”သူငယ်ချင်း ငါတော်တော်အခက်အခဲ ဖြစ်နေလို့ပါကွာ။ ကူညီပေးပါလား” ”ခက်တယ်ကွာ။မင်းကလဲ ဇွတ်ကြီးပဲ။ အေး ရရင် ငါ ပြောမယ်။ မင်းကိုဆက်သွယ်လို့ရမယ့်ဖုန်းပေးခဲ့” ”အေးအေး ကျေးဇူးတင်ပါတယ်ကွာ” ငြိမ်းချမ်း တယောက် မငြိမ်းချမ်းနိုင် သေးပါ။ သူထောင်က လွတ်လာတာမကြာသေး။ သူထောင်ကျရတာလဲ ခုသူမျက်နှာအောက်ကျပြီး အကူအညီတောင်းနေရတဲ့ ဝေ ယံဟိန်းရဲ့ အပြစ်လဲမကင်းပေ။ သူတို့တွေက တောင်ကြီးနည်းပညာတက္ကသိုလ်က ပထမနှစ်ကတည်းက တဆောင်တည်း နေခဲ့ခင်ခဲ့ ကြတဲ့သူငယ်ချင်းတွေ။
မေဂျာတွေ မတူကြပေမယ့် ဆိုးဖော်ဆိုးဖက် ငတ်ဖော်ငတ်ဖက်တွေမို့ ညီအကိုတွေထက် ချစ်ကြသည်။ သူက မိဘမရှိ။ ဦးလေးဖြစ် သူက ကြည့်ရှူ့စောင့်ရှောက်ထားတာ။ ညီအကိုသားချင်းမရှိတော့ သူငယ်ချင်းတွေကို အရမ်းမင်သည်။ ဒါကြောင့် သူငယ်ချင်းတွေ နဲ့ ပတ်သတ်လာရင် အစစအရာရာ အနစ်နာခံသည်မို့ သူငယ်ချင်းအပေါင်းအသင်းတွေပေါသည်။ နောက်ဆုံးနှစ်စာမေးပွဲဖြေပြီးည မှာတော့ သူငယ်ချင်းတွေ ခွဲရတော့မယ်ဆိုပြီး သောက်ကြစားကြသည်။ ပြီးတော့ လျှောက်လည်ကြတော့ သူက မသွားချင်။ မူးနေ လို့ တခုခုဖြစ်မှာစိုးလို့တားသေးသည်။ဝေယံထက်က မရ။ အတင်းကိုသွားချင်နေသည်။ သူကတော်တော်မူးနေသည်။ ဆိုင်ကယ်သူ စီးမယ်ဆိုတော့လဲ ပေးမစီး။
သူ့နောက်က ဘယ်သူ့မှမလိုက်ရဲ။ သူကလိုက်ပြီး ထိန်းရသည်။ လျှောက်လည်ကြရင်း လုံခြုံရေးရဲတွေနဲ့ ငြိကာ ပြသာနာတက်ကြ သည်။ သူက အတန်တန်တားတဲ့ ကြားက ဝေယံထက်က တားမရ။ ရဲတွေကစက်နဲ့ လူခေါ်တော့ ရောက်လာတဲ့အခါ ထွက်ပြေးကြ ရင်း ဆိုင်ကယ်တစ်စီးကို ဖြတ်ကျုံးလိုက်သည်။ သူတို့လဲ ဆေးရုံရောက်သွားသည်။ ဝေယံထက်တိုက်လိုက်တဲ့ ဆိုင်ကယ်က မောင်းတဲ့ကောင်မလေး နေရာမှာ ပွဲချင်းပြီး ဆုံးသွားလို့ ကောင်မလေးရဲ့မိဘတွေက အမှုဖွင့်ထားသည်လို့ သူငယ်ချင်းတွေက ပြောသည်။ ဝေယံထက်ကြောက်နေသည်။ သူ့မိဘတွေ ချက်ချင်းလိုက်လာပြီး အမှုပိတ်ပေးဖို့ လုပ်ပေမယ့်မရ။ ထောင်က သေချာပေါက်ကျမည့်မို့ ဝေယံထက် အဖမ်းမခံပဲ ထွက်ပြေးမယ်လုပ်သည်။ သူငယ်ချင်းတွေက အတင်းတားရသည်။
YOU ARE READING
၁၈+ ဇာတ်လမ်းတိုများ
Fantasyရေးသူ အများ ( ရေးတဲ့သူအများစုက အမည်မသိဖြစ်နေလို့ အားလုံး ကို credit ပေးပါတယ်)