Chapter -1

411 37 7
                                    

Unicode

ရှီထျန်းနိုးလာတော့မျက်လုံးဖွင့်လိုက်တဲ့အခါအလင်းရောင်ကိုမြင်ရပြီးမျက်လုံးစူးသွားတယ်။ခဏကြာမှမျက်လုံးဖြည်းဖြည်းလေးဖွင့်ပြီးအလင်းရောင်နဲ့အသားကျအောင်မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။

ရှီထျန်းလက်မြှောက်လိုက်တဲ့အခါသူ့လက်တွေကနူးညံ့ပြီးပန်းရောင်လေးတွေသန်းနေကာမွေးကင်းစကလေးလက်ကလေးတွေဖြစ်နေတာတွေ့ရလိုက်တယ်။

သူလန့်သွားတဲ့အချိန်မှာသူ့ဘေးမှစကားသံတွေကြားနေရတယ်။သူလည်းလိုက်ရှာကြည့်လိုက်တော့သူ့ဘေးမှလူတွေသူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။သူလည်းပြန်ကြည့်နေရင်းလူကြီးတစ်ယောက်နဲ့အကြည့်ချင်းဆုံသွားတယ်။

ရှဲ့စစ်ဟန်သူ့ကိုမျက်လုံးဝိုင်းဝိုင်းနဲ့ကြည့်နေသောကလေးကိုစိတ်ထဲမှချစ်စရာအလွန်ကောင်းသည်ဟုမှတ်ချက်ချလိုက်သည်။ထို့နောက်ကလေးကိုမိမိရင်ခွင်နားဆီကောက်ချီမိလေရာကလေးလေးကမျက်လုံးများပိုမိုဝိုင်းစက်သွားလေသည်။

ရှဲ့စစ်ဟန်ရေးရေးလေးပြုံးမိသည်။ဒီကလေးကိုကြည့်လေ ကြည့်လေ အရမ်းချစ်ဖို့ကောင်းတယ် ခံစားမိပြီးလက်က မချချင်တော့လောက်အောင် စိတ်ထဲတနေရာရာမှ ဆွဲဆောင်နေလေသည်။

ကလေးရဲ့မျက်ဝန်းလေးတွေက သူ့ကိုကြည့်တဲ့အခါ ရင်ထဲနွေးထွေးသွားသလို ခံစားလိုက်ရတယ်၊ ဒါသူ့သားငယ်လေးဆိုတဲ့အသိက သူ့ကိုပိုပြီး ပီတိဖြစ်စေသည်။

ရှဲ့စစ်ဟန်သူ့ကိုယ်သူတောင် အံဩမိတယ် သူ့သားလေးယောက် မွေးတုန်းကတောင် ဘာမှမခံစားရဘူး သူ့သွေးသားတွေမို့တာဝန်ယူယုံပဲ၊ ဒါပေမယ့် သူ့သားအငယ်ဆုံးလေးကျ ရင်ထဲထူးထူးဆန်းဆန်းခံစားရတယ်။(A/N ဖခင်မေတ္တာကိုပြောတာတလွဲတွေတွေးမနေကြနဲ့နော်..ဟင်းးဟင်းးး)

ရှဲ့စစ်ဟန်သည် ရှဲ့မိသားစု၏ သားကြီးဖြစ်ပြီးသူ့အသက် ၁၄နှစ်တွင် ရှဲ့ကုမ္ပဏီ ကိုဆက်ခံခဲ့သည်။ထို့နောက် ရှီမိသားစု၏ သမီးရှီယောင်းနှင့် စီးပွားရေးအရ လက်ထပ်ခဲ့ပြီး
ကလေးလေးယောက်ရှိခဲ့သည်။

Novelထဲသို့ကူးပြောင်းလာသောဝန်ကြီးချုပ်(OC)Where stories live. Discover now