Part 5💚

52 3 0
                                    

ကားမှတ်တိုင်ကို ရောက်သည့်အခါ မှောင်ရီသရော အချိန်ရောက်နေလေပြီ။ ရက်စွဲ နှစ်သစ် မမြင်ရလောက်မည့်နေရာ ခပ်လှမ်းလှမ်းတွင် ရပ်ရင်း ဘယ်လိုင်းကားနံပါတ်ပေါ်တက်မလဲ ဟုကြည့်နေသည်။ ကားနှစ်စီးမြောက်တွင် နှစ်သစ် နှင့်အတူ အလုပ်သမား တစ်ဝက်လောက်က လိုင်းကားပေါ်တက်သွားကြ၏။

ရက်စွဲ လည်း လိုက်တက်ရန် ပြင်ပြီးမှ ကားထဲက ကျပ်ညက်သပ်နေသည့် လူအုပ်ကို မြင်လိုက်ရသည့်အခါ ပြန်ဆင်းချင်စိတ်ပေါက်သွားရသည်။ ကားတံခါးလည်းပိတ်သွားသည်မို့ တိုးကြပ်နေသည့် လူအုပ်ကြားသာ အတင်းတိုးဝင်လိုက်သည်။

ဘဝငရဲကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။ ရွှေဇွန်းကိုက်၍ မွေးဖွားလာသူမို့၊ ဤကဲ့သို့ လူတိုးကာ လိုင်းကားမစီးဖူးသလို၊ ဤမျှ ကြပ်ပိတ်နေသည့် လူအုပ်ကြားထဲလဲ မရောက်ဖူးပေ။ အသက်ရှူကြပ်ကာ လူကသေတော့မလို ခံစားနေရသည်။ မှတ်တိုင်တစ်ခုရောက်သည့်အခါ လူတော်တော်များများဆင်းသွားကြပြီး အနေချောင်သွားသည်။

ရက်စွဲ လဲထိုအခါမှ အသက်ရှူ၍ ရသွားသလို၊ ဘေးပတ်လည်အား ကြည့်ပြီး နှစ်သစ် အား ရှာလိုက်တော့ မတွေ့။ ထိထိတ်ပြာပြာဖြင့် ကားမှန်နောက်မှသွားကြည့်သည့်အခါ စောနက မှတ်တိုင်မှာတင် နှစ်သစ် ဆင်းသွားပြီဖြစ်သည်။ အဆင်းတံခါးအား တဒုံးဒုံးထုကာ အော်လိုက်သည်။

"ကားဆရာ ကျုပ်ကိုတံခါးဖွင့်ပေး။''

ကားဆရာ က မရပ်ပေးသလို ဖွင့်လည်းမပေးပေ။ ရက်စွဲ အနည်းငယ်သောင်းကျန်းကာ တံခါးအား ဆောင့်ကန် ထုရိုင်တော့မှ ဖွင့်ပေးလိုက်သည်။ ရက်စွဲ ကားဆရာ ဆဲဆိုနေသည်အား ဂရုမစိုက်အားတော့ဘဲ နောက်ပြန်ပြေးရတော့သည်။

ထိုနေရာကား ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်ပြီး အိမ်လေးများမှာလည်း ဖရိုဖရဲ၊ တစ်ခုနှင့်တစ်ခုလွန်စွာနီးကပ်နေကြသည်။ လက်တွန်းလှည်း လမ်းဘေးဆိုင်လေးများနှင့် သစ်သားပုံးလေးများအားသုံးကာ ဆိုင်လုပ်ပြီး ရောင်းနေသည့်သူများလည်းရှိသည်။

ရက်စွဲ အတွက် မြင်ကွင်းသစ်တစ်ခုလိုပင်။ တချို့အိမ်လေးများက ညစ်တီးညစ်ပတ်၊ စုတ်သီးစုတ်ပြတ်နှင့်၊ တချို့က ကြော်ညာဗီနိုင်းများကိုသုံးကာ အမိုးလုပ်ထားကြသည်။ လမ်းများမှာလည်း ချိုင့်ခွက်၊ ရွှံ့ဗွက်အပြည့်နှင့်။ ဆိုက်ကား၊ ဂါလီများကြောင့် အနည်းငယ်ရှုပ်နေသယောင်။

ချစ်ခွင့်ပေးစေချင်(ချစ်ခွင့်ပေးစေချင်)Where stories live. Discover now