နေကြာပန်းခင်း ရှေ့မှာ သူရယ် ကိုယ်ရယ်။
ကိုယ်က နေကြာပန်း လိုမဖြစ်ပေမဲ့ မင်းကနေကြာပန်းလေး လိုဖြစ်ဖို့မျှော်လင့်ပါတယ်တဲ့။
ဘယ်လိုများပြောလိုက်တာလဲ။
သေချာပေါက် ကိုယ် ကနေကြာပန်းပေါ့။
နေလုံးကြီးကို အမြဲမျက်နှာ မူထားတဲ့ နေကြာပန်းတွေလို ကိုယ်လဲသူ့ကိုအမြဲ ကြည့်နေတာ သူ မသိသလား။
ကိုယ်ကို ချာတိတ် လို့ ခေါ်ခဲ့တဲ့သူ အခုတော့ ကိုယ့်ကို ခေါ်ဖို့ နာမ်စားများ ပြောင်းသွားမလား။
မကြိုက် ညိုစစ နှုတ်ခမ်း ကနေ ချာတိတ်လို့ ခေါ်တာပဲ ကြားချင်သည်။
ထို က ကိုယ့် ရဲ့ ကိုယ်ပိုင်နာမ်စား မဟုတ်လား။
၄နှစ်လောက် အကိုလိုခင်လာရတဲ့သူက ကိုယ့်ကို ရည်စားစကားလာပြောသည်တဲ့လေ။
ဘယ်လိုများလုပ်ရမလဲ။
သူ့အမေက ကိုယ့်ကို သဘောကျတာမဟုတ်။
ကိုယ်လိုလူနဲ့တွဲရင် သူကပဲ သေချာပေါက်နစ်နာ လိမ့်မယ်။
ထိုသူက ကိုယ့်နဲ့စတွေ့တုန်းကလို ဆေးလိပ်ကြိုက်ပေမဲ့ ပျော်ပျော် နေတက်တဲ့လူ။
အခုတော့ အခုတော့မဟုတ်တော့ဘူး အခုက တည်တည်ကြည်ကြည် လူတစ်ဦးဖြစ်နေပြီ။
သူရဲ့ ဆံပင်တွေကိုလဲ ညှပ်ပစ် လိုက်ပြီ။ ပေါ့ပေါ့ပါးပါး ဝတ်ရတာကြိုက်တဲ့သူက အခုတော့ လူကြီးဆန်ဆန် တွေ ဝတ်နေသည်။
အရင်က ပြောင်ရှင်းနေတက် တဲ့ သူ့ရဲ့ နှုတ်ခမ်းတဝိုက်မှာ အခုတော့ နှုတ်ခမ်းမွေး၊ပါးသိုင်းမွေး တွေရေးရေး ပေါက်နေသည်။
သူပြောင်းလဲသွားသည်။ ဆေးလိပ်ကြိုက်တက်တာ ကလွဲလို့ပေါ့။
သားထက်ခေါင် ။ လင်းခေတ်နဒီ။
***