First Love Is Beautiful Like A Dream

118 16 4
                                    

ဘဝမှာသေချာပေါက် ကျွန်တော်တို့က လူတစ်ယောက်နဲ့တော့ဆုံကြဦးမှာ။ ဆယ်ကျော်သက်အရွယ် ရင်ခုန်တတ်စမှာ ပထမဆုံးအချစ်ကို နားလည်အောင်သင်ပေးမယ့်သူ၊ သူပြုံးလိုက်ရင်ကမ္ဘာကြီးကပိုပြီးနေပျော်စရာကောင်းသလိုမျိုး၊ သူလျစ်လျုရှုတဲ့အခါ ရင်နာအောင်ငိုကြွေးရသလိုမျိုး။
အချစ်ဦးကအဲ့လိုမျိုး။

ကျွန်တော့်အတွက်တော့ အချစ်ကိုနားလည်အောင်သင်ပေးခဲ့သူက "Jeff Satur" ။

၁၆နှစ်အရွယ်မှာစသိခဲ့တဲ့ အဲ့ယောကျာ်းကတစ်သက်လုံး ကျွန်တော့် မှတ်ဉာဏ်တွေထဲရှင်သန်သွားတော့မှာ။ အဆုံးသတ်ကဘယ်လိုပဲဖြစ်ပါစေ ဒီယောကျာ်းကိုမပိုင်ဆိုင်ခဲ့ရရင်တောင်မှ သေချာတာက ကျွန်တော့်အတွက်ဆယ်ကျော်သက်ဘဝမှာ လှပတဲ့အမှတ်တရလေးအဖြစ် ကျန်ရစ်ခဲ့မှာ။ ဘာလို့လဲဆို အချစ်ဦးက မနိုးထချင်တဲ့အိပ်မက်လေးလိုလှပတာမို့။

Diary စာအုပ်ကိုပိတ်ကာ နာရီကိုလှမ်းကြည့်တော့ ညနေ၆နာရီတောင်ထိုးလေပြီ။ ဒီနေ့လည်း အစ်ကို့အကြောင်းတွေးရင်းပဲ အချိန်ကုန်ရပြန်တာပါပဲ။ ၃နှစ်... အစ်ကို့ကိုချစ်နေတာ၃နှစ်ရှိပြီ။ အစ်ကိုသဘောကျတဲ့အရာမှန်သမျှသဘောကျပြီး အစ်ကိုလုပ်ဖူးတဲ့ကိစ္စမှန်သမျှ လိုက်မလုပ်ဖူးတာမရှိ။

အစ်ကိုနဲ့အပြင်မှာမတော်တဆတွေ့ရင် ကံကောင်းလို့၊အစ်ကိုရယ်ပြသွားရင်ဆုတောင်းပြည့်တဲ့ကလေးလိုမျိုးပျော်နေတတ်တဲ့ ဘားခို့ကို အချစ်ရူးရူးနေပြီလို့ မမကပြောပေမဲ့ ဘားခို့ကတော့ အချစ်ရူးရူးနေတယ်ပြောလည်းလက်ခံရမှာပါပဲ။ ဒီ၃နှစ်အတွင်း အစ်ကို့ကိုပဲချစ်ရင်းရှင်သန်လာတာမို့တကယ် အချစ်ရူးရူးနေတာပဲမဟုတ်လား။

"ဘားခို့ရေ ညစာစားရအောင်"

မမအသံကြားမှ ဘားခို့ အစ်ကို့အကြောင်းထပ်တွေးမိနေမှန်းသတိပြုမိပြန်သည်။

"လာပြီမမ"

Diary စာအုပ်ကို အံဆွဲထဲထည့်ကာ အခန်းပြင်ထွက်လာတော့ မမကမတ်တပ်ရပ်ကြည့်နေတာမို့..

"ကျွန်တော်ချောမှန်းသိပါတယ်"

"ချောလို့ကြည့်နေတာမဟုတ်ဘူး အချစ်ရူးရူးလွန်းလို့ကြည့်နေတာ ငယ်ငယ်ရွယ်ရွယ်နဲ့ငါ့မောင်ရူးရှာပြီ"

First Love Is Beautiful Like A DreamWhere stories live. Discover now