Ep-7

959 51 12
                                    

"ထူးခြား မင်းဒီတစ်သက် ကံ့ကော်ကို ဖွင့်ပြောဖို့များ အစီအစဥ်မရှိတော့ဘူးလားဟမ်။ အထက်တန်းတည်းက ကြိတ်ချစ်လာတာ အခုပဲ တက္ကသိုလ်ရောက်လို့ ကျောင်းပြီးတော့မယ် မင်းက ဒုံရင်းက ဒုံရင်းပဲ"

"အေးလေ ထူးရယ် နင်ကလဲ ဘာလို့ဖွင့်မပြောတာလဲ။ ကံ့ကော်လဲ နင့်အပေါ် စိတ်ရှိနေတယ်ဆိုတာ နင်လဲသိမှာပဲ"

"ဒီလိုပါပဲ...ငါက သူနဲ့မတန်ဘူးထင်လို့"

"ဘာကိုမတန်တာလဲ သူက ဆေးကျောင်းမှာမို့လား ဆရာဝန်လောင်းမို့လား"

"နင်ဖွင့်ပြောသင့်တယ်ထင်တာပဲ"

"အခွင့်ရှိမယ်ဆိုရင်ပေါ့လေ..."

၉တန်းနှစ်လောက်တည်းက တိတ်တခိုးချစ်ခဲ့ရတဲ့ သူမကို ဖွင့်မပြောသေးလို့ အကြောင်းသိတဲ့ သူငယ်ချင်းတွေက ဝိုင်းပြောကုန်ကြပြီ။ တကယ်ဆို ကျွန်တော်လည်း ဖွင့်ပြောပြလိုက်ချင်တာပါပဲ။ အခြေအနေတွေက အရမ်းကွာတော့ ဖွင့်ပြောဖို့မရဲဘူး။ တစ်ယောက်သံယောဇဥ်တစ်ယောက်သိနေပေမဲ့ ကံကိုမယုံရဲတာပါ။ ရှေ့ဆက်ပြီး သူငယ်ချင်းတွေလိုပဲ အနားမှာ နေပေးနိုင်ဖို့ပဲ မျှော်လင့်နေပါတယ်။

......

ကျွန်မအသိစိတ်မှာ ငယ်ဘဝနဲ့ပါတ်သတ်ပြီး များများစားစားသိပ်မမှတ်မိပေမယ့် ထူးထူးနဲ့ပါတ်သတ်ရင်တော့ အရာရာမှတ်မိနေတာတော့ သူ့အလိုလိုဖြစ်နေတာပါပဲ။ အဲ့နေ့ သူ့ကိုနောက်ဆုံးတွေ့ရတဲ့ နေ့ကတော့...သူ ၁၀တန်းနှစ်နွေရာသီ သင်္ကြန်မတိုင်ခင်မှာပေါ့

လွန်ခဲ့သော ကာလများဆီက

"ထူးထူး ဘယ်သွားမို့လဲ"

အဲ့နေ့က ကျွန်မ ထူးထူးအိမ်ကိုရောက်တော့ ထူးထူးက စက်ဘီးကိုယူပြီးအပြင်သွားဖို့ပြင်နေတာတွေ့ရတယ်။

"ငရှုပ်လေးလာပြန်ပြီ။ သူငယ်ချင်းတွေဆီသွားမလို့ မအားသေးဘူးအခု မီးလေးအိမ်ပြန်တော့နော်"

"ဟင့် မီးလည်းလိုက်မယ်လေ..."

'"အာ မလိုက်ရပါဘူး"

"မီးလိုက်ချင်လို့ပါ မနက်ဖြန် မီးကဘွားဘွားဆီသွားနေရတော့မှာကို"

မင်းဆီ ခြေတစ်လှမ်းWhere stories live. Discover now