Part(4)

235 25 0
                                    

"ဟေ့မငိုနဲ့လေ ဘာဖြစ်လို့ငိုနေတာလဲ"

စီးကျလာတဲ့မျက်ရည်တွေကို မျက်မှန်လေးချွတ်ပြီးသုတ်ပေးနေတယ်။ပြီးတော့ငိုမဲ့မဲ့နဲ့ပြောလာတယ်။

"ကျေး...ကျေးဇူးပါ hyung ...hyung တို့က ကျွန်တော့ကို ပထမဆုံးကူညီပေးဖူးတဲ့သူဘဲ"

အဲ့ဒီ့စကားကြောင့် hyunjin ရဲ့ရင်ဘတ်တစ်ခုလုံးနာကျင်လာခဲ့တယ်။ပြီးတော့တောက်လျှောက်တွေးနေခဲ့တယ်။အဲ့ဒီ့ကလေး ဘယ်လောက်တောင်များ အနိုင်ကျင့်ခံခဲ့ရလို့လဲမသိဘူး တစ်ခါမှအကူညီအပေးမခံရဖူးဘူး နဲ့တူတယ်ဆိုပြီး တွေးနေခဲ့တယ်။

"Hyung"

"ဘာဖြစ်လို့လဲ ကလေး"

"ကျွန်တော့အိမ်ကိုလိုက်ခဲ့ကြပါလား အကုန်လုံး ကျေးဇူးဆပ်ချင်လို့ပါ"

"ရပါတယ်မလိုပါဘူး felix ငါတို့ကသူငယ်ချင်းတွေဘဲကို"ဆိုပြီး Joengin ကပြောတယ်။

"ကျွန်တော့ကိုကူညီပေးတဲ့အတွက်ကျေးဇူးဆပ်ချင်လို့ပါ"

သူတို့တွေဘယ်လိုမှငြင်းမရတာနဲ့အဆုံး အဲ့ဒီ့ကလေးရဲ့အိမ်ကိုလိုက်လာခဲ့ကြတယ်။

"Yongbokie ပြန်လာပြီလား"
"သူငယ်ချင်းတွေပါခေါ်လာတာလား"

"ကျွန်တော့ကို ကူညီပေးလို့ခေါ်လာတာပါ"

အိမ်လို့သာပြောတာပါ အဲ့ကလေးရဲ့ အိမ်ဟာ အသားကင်ဆိုင်ဖြစ်နေခဲ့တယ်။အိမ်နဲ့ဆိုင်နဲ့ကတွဲထားသလိုမျိုးပေါ့။

"Hyung ရဲ့ညီလေးကိုကူညီပေးတဲ့အတွက်ကျေးဇူးပါ အဲ့တာကြောင့် အကို့ဆိုင်မှာ စိတ်ကြိုက်စားနော်"

"ကျေးဇူးပါ hyung"ပြီးသံပြိုင်ပြောကြတယ်။

သူတို့တွေစားနေတဲ့အချိန်__
"Felix ကော"ဆိုပြီး hyunjin ကလိုက်ရှာနေခဲ့တယ်။

"အိင်္ကျီသွားလဲနေတယ်ပြီးရင် လာလိမ့်မယ်"
.....
"ဆောရီး အိင်္ကျီသွားလဲနေလို့"
အဲ့ဒီ့ကလေး အိင်္ကျီလဲပြီးပြန်ထွက်လာတဲ့ပုံကိုကြည့်ပြီး hyunjin တစ်ယောက် ကြွေသွားတော့တယ်။

အဲ့ဒီ့ကလေးဝတ်ထားတဲ့အင်္ကျီက ပုံမှန်ထက်ကြီးနေတယ်။အဲ့ဒီ့ကလေးက ပွပွကြီးတွေဝတ်ရတာတော်တော်သဘောကျတဲ့ပုံဘဲ။

"အားလုံးကိုကျေးဇူးဘဲနော် ကူညီပေးတဲ့အတွက်"

"ရပါတယ် သူငယ်ချင်းတွေဘဲကို"

အဲ့ဒီ့စကားသံကိုလည်းကြားရော အဲ့ဒီ့ကလေးရဲ့ မျက်နှာမှာအပြုံးပန်းတွေဝေဆာနေခဲ့တယ်။

နောက်တစ်နေ့_
"ဟိုင်း Felix မင်းအစောကြီးရောက်နေပါလား"

"အော်အွန်း စောစောလာခဲ့လိုက်တာ"

"လာတစ်နေရာသွားစရာရှိတယ်"

"Hyunjin hyung တို့အတန်းကိုလား"

"ဟုတ်တယ် လိုက်မှာလား"

"လိုက်ခဲ့မယ်လေ"
အဲ့တာနဲ့နှစ်ယောက်သားထွက်လာခဲ့ကြတယ်

"Hannie Minnie"

"ဘာလဲပြော"

"ငါ အဲ့ဒီ့ကလေးကို ချစ်မိနေပြီထင်တယ်"

"အာ"

"မနေ့က ခံစားလိုက်ရတယ် ငါမဖြစ်နိုင်လောက်ဘူးလို့တွေးကြည့်သေးတယ် ဒါပေမဲ့ ငါတကယ်ချစ်မိသွားပြီ"

"အဲ့တော့ နင်ဖွင့်ပြောမှာလား"

"ငါမသိဘူး ဖွင့်ပြောတာကခဏထား သူ့အကိုမကြိုက်ရင်ဘယ်လိုလုပ်မလဲ"

"သူ့အကိုအရှေ့မှာအမှတ်ရအောင်လုပ်ရမှာပေါ့"

"ဘယ်လိုလုပ်ရမှာလဲ"

"ငါကူညီမယ်"

"Hannie မင်းကကူညီမယ် မင်းကိုယ့်ကိုတောင် ရည်းစားလေးတစ်ယောက်တောင်ရအောင်မလိုက်နိုင်တာကို"

"ငါ့အထင်သေးတာလား"

"မဟုတ်ပါဘူး ကူညီမယ်ဆိုတော့လည်း"

"အလကားတော့မရ"

"ဘာကြေးလဲ"

"မုန့်တစ်လဝယ်ကျွေး"

"အိုကေလေ"

"မနက်ဖြန်ကျစကြတာပေါ့"
.
.
.
(မင်မင်တစ်ရက်ကိုတစ်ပိုင်းသို့မဟုတ် နှစ်ပိုင်း တင်ပေးပါမယ်နော် အရင်ရက်တွေကမအားလို့ပါ)

That Boy(hyunlix)Where stories live. Discover now