေ့ကနာဂျယ်မင်းဆိုတဲ့သူကိုပြောတာဖြစ်မယ်
သူကလည်းအမှားလုပ်သေးတယ် ချော့တာတောင်စင်ပေါ်ကပဲဆိုတဲ့သူမနေ့ညက သူ့သူငယ်ချင်းတွေနဲ့အတူတူ သူမသိအောင် ကလပ်ခိုးသွားတဲ့အပြင် အရက်တွေသောက်ပြီး မူးလို့ သူ့မှာညကြီးသန်းခေါင်အိပ်ချင်မူးတူးနဲ့အမူးသမားလေးကိုသွားခေါ်ရသေးတယ်
ကလပ်သွားတာက အကြောင်းမဟုတ်ပေ
အရင်နေ့တွေကလည်း သူကလပ်သွားတာကိုကျနော်ဘာမှမပြော သူကိုယ်တိုင်တောင်လိုက်ပို့ပေးတာပင်အခုဟာက သူမသိအောင်အရက်တွေခိုးသောက်တာ သူနဲ့အတူတူဆိုရင် သူစိတ်ကြိုက်သောက်ခိုင်းပေမယ့် သူမပါဘဲ အရက်မသောက်ရဘူးဆိုပြီးပြောထားတာကို ဒီကလေးကတဇွတ်ထိုးလုပ်တာပင်
သူမပါဘဲအရက်မသောက်ခိုင်းတာကလည်း အခြားအကြောင်းမဟုတိ မူးပြီဆိုရင် နာဂျယ်မင်းတို့မူးချက်ကသူ့ကိုယ်သူကိုမေ့သွားတာပင်
မနေ့ကလည်း မူးပြီး ကလပ်ကရှိသမျှလူတွေကိုအကုန်ရည်းစားစကားလိုက်ပြောသည်တဲ့
သူ့ရောက်သွားတော့ကောင်မလေးတစ်ယောက်နဲ့တောင် ကိုရယ်ချစ်ရယ်နဲ့ပြောနေလိုက်သေး