One Of Us - 2 (Final)

1.5K 191 15
                                    

Jiwoong နဲ့ Zhang Hao ဟာ အရင်ကထပ်ပိုရင်းနှီးလာတာနဲ့အမျှ Zhang Hao ရဲ့ ချစ်စရာကောင်းတဲ့အချက်တော်တော်များများကို Jiwoong တွေ့လာရလေလေပင် ... ဖုန်းနံပါတ်လဲ သိသွားပြိမို့ အစကလို စနေ , တနင်္ဂနွေ မှ မဟုတ်ပဲ ကြားရက်လဲ Jiwoong က ဖုန်းဆက်ခေါ်ကာ မုန့်သွားသွားစားတတ်ကြသည် ...

ထို့အတူ .. Zhang Hao ဟာ Hanbin ဆိုတဲ့ သူ့ငယ်သူငယ်ချင်း‌အပေါ် ဘယ်လိုစိတ်ရှိနေတယ်ဆိုတာကိုပါ တဖြေးဖြေးသိလာရလေသည် ... Zhang Hao ပြောပြတာမဟုတ်သည့်တိုင် Hanbin အကြောင်း သူ့ကို ပြောပြတဲ့အခါတိုင်းမှာ အမြဲပြုံးနေတာမျိုး , ရှက်ကိုးရှက်ကန်းဖြစ်နေတာမျိုး တွေ့ရသည်လေ ..

သို့သော် Jiwoong လက်မလျှော့သေးပါ ... သူများ ရည်းစားလုတာမဟုတ်လို့ စိတ်သက်သာစွာ Zhang Hao ကို လိုက်ရန် ‌ဆုံးဖြတ်ထားပြီးသားပင်....

Zhang Hao ကတော့ အခုချိန်ထိ ရိုးရိုးသားသားနဲ့ သူ့ကို အကိုတစ်ယောက်လိုခင်တွယ်ရှာသည် ..

ဒီနေ့လဲ Zhang Hao ကို တွေ့ချင်သဖြင့် ဉာဏ်ဆင်ကာ စာပို့လိုက်ပြန်သည် ...

*Ting*

"Hao ... ဒီနေ့ အားရင် ကိုယ်တို့တွေ့ကြမလား?"

ဝင်လာတဲ့ Message ကြောင့် Zhang Hao ဟင်းချက်လက်စကို ဘေးချပြီး စာပြန်လိုက်သည် ...

"ကျွန်တော် ဒီနေ့တော့မအားလို့ ... မနက်ဖြန်ရော Hyung အားလား"

"အခြေအနေပြန်ပြောမယ်လေ ... ကြိုမသိတော့ Hyung မပြောပြတတ်ဘူးရယ်"

"ဟုတ် Hyung... အားနာပါတယ်နော်"

"ရပါတယ်ကွာ"

Zhang Hao ဖုန်းကို လက်ကချလိုက်ရင်း မီယောဂု ဟင်းချို အပြင် တခြား Hanbin ကြိုက်တတ်တဲ့ ဟင်းလေးတွေပါ ချက်လိုက်သည် ...

ဒီနေ့က Hanbinnie ရဲ့ မွေးနေ့ ...

ဆိုတော့ Hanbin အိမ်သွားကာ ခါတိုင်းလိုပဲ Hanbin ရယ် hanbin မေမေရယ် zhang hao ရယ် ဖြတ်သန်းမည် ...

ည ၁၂ နာရီ ဆိုတည်းက Hanbin ကို ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းပေးပြီးသားပင် ... Hanbinက မနက်ပိုင်းအိမ်မလာခိုင်းပဲ ညကျတော့မှ သူနဲ့ အတူ အပြင်မှာ မုန့်သွားစားမယ်ပြောပေမယ့် Hanbin မေမေက မနက်ပိုင်းကို သေချာပေါက် ဆက်ဆက်လာဖို့ ခေါ်ထားတာမို့ သေချာပေါက်ကို သွားရမည် ...

One Of Us (BinHao)Where stories live. Discover now