ဂျယ်ယွန်း ကို အပြင်မှာ စောင့်နေတဲ့ကောင်လေး...
ဝိုးတဝါး မြင်ရတဲ့ ဂျယ်ယွန်းနဲ့ သူမ တို့ နှစ်ယောက်ရဲ့ ပုံရိပ်တွေက်ို ကျွန်တော် သဘောမကျ မိတာ အမှန်ပဲ....
ခဏကြာ တော့ မမ ရဲ့ ရင်ခွင်ထဲ မှာ ငို နေတဲ့ ဂျယ်ယွန်းရဲ့ ပုံရိပ်ကို မြင်ပြီး သည်းမခံနိုင်တော့ဘဲ သူတို့ ရှိရာ ကိုရောက်သွားတဲ့ ဟီဆွန်း...
" မင်း ကြောင့် ယွန်းငယ် ကို မျက်ရည် မကျစေနဲ့လို့ ငါပြောထားတယ် မလား မင်းကွား...ကျစ်"
" မ..မ..မဟုတ်ဘူး ဟျောင်း"
"တော်ပြီ ယွန်းငယ် ကိုယ် ဒီလောက် ဆို သဘောပေါက်ပြီ "
" ရှင် နိုင်ပါတယ် ရှင်...."
* အချစ်ဆိုတဲ့ ကစားပွဲ တစ်ခုမှာ နိုင်တာ နဲ့ ရှုံးတာ နိုင်တဲ့လူတဲ့ ရှုံးတဲ့ လူ နှစ်မျိုးပဲ ရှိတာ မလား ကျွန်မကတော့ ရှုံးတဲ့ လူပေါ့ရှင်....ကျွန်မ ရှင့်ကို ချစ်ခဲ့တဲ့ အချစ်တွေကတော့ တကယ့်ကို နှလုံးသားထဲက လာတဲ့ အမှန်တရား တွေမလို့ ရှင့် ကို ယုံကြည်စေချင်တယ်...ကျွန်မတို့ နှစ်ယောက် ပုံဖော်ထားတဲ့အနာဂတ် ဆိုတာ ကြီး လဲ ပျောက်ဆုံးသွားပြီ ပျက်စီးသွားပြီ။
ကျွန်မ မဟုတ်တဲ့ သူနဲ့အတူ အနာဂတ်ကို အတူတူ ပုံဖော် လိုက်ပါ မောင် ရယ်......"ဟင်.... "
"ဟုတ်တယ်လို့ ဟျောင်းး "
"ကျွန်တော်လဲ ဟျောင်း ကို သဘောကျနေခဲ့တာ လေ...ဟျောင်းကို ချစ်နေခဲ့တာ လို့ ...အီး..ဟီးး "
" ဟော်ဗျာ...ယွန်းငယ်"
* ဘ၀ရဲ့ အပျော်ရဆုံးအချိန်လေး လုံး၀ကို သေမလို ခံစားခဲ့ရ၊ နာကျင်ခဲ့ရပြီးမှ ကျွန်တော့်ဆီ ရောက်လာခဲ့ တဲ့ မြတ်နိုးရာလေး မြတ်နိုးမိတယ် ချစ်လဲ ချစ်တယ် ဗျာ တကယ့်ကို သဘောကျ ရပါတယ် ယွန်းငယ်ရာ...*
" ယွန်းငယ် တကယ် ပြောတာလား တကယ်..တကယ် ကိုယ့်ကို ချစ်တာလား ကလေး..."
" ဟုတ်တယ်လို့...ဟုတ်ပါတယ် ဆိုနေဗျာ..."
"ကဲ...ဒါဆို ကျွန်မ ကို ခွင့်ပြုဦး "
" Eunji ကိုယ်တောင်းပန်ပါတယ် ကွာ ကိုယ် တကယ် တောင်းပန်ပါတယ် ...."
" ရပါတယ် ရှင်..."
" မမ, မပြန်ပါနဲ့လားဗျာ...ကျွန်တော် တို့နဲ့အတူတူ နေပါဦးနော်"
"ဟုတ်သားဗျာ...ကိုယ်တို့ နဲ့ နေပါဦး...ပြီးတော့ ကိုယ်တို့ စေ့စပ်တော့မယ် ဒီမှာ ပဲ တစ်ခါတည်း စေ့စပ်လိုက်မယ် နော်
အသိ သက်သေ လုပ်ပေးပါလားဗျာ ""အိမ်က မိဘ တွေ သိရင်ကော... "
"အင်းပေါ့ဗျာ...ကိုယ်ကြိုးစားရမှာ ပေါ့ လက်ခံပေးဖို့ "
" ဟျောင်း...ချစ်တယ် ဗျာ "
"ကိုယ်က ကိုယ့်ကလေးကို မချစ် ဘဲ နေမလား ဂျယ်ယွန်းပေါက်ရဲ့..."
"ဟီးး "
" ဂျယ်ယွန်းငယ်...ကလေးလေး"
"ဗျာ... "
" ကိုယ်တို့ ဖြစ်လာမယ့် ပြဿနာ တွေ အကုန် အတူတူ ရင်ဆိုင်ကြမယ်နော်...ကလေးလေးက ကိုယ့်ကိုယုံကြည်ပေးမယ် မလား...အတူတူ ရင်ဆိုင်ကြမယ်နော်"
" ဒါပေါ့ဗျာ...ကိုကို့ဘေးမှာ ဘယ်သူမှ မရှိတော့ရင်တောင် ကျွန်တော်က ကိုကို့အနားမှာ ရှိပေးမယ်။ ပြီးတော့ ကိုကို့ကို ဘယ်သူမှ မယုံတော့ရင်တောင် ဟောဒီက ကျွန်တော် ဂျယ်ယွန်းက ကိုကို့ ကိုယုံပေးမယ်ဗျာ ဟုတ်ပြီလား..."
" ဟာ..ဗျာ...အတတ်ကလေး"
"ကိုကိုသာ ကျွန်တော့် ကို ချစ်ပေး..ကျွန်တော်ဆိုးသမျှကိုသည်းခံပေး ခွင့်လွှတ်ပေး ကျွန်တော် တစ်ယောက်ထဲကိုသာ ချစ်ပေး... "
" ဟုတ်ပြီဗျာ...ကိုကို့ရဲ့ ကလေးလေး"
ကိုကိုတဲ့ဗျာ...ဒီကောင်လေးက တကယ့်အတတ်လေး..
----------------------------------------------------------------------------------
ကျောင်းပြီးပြီဆိုတော့ နောက်ပိုင်းကျ ဆက်တိုက် Update ပေးပါ့မယ့်...love U alll💛
YOU ARE READING
𝐇𝐘𝐔𝐍𝐆 [Heejake]
Fanfiction* ပတ်၀န်းကျင်ကြောင့် ပြောင်းလဲ လို့ မရ တဲ့ အချစ်တွေ မှာ ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်လည်း ပါတယ် "ယွန်းငယ်" #Heeseung