ချမ်းသာတဲ့ သူတွေသာ စီးနင်းနိုင်သည့် အပျော်စီးသင်္ဘောကြီးဟာ ပင်လယ်ပြင်ကြီးဆီသို့မောင်းနှင်လေသည်။ထိုသင်္ဘောထဲမှာ ပါဝင်နေသည့် ဂျွန်ဂျောင်ဂုဆိုတဲ့သူက ထိုသင်္ဘောကြီးကို ပ်ိုင်ဆိုင်သူဖြစ်သည်။
"သူဌေးဂျွန် နေ့လည်စာစားချိန်ရောက်ပါပြီ"
"ကျန်တဲ့ သူဌေးတွေကိုလည်း တစ်ခါထဲ ထမင်းလက်စုံစားဖို့ခေါ်လိုက်"
"ပြင်ဆင်လိုက်ပါမယ် သူဌေးဂျွန်"
ခေါင်းညှိတ်ပြလိုက်တော့ အတွင်းရေးမှူးမလေးက ထွက်သွားသည်။ဂျောင်ဂုရဲ့ အကြည့်များက လှမ်းမြင်နေရတဲ့ ကျွန်းလှလှလေးဆီသို့။
ဇွန်း၊ခရင်းအသံများနဲ့ ဆူညံနေသည့် နေ့လည်စာထမင်းဝိုင်းက ဆူဆူညံညံ။တစ်ခါတစ်လေ ပင်လယ်လှိုင်းရဲ့ လှုပ်ခတ်မှုကြောင့် ခွက်တွေက တရိမ်းတယိုင်။
သင်္ဘောထဲမှာ စုစုပေါင်းလူဦးရေ အယောက်၃၀ လောက်ရှိပြီး ချမ်းသာတဲ့သူတွေက ၂၀ယောက်လောက်ရှိသည်။ ကျန်တဲ့ ၁၀ယောက်လောက်ခန့်က အလုပ်သမားတွေသာဖြစ်သည်။
လှိုင်းကြမ်းကြမ်း လှုပ်ခတ်မှုကြောင့် ထမင်းသယ်လာသည့် စားပွဲထိုးလေးက လဲကျသွားသလိုဖြစ်ပြီး သူဌေးလေးဂျောင်ဂုရဲ့ ခန္ဓာကိုယ်ပေါ် ထမင်းတွေမှောက်ကျကုန်တော့သည်။
"အား...သူဌေးလေးတောင်းပန်ပါတယ်"
"တောက်! ပေကုန်ပြီ"
"တောင်း...တောင်းပန်ပါတယ်"
"အတွင်းရေးမှူး"
"ပြောပါ သူဌေးဂျွန်"
"ကမ်းစပ်ကိုရောက်ရင် သူ့ကိုအလုပ်ထုတ်လိုက်"
ထိုအခါမှ စားပွဲထိုးကောင်လေးရဲ့ မျက်လုံးများက ပြူးကျယ်လာပြီး
" တောင်းပန်ပါတယ် ကျွန်တော်ကိုအလုပ်မထုတ်ပါနဲ့"
"နာမည်ဘယ်လိုခေါ်လဲ"
"ထယ်ယောင်းပါ"
"မှတ်ထားလိုက်အတွင်းရေးမှူး ကမ်းစပ်ကိုရောက်ရင် အလုပ်ထုတ်လိုက်တော့"
ထယ်ယောင်း သေသာသေလိုက်ချင်သည်။ဒီအလုပ်လောက် ကောင်းတဲ့အလုပ်မရှိလို့ ဒီမှာအလုပ်လုပ်တာ ကံကောင်းတယ်လို့တွေးထားပေမယ့် အခုတော့ အလုပ်ထွက်ရတော့မည်။