ဒီနေ့က"လှိုင်း"ရဲ့ ပထမနှစ်တက်တဲ့ ပထမရက်ဖြစ်ပြီး
လူငယ်တိုင်းမှာရှိသင့်တဲ့
စိတ်ဓာတ်တက်ကြွမှုတွေအပြည့်ဖြင့် ။
ခြေလှမ်းများလှမ်းကာ။လှိုင်းအတွန့်သဖွယ်ဆံသားများနှင့်
နှုတ်ခမ်းပါးပါးလေးတစ်စုံ
နှာတံကလည်းချွန်သလိုရှိပြီး
ပေါ့ပါးသောခန္ဓာကိုယ်။"မ"...!
အနောက်မှ ကြားရသော
အသံတခု။
ပထမနှစ်ဖြစ်တဲ့အတွက်ကြောင့်
ကျောင်းသား/သူများလည်း
သူစီကိုယ်စီပိုင်ရှင်ရှိနေကြပြီဖြစ်သည်။စုံတွဲတွေအချင်းချင်း
စနောက်နေသည်ဟုထင်မိတာကြောင့်နောက်လှည့်မကြည့်ပေ။"မ လို့! ကျွန်တော်ခေါ်နေတယ်လေဗျာ"
အသံကတဖြည်းဖြည်းပိုကျယ်လာတာပြီးခြေလှမ်းတွေကသူမဆီဦးတည်သလိုခံစားရတာမို့။
"မ! ဘာလို့မထူးတာလဲဗျာ"
"ဟင် နင်ဘယ်သူကြီးလဲ"..
သူမရှေ့တည့်တည့်ကိုကြည့်ပြီးပြောနေဆဲ။
အသားခပ်ဖြူဖြူ
အရပ်ရှည်ရှည်
မျက်ခုံး မျက်လုံးမှာတောက်ပနေပြီး။
အင်မတန်ကြည့်ကောင်းသော
ယောကျာ်းလေးစာရင်းထဲ၀င်နေသည်။သိပ်မကြီးသိပ်မသေးတဲ့လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ကာ။
"မမရဲ့ယောကျာ်းလေ"
အနားကိုတလှမ်းချင်းတိုးကာ။
"ဟင်...
သူမလည်းတစိမ်းယောကျာ်းလေးတစ်ယောက်က
သူမကိုအဲ့လိုပြောတာမကြိုက်ပေမဲ့
ထိုကောင်လေးရဲ့ကြည့်ကောင်းပြီးချစ်စရာကောင်းတဲ့ပုံစံကြောင့်
အနည်းငယ်တော့ရင်ခုန်မိသည်မှာအမှန်ပင်။"မကလည်းဗျာ
စတာကို"နှုတ်ခမ်းလေးထော်ရင်းပြောနေဆဲ။
"မ ကိုအရမ်းချစ်တယ်
သိလား""သားရေ"
"ဟုတ်အမေ
လာပြီ"ခပ်လှမ်းလှမ်းအကွာအဝေးမှ
ကြားရတဲ့အသံတခု။
သူမ၏အရှေ့တွင်ရပ်နေသော
ကောင်လေး၏မိခင်အသံဖြစ်သည်။