EP 2

0 0 0
                                    

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ် Ep 2
   

     မနက်မိုးလင်းလာသည်နှင့်အမျှ မနက်ခင်းရဲ့အစောဦးနေရောင်လေးက ပြတင်းပေါက်မှ အခန်းတွင်းသို့ဖြာကျကာ သလင်းမောင်တစ်ယောက် နေအလင်းရောင်ကြောင့် အိပ်ယာမှာနိုးလာသည်။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးသည်နှင့်အမျှ အတန်းတက်ရန်အတွက်ပြင်ဆင်ကာ အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။ အိမ်အောက်ထပ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ထမင်းစားခန်းသို့ မနက်စာစားရန်အတွက် ခြေလှမ်းများကဦးတည်နေသည်။
   
   ထမင်းစားခန်းတွင် မိခင်ဖြစ်သူနှင့် အကိုနှစ်ယောက်မှာ သလင်းမောင်အား မနက်စာမစားသေးဘဲ စောင့်ဆိုင်းနေကြသည်။

မိခင်ဖြစ်သူ ဒေါ်သန္တာမိုးသည် ငယ်စဉ်ကတည်းကပင် သူမ၏ သားဖြစ်သူများကို အိမ်တွင် စည်းကမ်းချမှတ်ထားသည် ..

သူမ၏ မိသားစုသည် ဘယ်လောက်ပင် နောက်ကျနေသည်ဖြစ်ပါစေ မနက်စာထမင်းဝိုင်းကိုပင်လျှင် သူမ၏မိသားစုဝင်များ စုံလင်မှသာ စားသောက်လေ့ရှိသည်။သူမသည် ခေတ်ရေစီကြောင်းအလျှောက် လိုက်လျှောညီထွေရှိသော်လဲ သူမသည် ဒီအလေ့အကျင့်ကိုတော့ ဘယ်တော့မှမဖျောက်ဖျက်ပေ။

ဒါဟာ သူမအတွက် အိပ်စက်အနားယူပြီး နေ့တစ်နေ့အစတွင် သူမ၏ ချစ်လှစွာသော သားများနှင့်အတူ စုံလင်စာ မနက်ခင်းအစကိုဖြတ်သန်းခြင်းဟာ သူမအတွက်နွေးထွေးစပြီး သူမ၏သားများကိုလဲ နွေးထွေးမှု ပေးနိုင်လို့ပါဘဲ

သလင်းမောင် တစ်ယောက် ထမင်းစားခန်းရောက်သည်နှင့် မိခင်အားနှုတ်ဆက်ကာ ပါးပြင်အထက်တွင် မနက်ခင်းအနမ်းတစ်ပွင့်ပေးကာ ထမင်းစားဝိုင်းတွင် ဝင်ထိုင်လိုက်သည် ....

Morning ...မာမီ ..

Morning... သားငယ် ...

ကဲလူစုံပြီဆိုတော့ မက်စာ စားကြမယ်ကွယ် ... သားကြီး နဲ့ သားလတ်ရော ကော်ဖီဘဲသောက်မှာလား ....

ဟုတ်...မာမီ..

သားငယ်ကတော့ ဒီနေ့ကော်ဖီ မသောက်ရဘူး .... နေမကောင်းထားတာဆိုတော့ မာမီသားဖို့ ကြက်သားဆန်ပြုတ်လုပ်ပေးထားတယ်...ဒီနေ့တော့ ဒါလေးစားလိုက်နော် ...ပြီးလို့အတန်းသွားရင် မာမီတစ်ခါတည်းလိုက်ပို့မယ်နော် ...

You've reached the end of published parts.

⏰ Last updated: Mar 25, 2023 ⏰

Add this story to your Library to get notified about new parts!

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ် Where stories live. Discover now