One Of Us - 1

2.4K 179 10
                                    

*Ring Ring*

အချိန်အားဖြင့် မနက် ၃ နာရီသာရှိသေးသော်လည်း အဆက်မပြတ် မြည်နေတဲ့ ဖုန်းသံကို ပိတ်ဖို့ရာ ကျန်းဟောင်အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်ရင်း စားပွဲပေါ်က ဖုန်းကို လှမ်းယူကာ ဖုန်းချမယ်ကြံတုန်း 'Sung Hanbinnie' ဆိုတဲ့ Contact Name လေးကြောင့် မျက်လုံးကျယ်သွားမိသည် ...

"ဟယ်လို"

"ကိုယ့်ရဲ့ Hao လေး ... ဘာလုပ်"

Hanbin အသံကြားတာနဲ့ မူးနေမှန်း Zhang Hao တန်းသိလိုက်သည် ... သူ့ကိုယ်သူ "ကိုယ်" လို့သုံးနှုန်းတဲ့အချိန်က မူးနေတဲ့အချိန်သာရှိသည်..

"မင်းရော ဘာလုပ် .. မနက် ၃ နာရီထိုးနေပြီလေ"

"ကိုယ် Hao အိမ်ရှေ့မှာ ... တံခါးဖွင့်ပေးဦး"

"ဟမ်?"

Zhang Hao ချက်ချင်းပင် ကုတင်ပေါ်က ထပြီး အိမ်တံခါးဝကို သွားဖွင့်ကြည့်တော့ Hanbin က ဖုန်းကို လှုပ်ပြရင်း ရယ်ပြနေလေသည် ...

"လာ .."

Zhang Hao အိမ်ထဲကို လာရန်ပြောတော့ Hanbin ဝင်လာရင်းမှ Zhang Hao ပုခုံးပေါ် သူ့ခေါင်းကို မှီချလာလေသည် ..

"Han .. Hanbin.."

"ဒီတိုင်းလေး ခနရှိနေပေး"

"ငါ တံခါးအရင်ပိတ်လိုက်ဦးမယ်လေ"

Hanbin က သက်ပြင်းချကာ Zhang Hao ကို မှီနေရာမှ တံခါးဆီ လှည့်သွားရင်း တံခါးကို သေချာဆွဲပိတ်ကာ လော့ခ်သေချာချပြီးနောက် Zhang Hao ထံ တစ်ဖန်ပြန်လှည့်လာရင်း ခုနကလို ပြန်မှီနေလေသည် ..

"ဘာဖြစ်လို့ အဲ့လောက်တောင် သောက်လာရတာလဲ?"

Hanbin က ပြန်မဖြေပဲ Zhang Hao ပုခုံးကြား ခေါင်းပိုတိုးဝင်ကာ အားပြင်းပြင်းနဲ့ ပုခုံးကို ကိုက်ချလာလေတော့ Zhang Hao နာလွန်းလို့ Hanbin လက်မောင်းကို ဆွဲညှစ်လိုက်မိသည်...

"အ ... ဖြည်းဖြည်းကိုက်လို့"

"စကားများလို့ အပြစ်ပေးတာ ... ကိုယ့်ကို စကားခန‌မပြောနဲ့ဦး"

"ဒါဆိုလဲ နားလိုက်လေ .. လာ .. ဒီမှာ နှစ်ယောက်လုံး ဆက်နေရင် ငါ မတ်တပ်ရပ်ရတာ ညောင်းလို့သေမှာပဲ"

Zhang Hao, Hanbin လက်ကို ဆွဲလာရင်း ကုတင်ပေါ်အရင်ထိုင်ခိုင်းလိုက်ကာ ရေတစ်ခွက်သွားယူရန်အလှည့် Zhang Hao လက်ကို လှမ်းဆွဲလိုက်တာမို့ Hanbin ပေါင်ပေါ် ထိုင်ချမိလျက်သားပင်...

One Of Us (BinHao)Where stories live. Discover now