14. လက်ဆင့်ကမ်းပြိုင်ပွဲ

839 91 1
                                    


ယခု Zhu Zhixin သည် အပြေးကွင်းထဲ အားပေးသောထိုင်ခုံတွေဘေး၌ပင်။ ပြိုင်ပွဲကစတော့မည်ဖြစ်ပြီး Xie Yun လည်းပါဖို့သဘောတူပြီးဖြစ်သည်။ Xie Yun က တာထွက်ဖြစ်ပြီး ဒုတိယနေရာက Wang Yunxi ဖြစ်ပြီး ထိုသူသည်လည်း ကျောင်းသားအဖွဲ့စည်းဝင်တစ်ယောက်ပင်။ သူက He Junlin ကသူ့ကိုပြိုင်မဲ့လူလိုနေတယ်ဆိုပြီး ပြိုင်ပွဲဝင်ဖောင်၌ ထည့်လိုက်သောသူပင်။ တတိယ‌နေရာ၌ Li Xiaofeng ဖြစ်သည်။ ထိုသူက ဘတ်စကတ်ဘောအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Yan Haoxiang က ဝင်ပါခိုင်းထားခြင်းပင်။ စတုတ္ထနေရာမှာက Liu Yaowen ပင်။နောက်ဆုံးတွင် Yan Haoxiang ဖြစ်တယ်။ ပြိုင်ပွဲဝင်တဲ့ စုစုပေါင်း ၅ တန်းလုံးတစ်ခါတည်းပြိုင်မှာဖြစ်ပြီး Su Hanyi ၏ပြောပြချက်အရ အဓိကပြိုင်ဖက်က အထက်တန်း ဒုတိယနှစ် တွဲ အခန်း ၄ ကပင်။ ထိုအတန်းက လူအကုန်လုံးကသေချာလေ့ကျင့်ထားပြီး သူတို့က မနှစ်က ပထမရခဲ့တဲ့အဖွဲ့ပင်။ ပြိုင်ပွဲစပြီဖြစ်သည်။ ပထမ Xie Yun က ဦးဆောင်နေသည်။ Wang Yunxi အလှည့်ရောက်သောအခါ Wang Yunxi သိပ်မပြေးနိုင်ချေ။ တစ်ခြားတန်းတွေက တတိယလူရောက်နေပြီဖြစ်သည်။ သူ Li Xiaofeng ကိုလက်ဆင့်ကမ်းချိန်၌ လေးရောက်မြောက် တတိယနေရာကိုလက်ဆင့်ကမ်းသူဖြစ်သည်။ Li Xiaofeng သည်လည်းအတော်လေးမြန်ပါသည်။ တစ်ယောက်ကိုကျော်ပြီး တတိယအနေနဲ့ စတုတ္ထလူကိုလက်ဆင့်ကမ်းခဲ့သည်။ Liu Yaowen သည်နှစ်ယောက်ကိုကိုကျော်သွားပြီး လက်ဆင့်ကမ်းလိုက်သည် ။အထက်တန်း ဒုတိယနှစ်ကတစ်ယောက်နှင့် ပြိုင်တူဖြစ်နေပြီဖြစ်သည်။ နောက်ဆုံးသူရောက်လာသည်နှင့်အမျှ အားပေးသံမှာ ပို၍ပင်ကျယ်လာတော့သည်။ Liu Yaowen က Yan Haoxiang ကို လက်ဆင့်ကမ်းလိုက်သည့်အချိန်ကဆို မိန်းကလေးတေွရဲ့ အော်သံတွေက သူတို့လည်ချောင်းကိုတောင် စိုးရိမ်ရသည်။မိန်းက‌ေလး‌ေတွ၏ စကားကိုမထင်မတ်ဘဲကြားလိုက်ရသောအခါ အံ့ဩလို့ မေးရိုးတောင်ကျသွားနိုင်သည်။ထိုမိန်းကလေးတွေကYan Haoxiang နဲ့ Liu Yaowen ကို တွဲပေးနေကြတာပင်။သူတို့ပြောနေကြသည်မှာ သူတို့နှစ်ယောက် လုံးဝကို ရာခိုင်နှုန်းအပြည့် လိုက်ဖက်သည့်အတွဲဖြစ်ကြောင်း ပြောဆိုနေတာကြသည်။ မိန်းကလေးတစ်ယောက်ကမ၍ တစ်ခြားသူတွေကို 'Xie တစ်ယောက်ရဲ့ အတွဲကလည်းကောင်းတယ်နော်' တဲ့။နောက်တစ်ယောက်ကချက်ချင်းသဘောတူလေသည်။ကျန်တစ်ယောက်က မသိတဲ့ပုံပင်။မေးရာ ထိုမိန်းကလေးနှစ်ယောက်က စိတ်အားထက်တန်စွာနှင့် စပြောကြလေသည်။သူတို့ပြောမှုအရ မကြာခင်ကနာမည်ကြီးနေတဲ့ကျောင်းသားတစ်ယောက်နဲ့ Xie မျိုးရိုးလူတစ်ယောက်တဲ့ပင်။သူတို့ပြော‌ေနတဲ့ အကြောင်းတွေရင်းနှီးသလိုထင်ပေမဲ့ ဘယ်နားကမှာနေမှန်းမသိချေ။ ထိုသို့ထင်သည်သည်မှာမကြာမိန်းကလေးတစ်ယောက်က ပြောသည့် သူအခုဒီပြိုင်ပွဲပါတာတောင် အဲ့ကျောင်းပြောင်းလာတဲ့တစ်ယောက်ကြောင့် ဆိုတာကိုကြားသည်အထိပင်။သူတို့ပြော‌ေနတဲ့လူနှစ်ယောက်ကို Zhu Zhixin သိလိုက်သလိုပင်။သူသည်မကြာ‌ေသးခင်ကပင် Xu Xixi ကိစ္စကြောင့်လူသိများခဲ့သော ကျောင်းပြောင်းလာသည့်ကျောင်းသားသစ်ပင်။အခုပြိုင်ပွဲဝင်တွေမှာ Xie မျိုးရိုးရှိသည့်သူမှာ တစ်ယောက်ထဲရှိသည်။ ထိုသူမှာ Xie Yun ပင်။ထိုကောင်မလေးကဆက်ပြောသည်မှာ သူ၏ဒီသတင်းကသေချာကြောင်းနှင့် Xie မျိုးရိုးနဲ့တစ်ယောက်က ကျောင်းသားသစ်ကို ပြုံး၍စကားပြောနေတဲ့ပုံရှိသေးသည်တဲ့ပင်။သူတို့မှာ တွဲပေးရတာတော်တော်ပျော်နေတဲ့ပုံပင်။ထို့နောက်တွင် ကျယ်လှသောအော်သံနှင့် 'နိုင်ပြီ' ဆိုသညိ့အသံကိုကြားလိုက်ရသည်။ Zhu Zhixin လှမ်းကြည့်လိုက်သောအခါ ပန်းတိုင်၌ Yan Haoxiang ကော အထက်တန်း ဒုတိယနှစ် အတန်း‌ေလးကလူလည်းရှိ‌ေနသည်။ မည်သူနိုင်သွားလဲဟုစဉ်းစားချိန်တွင် Liu Yaowen က Yan Haoxiang နှင့် လက်ချင်းရိုက်လိုက်သည်ကိုတွေ့ရသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် နိုင်သွားသည့်ပုံပင်။ ထိုမိန်းကလေးတွေက ပျော်ရွှင်စွာနှင့် Yan Haoxiang နဲ့ Liu Yaowen ဆက်တွဲပေးနေကြသည်။ Zhu Zhixin လည်းနားနေသည့်ဘက်ကို ပြန်သွားလိုက်သည်။ ပထမက ထိုနေရာကလူများလို့ဘေး၌ ပြိုင်ပွဲအေးဆေးကြည့်ချင်ရုံ ယခုပြိုင်ပွဲတောင်မကြည့်လိုက်ရချေ။ Zhu Zhixin သည် Xie Yun အား ရေဘူးနှင့် သပတ်ပေးရန်ပြင်လိုက်သည်။ သို့သော် ခုဏက မိန်းကလေးတွေပြောတဲ့ စကားကိုပြန်ကြားယောင်ရင်း သွားနေရာမှရပ်သွားသည်။ ထိုအချိန်တွင်လက်တစ်စုံက သူ့လက်ထဲကရေဘူးနှင့် သပတ်အားယူလိုက်သည်။ Zhu Zhixin ကရုတ်တရတ် လက်ထဲကပစ္စည်းယူခံလိုက်ရသော်ကြောင့် ထိုသူကို လှမ်းကြည့်လိုက်သည်။ ထိုသူမှာ Liu Yaowen ဖြစ်ပြီး ရေ သောက်တောင်သောက်နေပြီဖြစ်သည်။ Liu Yaowen မှာ ကြည့်ခံလို့လားမသိ Zhu Zhixin ကိုပြန်ကြည့်လာသည်။ နှစ်ယောက်သား မထင်မှတ်ဘဲ မျက်လုံးချင်းဆုံသွားလေသည်။ နှစ်ယောက်သား ဆယ်စက္ကန့်မျှအကြည့်ဆုံနေကြပြီး Liu Yaowen ကအရင်အကြည့်လွဲကာ သူ့ထက်ခေါင်းတစ်လုံးနိမ့်သည့် Zhu Zhixin နှင့်အညီဖြစ်အောင် အနည်းငယ်ခေါင်းငုတ်ကာ
"ကျေးဇူးပဲ Zhu Zhixin"
လို့ပြောသွားလေသည်။
Zhu Zhixin စိတ်ထင်လားမသိပါ။ ထိုသူ၏မျက်ဝန်းမှာ နူးညံ့မှုနှင့် အလိုထိုက်မှုပါနေသလိုခံစားလိုက်ရသည်။ ထိုအကြည့်နှင့် စိတ်ရှည်မှုအပြည့်နှင့် အသံ ပေါင်းလိုက်သောအခါ Zhu Zhixin မှာသူ့ကိုယ်သူ မြူဆွယ်ခံလိုက်သလို ခံစားလိုက်ရသည်။ Xie Yun သည် Zhu Zhixin နားရောက်လာပြီး
"Liu Yaowen နဲ့ တကယ်ရင်းနှီးတာလား"
Zhu Zhixin သည် Xie Yun အားကြည့်လိုက်ပြီး ဘေးနားရှိရေဘူးအသစ်ကိုယူပေးလိုက်ပြီး
"ဘာလို့ အဲ့လိုမေးတာလဲ"
"Liu Yaowen က မင်းအကြောင်းတော်တော်လေးကိုသိတဲ့ပုံပေါ်နေတယ်"
"???"
"ငါမေးတာမဖြေရသေးဘူး"
"မရင်းနှီးပါဘူး"
ဖြေပြီးနောက်တွင် Xie Yun မှာတစ်ခုခု စဉ်းစားနေတဲ့ပုံပင်။ လက်ဆင့်ကမ်းပြိုင်ပွဲမှာပြိုင်ပွဲပြီးပြီဖြစ်ပြီး နောက်ပြိုင်ပွဲဆက်ကျင်းပမည်ဖြစ်သည်။ Zhu Zhixin သည်ပြိုင်ပွဲဆက်ကြည့်ရန်ဆုံးဖြတ်လိုက်ပြီး Xie Yun ကောကြည့်မလားဟု‌ေမးသောအခါ သူက 'လုပ်စရာရှိလို့ အရင်ပြန်လိုက်ဦးမယ်' တဲ့ပင်။ Xie Yun ကမသွားခင်မှာ
"Zhixin မနက်ဖြန်နေ့လည်ကျရင် ငါပြိုင်မှာရှိတယ် အဲ့ကျရင်လာခဲ့ဦး"
"အင်း ဒါနဲ့ မင်းဘာပြိုင်မှာလဲ"
"အမြင့်ခုန်"
ထို့နောက်တွင် Xie Yun က တစ်ခါတည်း ကွင်းမှ အဝတ်လဲခန်းသွားသည်။ Zhu Zhixin က ပရိတ်သတ်အား‌ေပးတဲ့နေရာသို့သွားသည်။ ကွင်းထဲ၌ လက်ဆင့်ပြိုင်ပွဲကလူတွေရှိနေဆဲဖြစ်ပြီး သူတို့အတန်းကဆို စကားပြောနေကြသည်။ Zhu Zhixin ပြန်တတ်တော့မည်ကို တွေ့သောအခါ He Junlin က
"Azhi Xie Yun ကော"
"သူပြန်တော့မယ်ပြောတယ်"
"အော် ငါတိုညနေ အကင်သွားစားကြမှာ လိုက်ခဲ့မလား"
"အာ"
Zhu Zhixin ငြင်းချင်သည့် အချိန်၌ပင် Li Xiaofeng က စိတ်အထက်သန်စွာနှင့်
"လိုက်ခဲ့လေ။ ဒီညက ငါတို့အတန်းတွက်အကြိုဂုဏ်ပြုမှာကို အတန်းသားအနေနဲ့လိုက်ကိုလိုက်ရမယ်"
"အကြိုဂုဏ်ပြုမှာ"
"အင်းလေ ငါတို့အတန်းကဒီနေ့ ပြိုင်ပွဲတိုင်းမှာ ပထမပဲ။နှစ်ပွဲပဲ ဒုတိယရတာ။ မနက်ဖြန် နှစ်ပွဲ ပထမရရင် ဒီနှစ် ငါတို့အတန်းက ပထမပဲ"
"သေချာလိုက်တာ"
"သေချာလိုက်တာပေါ့။ မနက်ဖြန် ငါတို့အတန်းပြိုင်မှာနှစ်ပွဲပဲရှိတယ်။ ပြီးတော့အဲ့နှစ်ပွဲလုံးနိုင်ကိုနိုင်မှာ "
Li Xiaofeng ပြောနေတုန်း He Junlin က ဝင်ပြီးသတိပေးလေသည်။
"မပြိုင်ရသေးတာ အရမ်းပြောမနေနဲ့"
"အင်းပါ အင်းပါ ဒါနဲ့ မင်းလိုက်မှာမလား ဟုတ်တယ်နော် ဒါဆိုဒီတိုင်းသတ်မှတ်လိုက်ပြီ"
Zhu Zhixin ခဗျာ ငြင်းဖို့ အခွင့်ရေးတောင်မရလိုက်ချေ။ ပြိုင်ပွဲတွေကျန်သေးသောကြောင့် ညနေကျမှသွားကြမည် ဖြစ်ကြောင်း He Junlin ကပြောသည်။ ထိုသို့နှင့် Zhu Zhixin မှာ အတန်းသားတွေနဲ့အတူ ညနေစာသွားစားဖို့ဖြစ်ခဲ့သည်။

အကျင့်မကောင်းသော gong ကိုဝေးဝေးက‌ရှောင်ရမည်။Nơi câu chuyện tồn tại. Hãy khám phá bây giờ