[Unicode]
Dayရဲ့ညီလေးဖြစ်တဲ့Nightဟာ privateကျူရှင်ယူဖို့အတွက် သူ့သူငယ်ချင်းဖြစ်တဲ့ Gusဆိုတဲ့ကောင်လေးရဲ့အိမ်မှာ သွားနေခဲ့ပါတယ်။ အဲ့ဒီအိမ်မှာနေနေတဲ့အတောအတွင်း သူ့သူငယ်ချင်းရဲ့အစ်ကိုဖြစ်တဲ့Gearဟာ သူ့အပေါ်မှာအခွင့်ကောင်းယူခဲ့တယ်။ Gearက Nightကို သူ့အပေါ်ချစ်လာအောင်လှည့်စားတာတင်မဟုတ်ပဲ Nightကို rapeနေတဲ့Videoကိုပါ recordယူထားခဲ့ပါသေးတယ်။ဒါတွေအားလုံးဟာ သူ့သူငယ်ချင်းဖြစ်တဲ့ Brick(Itt)နဲ့ အလောင်းအစားလုပ်ထားတာဖြစ်ပြီး ဒီအစီအစဉ်အားလုံးရဲ့နောက်ကွယ်မှာ Brickကပဲ ကြံစည်ခဲ့တာပါ။ Brickက Gearရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး သူကပဲ အရာအားလုံးကို recordယူပြီး Nightကိုလှည့်စားဖို့ကူညီခဲ့သေးတယ်။
အကယ်၍ Nightရဲ့သူငယ်ချင်းကသာ ဝင်မလာခဲ့ရင် သူက ရိုက်နှက်ခံနေရပြီး နှောက်ယှက်ခံရတာဖြစ်ဖြစ် ငွေညှစ်ခံရတာဖြစ်ဖြစ် ခံနေရလောက်ပြီ။ အဲ့ဒီအတွက် Nightဟာ တအားရှက်သွားပြီး သူ့အစ်ကိုဖြစ်တဲ့Dayကို လာခေါ်ခိုင်းခဲ့ပြီး ဖြစ်သမျှအရာအားလုံးကို ပြောပြခဲ့ပါတယ်။ ဒီအရာအားလုံးကို Dayကြားတဲ့အခါမှာတော့ ကလဲ့စားချေဖို့အတွက် အစီအစဉ်စဆွဲခဲ့ပါတော့တယ်။
"မင်းငါ့ကို ဘယ်နှခါရှုံးနေဦးမှာလဲ။ အဲ့ဒါနဲ့များ အခုထိ မင်းကိုယ်မင်း Topလို့ထင်နေသေးတာလား"
လက်ထဲမှာ ဆေးလိပ်တိုကိုကိုင်ထားရင်း ဝရန်တာတံခါးကိုမှီထားတဲ့Dayက ပြောလိုက်သည်။Brickက အိပ်ယာပေါ်မှာ လှဲနေရင်း...
"ချီးပဲ! မင်းငါ့ကိုဘာအတွက်ခေါ်ထားတာလဲ။ မင်းပဲငါ့ကို အိပ်ယာထဲကနေတောင်မထနိုင်တဲ့အထိ အခွင့်ကောင်းယူနေတာလေ။ မင်း စောင့်ကြည့်နေလိုက်!"
*************Seriesကြည့်ရင်းနဲ့ အရှေ့ကဇာတ်ကြောင်းတွေကိုပါသိချင်လာလို့ E-transဖတ်ရင်း မြန်မာဘာသာပြန်မိသွားပါပြီ။ ထိုင်းကနေ အင်္ဂလိပ်၊ အင်္ဂလိပ်ကနေ မြန်မာဆိုတော့ ဘာသာစကားကွဲလွဲတာလေးတွေရှိနေတာမို့လို့ ဖတ်လို့အဆင်ပြေအောင် အတတ်နိုင်ဆုံးဘာသာပြန်ပေးပါမယ်။ ဒါက Fan Translationပဲဖြစ် Unofficialပါ။ Updateကတော့ အားရင်အားသလိုပါ။ အခုတလော သိပ်မအားပေမယ့် နောက်ဆယ်ရက်လောက်နေရင် ပြန်အားတော့မှာမို့လို့ အကြိုတင်ပေးလိုက်ပါတယ်။
YOU ARE READING
Love Syndrome: Book 1 [Myanmar Translation]
Aktuelle LiteraturFully credit to original author, Yeonim. This is an unofficial fan translation and I don't own this Novel. This novel is only for adults and read at your own risk.