"ခွပ်.ခွပ်.ခွပ်"
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်၍ထိုးခံနေရသောကြောင့် ရှေ့ဍ် တည်ရှိနေသောလူမှာ သွေးများမြင်မကောင်းအောင်ကျဆင်းနေတော့သည်။"အား..တောင်းပန်..တောင်းပန်ပါတယ် ကျွန်တော်ကိုမသတ်ပါနဲ့ ကျွန်တော် မလွှဲသာလို့လုပ်ခဲ့ရတာပါ ကျွန်တော်မရည်ရွယ်.."
"ဒိုင်း"
ကျယ်လောင်သောသေနတ်ပစ်သံတစ်ချက်ထွက်ပေါ်လာခဲ့ပြီးနောက် အရာအာလုံးတိတ်ဆိတ်သွားခဲ့ပြီ။
သူသည် သစ္စာဖောက်သော ဘယ်အဖွဲ့သားကိုမဆို ဖြေရှင်းချက်မပေးခိုင်ပဲ သေလမ်းကိုသာ တစ်ခါထဲ ပို့ဆောင်၏။
ထိုအခြင်းအရာ၏နောက်ဍ် ဆွဲဆောင်မှုရှိသေ အသံခပ်သြသြကိုပိုင်ဆိုင်ထားသည့်သူ၏ စကားသံတစ်ချို့ထွက်ပေါ်လာသည်။
"မင်းခ ဒီအလောင်းကိုနောက်ဆယ်မိနစ်နေရင် ဒီနေရာမှာရှိနေတာ ငါမမြင်ချင်ဘူး""ဟုတ်ကဲ့ပါ Boss ကျွန်တော်ဆောင်ရွက်လိုက်ပါ့မယ်"
ခနအတွင်းမှာပဲ တစ်လှမ်းချင်းနှင့် အားကာပါနင်း၍သွားနေသော လူတစ်ယောက်၏ ခြေသံကိုကြားရတော့သည်။
ထိုသူသည် ခြံ၏အပြင်သို့ရောက်ရောက်ချင်းမှာပင်
BMW ပြိုင်ကားတစ်စီးသည်လည်းထိုလူ၏ရှေ့သို့ရောက်နှင့်နေပြီဖြစ်၏။"Boss ကျွန်တော်ဘယ်ကိုမောင်းရမလဲဗျ"
"တော်ဝင်မြိုင်ကိုပဲ မောင်းပါအခုနားနေပြီမို့ စကားသံတွေထပ်မကြားချင်တော့ဘူး"
သူသည် ဖုန်းcontant တစ်ခုကိုနှိပ်၍ သူလာမည်ဖြစ်ကြောင်း အဖွားအားအကြောင်းကြားလိုက်သည်။
ထို့နောက် ကားခုံ၏နောက်သို့ ခေါင်းထား၍စူးရှပြတ်သားသော သူ့၏ မျက်လုံးများကိုမှိတ်ထားလိုက်သည်။
သူဟုတင်စားခေါ်ဝေါ်ထားသူ၏အမည်မှာ "ဘုန်းဒီလွန်းမောင် "သာဖြစ်၏။
ငယ်ငယ်ကတည်းက ဘဝကိုအဖေဖြစ်သူ ဦးဘုန်းတေဇနဲ့သာကြီးပြင်းခဲ့ရသူဖြစ်၍အဖေဖြစ်သူ၏ ပုံသွင်းမှုအတိုင်းသာကြီးပြင်းခဲ့ရသည်။အမေဖြစ်သူမှာ နှလုံးရောဂါ အားခံစားနေရသူဖြစ်၍ သူ့ကိုမွေးပြီးနောက် အသက်ဆုံးပါးသွားခဲ့သည်ဟု အဘွား၏ ပြောသံကြားဖူးသည်။အဖေသည်လည်းအနေတည်သူဖြစ်၍ လုပ်ငန်းပေါ်မှာသာ စိတ်အာရုုံသာရှိ၏။သူ့၏ငယ်ဘဝတွင်လည်းအဖေဖြစ်သူမှာလိုလေးသေးမရှိအောင်ထား၏။သူ့အသက်၁၈နှစ်တွင်ဖခင်၏လုပ်ငန်းသုံးပုံတစ်ပုံကိုစတင်လေ့လာခဲ့တာ ယခုဆို အဖေ၏ တရားဝင်လုပ်ငန်း အပြင် မှောင်ခိုလုပ်ငန်းများကိုပါ ယခုသူ့လုပ်ကိုင်နေပြီဖြစ်သည်။သူ့တွင်အဖေဘက်ကပါသော အဘွားသာခင်တွယ်စရာရှိ၏။ယခုတွင်လည်း စိတ်ရှုပ်စရာများရှိ၍ အဘွားစီကိုသွား၍ အပန်းဖြေခြင်းဖြစ်၏။ အဘွားသည် ကြင်နာတတ်သော စိတ်ရှိရန် ဆုံးမသော်လည်း သူသည် ကြင်နာခြင်းစသော နူးနူးညံ့ညံ အကြောင်းအရာများကိုစိတ်မဝင်စားပါ......
သို့သော်လည်း သူ့ပိုင်ဆိုင်လိုသော်ပန်းလေးကိုမတွေ့ခင်အချိန်အထိသာ။
Name- ဘုန်းဒီလွန်းမောင်
age-28
work-bussiness man
YOU ARE READING
Wanting to own love (ongoing)
Fantasyစိတ်ကူးယဥ်စာပေဖြစ်၍..အမှားများစွာပါနိုင်၏။ sweetကြည့်သတ်သတ်သွားမှာမဟုတ်လို့ အဆင်ပြေမှဖတ်ပါရှင့်