မူပိုင် အပိုင်းတစ်ဆယ့်ကိုး။ ။
ဆင်ဝင်အောက်သို့ ရိုဘင်စီးလာသော အငှားယာဉ်ကားလေး ဆိုက်ရောက်လေသည်။ ရိုဘင်ကို မြင်လျှင်မြင်ချင်းမှာပဲ မေပုံ့က မျက်ရည်ကျ၏။
" ဧည့်ခန်းထဲ ထိုင်ဦးကွယ်။ သခင်မလေးကို သွားခေါ်ပေးမယ် "
" ဟုတ်ကဲ့ပါဗျ "
အစ်မရီသည် အသက်အရွယ်ရနေသူ တစ်ယောက်ဖြစ်သော်လည်း အမြဲတမ်း သွက်သွက်လက်လက်ရှိ၏။ ယခုအခါတွင်လည်း ရိုဘင့်ကို ပြောပြီးသည်နှင့် ချက်ချင်းဆိုသလို အိမ်ပေါ်ထပ်သို့ ဦးတည်လေသည်။
တံခါးခေါက်သံနှစ်ခေါက် ထွက်ပေါ်လာစဉ် ဒေါ်ဒေါ့်မျက်နှာ ညှိုးကျသွားခြင်းကို သတိပြုမိ၏။ သွားပါလို့သာ တဖွဖွပြောနေသော်လည်း မခွဲချင်မှန်း ကျုပ်သိပါရဲ့လေ။
" ဒေါ်ဒေါ် "
" အင်း ပြောလေ "
" ကျုပ်အမြန်ဆုံး ပြန်လာခဲ့မယ်နော် "
" ပြန်လာရမယ်၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်ကိုပြန်လာရမယ်။ မြရဝန်စံအိမ်က မြရံခြယ်ဆိုတဲ့ မိန်းမဆီ မူပိုင်ပြန်လာရမယ်နော် "
" ကျုပ်ရဲ့နားခိုရာက ပိတောက်တွေ ဝေနေအောင်ပွင့်တဲ့ မြရဝန်စံအိမ်ပဲ "
ဒီပွေ့ဖက်မှုတွေ၊ ဒီအနမ်းတွေ၊ ဒီအပြောတွေနဲ့ ဒီမိန်းကလေးကို မြ တပ်မက်ပါ၏။ လောကမှာ အလိုချင်ဆုံးအရာတစ်ခုဆိုရင် မူပိုင်လို့ပဲ မြ ပြောမိမည်။ ဘာအတွက်ကြောင့်နဲ့ ဒီလောက်အထိ ချစ်မိသွားသလဲဆိုတာ မြ ကိုယ်တိုင်လည်း မသိပါဘူး။ ဘုရားက ပေးအပ်သော ကံအကြောင်းတရားတွေပေါ့လေ။
" သိပ်ချစ်တာပဲကွယ် "
" ကျုပ်ကပိုတာပေါ့ ခင်ဗျားရယ် "
ဘယ်ခွဲချင်ပါ့မလဲ ကျုပ်အမျိုးသမီးရယ်။
သွားလေရာနေရာ ခေါ်သွားလို့ရအောင် ခင်ဗျားက အရုပ်လေးတစ်ရုပ်မှ မဟုတ်ပဲ။ ကျုပ်ကအတ္တကြီးတဲ့ လူဆိုပေမယ့် မရယူရက်ပါဘူး ခင်ဗျားရယ်။" နောက်ဆို လေယာဉ်စီးနိုင်အောင် ကျင့်ထား "
" မကျင့်ချင်ပါဘူး၊ မူပိုင်က မသွားပဲနေပေါ့ "
YOU ARE READING
မူပိုင် [အတွဲ တစ်]
Romance⁽⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁾