ပူပြင်းလှသောနွေရာသီဖြစ်သော်ငြားလည်း သင်္ကြန်မိုးတို့ဖြိုင်ဖြိုင်သွန်းမှုကြောင့် ရာသီဥတုသည် အေးစိမ့်စိမ့်ဖြစ်နေလေသည်။ဖြေးညှင်းစွာတိုက်ခတ်နေသော လေပြေ၊လေညှင်းလေးများကလည်း ၁၉၅၈ ခုနှစ် RANGOONမြို့၏ လှပသောညနေပိုင်းကိုပုံဖော်နေပြန်သည်။
ထိုစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲတွင်တည်ရှိသော လူမိုက်ပေါက်စများနေထိုင်ကြပါသည်ဟုနာမည်ကျော်ကြားလှသော ဒူးယားဆောင် တွင်ကျောင်းသားတစ်စုသည်တစ်စုံတစ်ရာအားအကြိတ်အနယ်ဆွေးနွှေးနေကြလေသည်။
"ဟေ့ကောင် ထိုက်တန်ခူးနွေ"
"..."
စာအုပ်တစ်အုပ်အားစိတ်ဝင်တစားဖတ်ရှုနေသော "ထိုက်တန်ခူးနွေ" ဆိုသူသည်သူငယ်ချင်းများ၏ခေါ်သံအားလျစ်လျူရှု၍သာနေလေသည်။ဤသည်မှာသူ၏အကျင့်ပင်။
"ဟာ...ဟိတ်ကောင်"
"အချစ်ဆိုတာဘာလဲ"
ထိုမေးခွန်းကြောင့်အနားရှိသမျှလူအကုန်လုံးကြောင်အသွားလေတော့သည်။စာသင်ကျောင်းနဲ့အဆောင်ကိုအိမ်ရှေ့အိမ်နောက်သွားသလိုသွားလာနေပြီးအပြင်သိပ်မထွက်တဲ့ကောင်ကဘာလို့များသည်လိုမေးခွန်းမျိုးကိုမေးလာရပါသလဲ။
"အချစ်ဆိုတာ..."
"..."
အနာဂတ်ရဲ့စာပေပညာရှင်လေး နွေဦးကဗျာ ပြောလာမည့်စကားသံအားနားစွင့်နေကြလေသည်။ဒီကောင်တစ်ခါတစ်လေပြောလိုက်သည့်စကားများဆိုမျက်ရည်တောင်ဝဲမတတ်ပင်။လူငယ်သဘာဝခံစားလွယ်သည့်နှလုံးသားနုနုကိုကျည်ဆန်ဖောက်ထွင်းအောင်ပြောနိုင်သည်ဟုပြောလျှင်ပိုမှန်လိမ့်မည်ထင်သည်။
"အချစ်ဆိုတာပျော်နေရင်းမှာပဲနာကျင်ရတယ် ချစ်နေတုန်းမှာပဲသံယောဇဉ်တွေခိုင်မြဲနေစဲကာလမှာပဲအချစ်ကနေအမုန်းဘက်ကိုကူးပြောင်းတတ်တယ် ချစ်စိတ်တွေတစ်ရိပ်ရိပ်တိုးနေတုန်းမှာပဲအေးစက်သွားတတ်ကြတယ် အမုန်းကနေတစ်ဆင့်အချစ်တွေပေါက်ဖွားတတ်သလိုအချစ်ကနေတစ်ဆင့်အတ္တတွေ အမုန်းတွေ မာနချင်းယှဉ်ပြိုင်ချင်းတွေဘက်ကိုကူးပြောင်းသွားတတ်ကြပြန်တယ်"
YOU ARE READING
ပိတောက်ပန်းတစ်ပွင့်၏ လက်ခတ်သံ
Romansaစာရေးသူ၏စိတ်ကူးသက်သက်ဖြင့်သာရေးသားထားခြင်းဖြစ်ပါသည်။ ချည်နှောင် Artist - M.T_Art