First Love Is Beautiful Like A Dream

85 11 17
                                    

(အပေါ်ပိုင်းမပြင်ထားဘူးရယ်၊ ၃နှစ်စောင့်ခိုင်းတဲ့နေရာကနေ စပြင်ထားတာပါ။)

ဘားခို့ရဲ့တစ်နေ့တာ ဖြတ်သန်းပုံကရိုးရှင်းပါသည်။သူငယ်ချင်းတွေနဲ့ဂိမ်းဆော့တယ်။မမနဲ့ရန်ဖြစ်တယ်။ မေမေ့ကိုအလုပ်တစ်ချို့ကူလုပ်ပေးတယ်။ပြီးရင်တော့ အစ်ကို့အကြောင်းတွေးရင်းအချိန်ကုန်တာပဲ။

လောကကြီးထဲ လူအများကြီးထဲကမှ ကိုယ်နဲ့ငယ်ငယ်တည်းကသိလာတဲ့သူ၊အခုချိန်မှာ အဖေနဲ့တူတူအလုပ်တွဲလုပ်နေတဲ့သူကိုမှချစ်မိရတယ်လို့။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပေမဲ့လည်း နှလုံးသားကိုမချစ်နဲ့တားလို့မှမရဘဲ။ ဦးနှောက်နဲ့နှလုံးသားလွန်ဆွဲပွဲမှာ ဘားခို့ရဲ့နှလုံးသားကအမြဲအနိုင်ရတာပဲ။

အစ်ကို့ဘက်ကအခုချိန်ထိဘားခို့ကို ကလေးတစ်ယောက်လို၊သူ့ညီလိုပဲမြင်နေတုန်းဆိုတာဘားခို့သိသည်။ ဖွင့်ပြောလိုက်ရင် ဒီဆက်ဆံရေးပျက်စီးသွားနိုင်မလားတွေးမိတာလည်းခဏခဏ။ အခုအတိုင်းဆက်သွားရင်ရောအဆင်မပြေနိုင်ဘူးလား။ အဖြေကတော့ 'ဟင့်အင်း မပြေနိုင်ဘူး' ။

အစ်ကို့ကိုမပိုင်ဆိုင်လိုက်ရပဲ တစ်ခြားသူတစ်ယောက်ရဲ့အပိုင်ဖြစ်သွားတာကိုငေးကြည့်နေရတာထပ်၊ ဘားခို့ရဲ့ခံစားချက်ကိုဖွင့်ပြောလိုက်ပြီး အစ်ကို့ဘက်ကမချစ်ရင်တောင် ဘားခို့ရဲ့ခံစားချက်ကို အစ်ကိုသိသွားတာမို့ ဘားခို့အတွက်ပိုအဆင်ပြေနိုင်မည်ထင်ပါသည်။ တစ်သက်လုံးကိုယ်ချစ်တဲ့သူကိုဖွင့်မပြောလိုက်ရတဲ့နောင်တထပ် ချစ်တာကိုချစ်ကြောင်းသိသွားလို့ ကိုယ်နောင်တစ်ချိန်နောင်တမရနိုင်ဘူးမလား။

ဘားခို့ရဲ့အတွေးကရှုပ်ထွေးနေမလားမပြောတတ်ပေမဲ့ အစ်ကို့ကိုမပိုင်ဆိုင်ခဲ့ရရင်တောင်နောင်တစ်ချိန်ပြန်သတိရတဲ့အခါ ငယ်ချစ်ဦးကိုဖွင့်ပြောခဲ့ရတဲ့အမှတ်တရလေးကိုလည်းသတိရချင်သည်။

ပြောမရဘူးလေ အစ်ကိုကပြန်ချစ်ရင်လည်းချစ်နိုင်ပါတယ်။ဘဝဆိုတာဘယ်အရာမှပုံသေတွက်ထားလို့ ရတာမှမဟုတ်တာ။

////

"မမ"

"ပြော ဘားခို့"

First Love Is Beautiful Like A DreamWhere stories live. Discover now