နင်
ငယ်ငယ်ကတည်းက ကျောင်းကပွဲတွေမှာဆို
နင်နဲ့ငါ တူတူကခဲ့ကြတာနှစ်တိုင်းပဲ နင်မှတ်မိလားနင်ငါ့ကိုတွေ့တိုင်း လက်ခလယ်ထောင်ပြတယ်
ဘာထူးလဲ ငါလဲပြန်ထောင်ပြတာပဲတွေ့လိုက်တိုင်း မျက်စောင်းလေးတွေက မပါမဖြစ်
အော် ... ငယ်ရွယ်သေးတာကိုး
ခံစားချက်ကိုသေချာမသိခဲ့ဘူး၅တန်းတုန်းက ငါမှတ်မိပါသေးတယ် ငါ့နာရီရဲ့လက်ပတ်က အရမ်းရှည်နေလို့ ဆရာမစာသင်နေရင်း လက်မောင်းမှာ ကိုယ့်ဘာကို ပတ်ေနတဲ့ အချိန်
အဲ့အချိန် ငါ မှတ်ဉာဏ် ထဲ စွဲနေတာပဲနင်သိလား
နင်ငါ့ကိုလှည့်ကြည့်ခဲ့တယ်တကယ်ပါဟာ အဲ့အချိန်နင်ပြုံးလိုက်တဲ့ အပြုံးက အရမ်း လှတယ်
အရမ်းလက်ရာမြှောက်တဲ့ ပန်းပု ကိုကြည့်နေရသလိုပဲနင်ဟာ
ငါဝန်မခံချင်ပေမဲ့ နင်ကငါ့ရဲ့ အချစ်ဦးပါ
နင်ဟာ ငါ့ရဲ့ ပထမဆုံး ရင်ခုန်သံပဲ
ငါကျောင်းအသစ်တွေပြောင်းရတယ်
နင်နဲ့ မတွေ့ရလို့ ငါအရမ်းဝမ်းနည်းတယ်ကျောင်းအသစ်ပြောင်းပြီ နှစ်ကျောင်းမြှောက်ရဲ့ နှစ်နှစ်မြှောက်မှာ
ငါနင့်ကိုမျှော်ခဲ့မိတယ်
ငါဝန်ခံတယ်
ငါနင့်ကို စောင့်နေခဲ့တယ်
နင်များကျောင်း လိုက်ပြောင်းလာမလားစိတ်နဲ့
အခုစဉ်းစားကြည့်တော့အရူးလိုပဲ
နင်နဲ့ငါနဲ့က ဘာမှမဆိုင်တာကို ဘာလို့လိုက်ပြောင်းလာ မှာလဲ
ငါတို့ဆက်ဆံရေးက တစ်ယောက်ကို တစ်ယောက် သိကြရုံပဲ
နှစ်တိုင်း စုံညီပွဲတွေမှာ တူတူတွဲက ကြတဲ့ လိုက်ဖက်ကြတဲ့ သူတွေပဲ
ငါဝန်ခံရရင်အများကြီးပဲ သိလား
ငါ ရွာပြန်လာတော့ နင့်ကိုငါတို့ အိမ်ေရှ့က ဖြတ်သွားတာတွေ့လိုက်တယ်
အဲ့ အချိန် ငါ ရင်ထဲ ဗုံး ပေါက်သွားသလိုပဲ
မဟုတ်ဘူး အဲ့ ထက်ဆိုးတယ်