၂၀၁၀ ၊ သြဂုတ်လ ။
" ဖေဖေ နဲ့ မေမေ ကျွန်တော်ကပဲတောင်းပန်ပါတယ်ဗျာ။ တော်ကြပါတော့။ ကျွန်တော့်ကိုတော့ နည်းနည်းလောက်ဖြစ်ဖြစ် သနားပါအုန်း။ "
မိုးရာသီဖြစ်တဲ့အလျောက် အပြင်လောကတစ်ခုလုံး မိုးသံများကြောင့် ဆူညံနေသော်လည်း ကျန်းဟောင်အတွက်တော့ မဟုတ်ပါ။ စိတ်ပျက်စွာကောင်းလှသည့် ဖေဖေနှင့်မေမေ၏ ရန်ဖြစ်သံကို မိုးသံများကတောင် ဖုံးဖိမပေးနိုင်ပါ။ ဖေဖေနှင့်မေမေကိုပဲ အပြစ်တင်ရမည်လား မိုးနတ်မင်းကြီးကိုပဲ အပြစ်တင်လွှဲချရတော့မည်လားကို ၁၀နှစ်အရွယ်ကျန်းဟောင်အနေဖြင့် မဆုံးဖြတ်တတ်တော့ပါ။
ဒီလိုဆူညံသံက ကျန်းဟောင်သိတတ်စအရွယ် ၅နှစ်လောက်တည်းက ကြားနေကြဖြစ်သော်လည်း ဖေဖေနဲ့မေမေရန်ဖြစ်တိုင်း ၀မ်းနည်းရပါသည်။ ဒီခံစားချက်ကို ဖေဖေနဲ့မေမေ ၂ယောက်လုံးက ဂရုမစိုက်ပါ။ ဂရုမစိုက်ကြသည့်အပြင် တခါတလေ ပြသနာတောင်ရှာပါသေးသည်။
" ဘာလို့ ငါတို့က မင်းကိုသနားရမှာလဲ။ မင်းမွေးလာလို့ ငါတို့်မင်းကြောင့် လုံးပမ်းရင်း ဒီလိုတြွေပသနာတက်နေရတာ။ ငါတို့ အသင့်မဖြစ်သေးတဲ့ အချိန်မှာ မင်းကငါတို့ဘ၀ထဲကိုဝင်လာခဲ့လို့ ဒီလိုတြွေဖစ်နေရတာ။ မင်းကြောင့်။ "
ဖေဖေ့စကားတွေက ကျန်းဟောင်၏ရင်ကို ဓားနှင့်အစိမ်းလိုက် ခွဲနေသယောင်။ ဒီလိုတြွေဖစ်နေရတာ ကျွန်တော့်ကြောင့်တဲ့လား။ ကျွန်တော်က ဖေဖေနဲ့မေမေတို့အတွက် ၀န်ထုပ်ဝန်ပိုးတစ်ခု သက်သက်လား။ ဖေဖေပြောခဲ့ဖူးသော စကားများထဲတွင် ဒီစကားကအနာကျင်ရဆုံးပါ။ မိဘအရင်းဆိုတာကိုတောင် ကျန်းဟောင်မယုံနိုင်ဖြစ်မိပါသည်။ ကျန်းဟောင်ကပဲ ကံဆိုးခြင်းတွေသယ်ဆောင်လာတာလား။ ကံဆိုးခြင်းတွေကပဲ ကျန်းဟောင်းတစ်ယောက်တည်းဆီ ရောက်လာတာလားဆိုတာ မတွေးတတ်တော့ပါ။ သေချာတာကတော့ ကျန်းဟောင်ပျော်ရွှင်ရသည့် အချိန်ဆိုတာ ရေရေရာရာ မရှိပါ။
" အဲ့တာဆိုလည်း အဖေတို့တွေဘာလို့ လက်ထပ်ခဲ့ကြသေးလဲ။ ကျွန်တော်က အဖေတို့အတွက် ၀န်ထုပ်ဝန်ပိုးဆိုရင်လည်း ဘာလို့မွေးခဲ့ကြသေးလဲ။ ဒီလိုတွေခံစားနေရမယ့်အစား ကျွန်တော့်ကိုမမွေးခဲ့ရင် ပိုတောင်ကျေးဇူးတင်မိအုန်းမယ်။ "