အပိုင်း ( ၁ )

11 1 0
                                    

ကျယ်ပြန့်သောတောနက်ကြီး၏မြက်ရိုင်းများပေါ်သို့ဖြူဖျော့ဖျော့လရောင်ကဖြာကျလျက် ...
သိုသော် ထိုတောနက်ထဲက
နတ်ကွန်းကြီးကိုတော့တောက်ပရွှန်းလဲ့သော
လရောင်သည်တည့်တည့်မတ်မတ်ဖြာကျလျက်...

၎င်း နက်ကွန်း ထဲမှာတော့ ကောင်းကင်ဘုံရဲ့
ပြစ်ဒဏ်ပေးခြင်းကိုခံရတဲ့ ဒဏ္ဍရီလာ
မကောင်းဆိုးဝါးမြွေဖြူရှင်ဟာ
အကျယ်ချုပ်ခံထားရပါတယ်။

"ရှောင်ဖန်ရှီ !!! ရှောင်ဖန်ရှီ !!!"

တောနက်ကြီးထဲတွင်ဟိိုင်ရွမ်း၏အစေခံတို့သည်
မိန်းမပျိုလေး၏နာမည်ကိုအော်ခေါ်ကာ
မိန်းမပျိုလေးကိုတောနက်ထဲတွင်
သည်းကြီးမည်းကြီးလိုက်လံရှာဖွေနေကြသည်။
မိန်းမပျိုလေးရှောင်ဖန်ရှီမှာလည်း ဟိုင်ရွမ်း၏
အစေခံတို့လက်မှလွတ်အောင်ပြေးရင်း
နောက်ဆုံး မြွေဖြူရှင်ရှိသော
နတ်ကွန်းကြီးထဲတွင်မတော်တဆ
ပုန်းမိလိုက်သည်။

အေးစိပ်လှသောညလေအေးသည်ရှောင်ဖန်ရှီ၏
ဆံသားလေးများကြားတိုက်ခတ်သွားလျက်
ငြိမ့်ငြောင်းလှသောပုလွေသံမှာလည်း
သူမနားသို့ဖြတ်သန်းသွားလျက်
ထိုပုလွေသံကြားရာသို့ ရှောင်ဖန်ရှီလှည့်လိုက်ရာ ဟောင်းနွမ်းလှသောသစ်သားကွပ်ပျစ်ပေါ်တွင်
တည်ငြိမ်စွာထိုင်လျက်အဖြူရောင်ဝါးပုလွေကို
မှုတ်နေသောယောကျာ်းတစ်ယောက်ကိုမြင်သွား
သည်။ရှောင်ဖန်ရှီ၏ဝတ်ဆုံပေါ်ရှိ
ရွှေရောင်ခြူသီးတို့၏အသံကိုကြားလိုက်ရသော
ထိုယောကျာ်းသည် ပုလွေတီးမှုတ်နေရာမှ
ရပ်လိုက်ကာ သူ့၏ဆင်းလျားသော
ငွေရောင်ဆံသားများ၏ဖုံးကွယ်မှုအောက်မှ
ပင်လယ်ပြာမျက်ဝန်းတစ်စုံသည်
ရှောင်ဖန်ရှီ ရှိရာကိုဆူးရှစွာကြည့်လိုက်သည်။

"မင်းဘယ်သူလဲ ....."

"ဒီနတ်ကွန်းထဲကိုဘာလာလုပ်တာလဲ ...."

ထိုယောကျာ်း၏အေးစပ်သောလေသံသည်
ရှောင်ဖန်ရှီ၏နှလုံးခုန်နှုန်းတို့ကို့မြန်ဆန်စေကာ
လေသံကိုတိုးလျော့သွားစေရာ

"ကျွန်မ .... ကျွန်မ က ရှောင်ဖန်ရှီ ....."

"ကျွန်မ ..ဒီ ကို..."

Divine Rendezvous Where stories live. Discover now