*Unicode*
အော်ပရေးရှင်း(Operation)ခန်းရဲ့ တံခါးဖွင့်သံနဲ့အတူ သွေးညှီနံ့တို့ကင်းစင်သည့်အပြင်လေကို တဝကြီးရှူရှိုက်ရန် မျက်နှာမှာဖုံးအုပ်ထားသည့်maskမှကြိုးကို ဖြည်ချလိုက်မိသည်။
"ဆရာ...ကျေးဇူးတင်ပါတယ်ဗျာ..၊ ဟိုးအစကနေခုထိ ဆရာ့ရဲ့ဂရုစိုက်ပေးမှုနဲ့ခုလိုအဆင်ပြေသွားတာ"
ခွဲခန်းရှေ့ရှိ ထိုင်ခုံများမှာထိုင်နေသည့်လူနာရှင်များထဲမှ စေသာနဲ့မတိမ်းမယိမ်းအရွယ်ရှိမည့် တရုတ်စပ်မျက်နှာနဲ့အမျိုးသားကဆိုလာလေသည်။
"ရပါတယ်ဗျာ...ဒါတွေက ကျွန်တော့်ဘက်ကလုပ်ပေးရမှာတွေပါ...ကျွန်တော့်ကိုသွားခွင့်ပြုပါဦးဗျာ...၊သူနာပြုတွေကသန့်ရှင်းရေးလုပ်နေတုန်းမို့ပါ...ခဏနေ အခန်းထဲကိုရွှေ့ပေးပါလိမ့်မယ်နော်"
"ဟုတ်ကဲ့ပါဗျာ..."
၅နာရီနီးပါးမတ်တပ်ရပ်နေခဲ့ရတာမို့ စေသာ ခုချက်ချင်းပင် အိပ်ယာပေါ်သို့ပစ်လှဲချင်နေမိလေသည်။ ထို့ကြောင့် အိမ်ထိပြန်ဖို့မတွေးတော့ဘဲ ဆေးရုံကနားနေခန်းမှာပဲ ဒီတစ်ညကုန်ဆုံးဖို့တွေးလိုက်သည်။
"ဟာ...စေသာ...စေသာရေ"
ပြင်ပလူနာဌာနနားမှ ဖြတ်အလျှောက်တွင် စေသာ့နာမည်ခေါ်သံကိုကြားလိုက်ရသည်။
"အေး...စည်သူ"
"ငါ့ကိုတစ်ချက်လောက်ကူပါဦးကွာ...အနာချုပ်ရမှာမို့ကွ...တစ်ခြားလက်ထောက်တွေလည်းမရှိဘူး၊ဒီဆရာမလေးကလည်း ခုမှသင်တန်းဆင်းထားပုံပဲကွ...အဆင်မပြေလို့"
လူနာကုတင်ရဲ့တစ်ဖက်မှာ လူနာကိုတစောင်းလှဲအိပ်စေပြီး ဒဏ်ရာကိုကြည့်နေရင်း စည်သူက အကူအညီတောင်းလာလေသည်။ နည်းနည်းလေးတောင်လှုပ်ဖို့အားမရှိသော်ညား အမှန်တကယ်အကူအညီလိုနေသောသူငယ်ချင်းအားကူပေးရန် ကုတင်နားသို့သွားလိုက်လေသည်။
ည၁နာရီဆိုတဲ့အချိန်က နည်းတော့တဲ့အချိန်မဟုတ်ပေ။ သူနာပြုများ၊ဆရာဝန်များ ခေတ္တခဏမှိန်းကြမှေးကြမို့ ဒီအချိန်လူပြတ်တာသိပ်တော့မဆန်း။ ဘေးနားရပ်နေတဲ့ သူနာပြုလေးကအယောင်ယောင်အမှားမှားဖြစ်နေလေသည်။ ထို့ကြောင့်လည်းစည်သူအကူအညီတောင်းတာဖြစ်လိမ့်မည်။
YOU ARE READING