Part -1

2 0 0
                                    

လူတစ်ယောက်ကလူတစ်ယောက်ကိုချစ်​​နေတဲ့အ
ကြောင်းဖွင့်မပြောရဲတဲ့အတွက်ကြောင့်အဆုံးသတ်မှာ
လူနှစ်ယောက်စလုံးနာကျင်သွားရတယ်။😞
နောက်ဆုံးမှာတစ်ယောက်ကအထီးကျန်စွာခံစားရ​ပြီး
နောက်တစ်ယောက်ကနာကျင်သွားရတယ်။😔
အဲ့ဒါတွေရဲ့အဓိကပြဿနာကရင်မဆိုင်ရဲလို့ပါ။
တစ်စုံတစ်ယောက်ရဲ့ရင်ထဲမှာတစ်ကိုယ်တည်းအထီး
ကျန်မှုတွေ...ဝမ်းနည်းစရာတွေ..နောင်တတရားတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့နာကျင်ခံစားနေရသလိုနောက်တစ်ယောက်မှာလည်းလျစ်လျူရှုမှုတွေ..နာကြည်းချက်တွေ..မုန်းတီးမှုတွေနဲ့ဘယ်တော့မှမေ့မရနိုင်တဲ့လူတစ်ယောက်ကိုလွမ်းဆွတ်မှုတွေနဲ့နာကျင်ခံစားနေရတယ်
😫😩သေချာတာကတော့အဲ့ဒီလူနှစ်ယောက်ကတစ်
ယောက်ကိုတစ်ယောက်မတွေ့ရတဲ့အတွက်သတိရလွမ်း
ဆွတ်နေမှာအသေအချာပါပဲ။😞😩😓😢
လူတစ်ယောက်ကတောထဲမှာသူတစ်ယောက်တည်းပြေးနေတယ်🏃‍♀️..သေချာတာကတော့သူငိုနေတယ်..😭လူတစ်ယောက်ကိုမတွေ့နိုင်အောင်လို့ပြေးနိုင်သ
လောက်ပြေးနေတယ်..သူသိတယ်သူကအဲ့လူလက်ထဲမလွတ်မြောက်နိုင်ဘူးဆိုတာကိုသိတယ်..ဒါပေမဲ့လွတ်
မြောက်နိုင်သေးတယ်လို့သူထင်နေသေးတယ်..သူအဲ့လူရဲ့ချုပ်နောင်မှုတွေကနေလွတ်မြောက်ချင်နေပြီ..
ရုန်းထွက်ဖို့ကြိုးစားချင်နေပြီ..😥အဲ့လူရဲ့အချစ်တွေက
သူကိုမွန်းကြပ်စေတယ်..အဲ့လူကသူ့အတ္တတစ်ခုတည်း
အတွက်သူ့ကိုချည်နှောင်ထားတာ..သူကိုချစ်လို့မဟုတ်ဘူးဆိုတာကိုသိရတော့ရင်ဘတ်ထဲတဆစ်ဆစ်နဲ့နာကျင်သွားရတယ်..သူမရည်ရွယ်ပါပဲမျက်ရည်တွေစီးကျနေမိတယ်😥..မရတော့ဘူး..သူ့အမြင်အာရုံတွေဝေ
ဝါးလာပြီ..ပြေးနေပေမဲ့အရှေ့ကိုသေချာမမြင်ရတော့ဘူး..သူ့ခြေထောက်တွေအားပျော့လာပြီ..သူဆက်ပြီး
မလျှောက်နိုင်တော့ဘူး..ဒါပေမဲ့သူအားတင်းထားတယ်.
နောက်ဆုံးတော့သူဘယ်လိုမှအားတင်းမထားနိုင်တော့ဘူး..နောက်တော့သူမေ့လဲသွားတယ်..သူမမေ့လဲခင်မှာ
သူ့ဆီကိုလူတစ်ယောက်ပြေးလာနေတယ်..သူသိတယ်
အဲ့လူပဲဆိုတာ..နောက်တော့သူလောကကြီးနဲ့အဆက်
အသွယ်ပြတ်သွားတယ်..😔😞😴
"baby..baby သတိထားအုံးလေ..ဟာ..ကျစ်"
သူသိတယ်သူ့babyလေးသူ့ဆီကထွက်ပြေးမယ်ဆိုတာ
သိတယ်..ဒါကြောင့်သူ့မှာအစောင့်အရှောက်တွေလုံခြုံရေးတွေအများကြီးထားထားရတယ်..ဒီလောက်အများကြီးထားတာတောင်မှသူ့babyလေးကရအောင်ကိုထွက်ပြေးသွားသေးတယ်..သူအိမ်ပြန်လာတော့သူ့
အစောင့်အရှောက်တွေ..လုံခြုံရေးတွေလဲကျနေတယ်
အဲ့တော့သူသိလိုက်ပြီလေ..ဒါသူ့babyလက်ချက်ဆို
တာ..တော်သေးတာပေါ့..သူ့babyရဲ့ခြေထောက်က
ခြေကျင်လေးမှာ​ခြေရာခံစက်တပ်ထားလို့..မဟုတ်ရင်
သူ့မှာပူလောင်နေရမှာ..သူ့babyလေးပျောက်သွားလို့
သူ့မှာလိုက်ရှာနေရတာ..နောက်ဆုံးတော့သူတွေ့သွားပြီ..တွေ့လို့လှမ်းခေါ်မလို့ရှိသေးတယ်..သူ့babyလေးကလဲကျသွားတော့သူ့မှာစိုးရိမ်စိတ်က100ဒီဂရီလောက်ဖြစ်သွားတယ်..သူ့babyလေးကသိပ်ဆိုးတယ်ဗျ..သူ့မှာသာချစ်လွန်းလို့မခွဲနိုင်လို့အိမ်မှာထားထားတာ
ကိုသူကရအောင်ထွက်ပြေးလာတယ်..သူ့babyလေးကသူ့ကိုမုန်းနေတာကိုသတိရသွားတော့သူ့ရင်ဘတ်လေးတင်းကြပ်သွားရတယ်..အခုလိုသူ့အနားမှာမနေချင်တဲ့သူ့ချစ်သူလေးကိုဆွဲထားရတာ..နည်းနည်းတော့ခက်သားသူ့ချစ်သူလေးကိုပွေ့ပြီးသူအိမ်ကိုပြန်ခေါ်လာလိုက်တယ်..သူ့မှာတမင်တကာတောင်တောနဲ့နီးတဲ့အိမ်ကိုဝယ်ထားရတာသူ့babyလေးထွက်မပြေးလောက်ဘူးထင်လို့..အခုတော့အထင်နဲ့အမြင်နဲ့တလွဲစီ..တောထဲကိုတောင်မကြောက်မရွံပြေးရဲတာသူဘယ်လောက်
တောင်ကျွန်တော့်အနားမှာမနေချင်လဲကြည့်ပါတော့ဗျာ..ကျွန်တော်ဆိုလို့ယောကျ်ားလေးတော့မထင်လိုက်
နဲ့နော်..ကျွန်တော်ကမိန်းကလေးဗျ🙇‍♀️..ပြောရရင်tachiပေါ့ဗျာ..ကျွန်တော့်ရဲ့ ချစ်သူကလည်းမိန်းကလေးပဲဗျကျွန်တော်တို့ကလက်ထပ်ထားတာလေ👰👰👭..တစ်လတောင်မပြည့်သေးဘူး..ကျွန်တော့်ချစ်သူလေးကထွက်ပြေးတော့တာပဲ..အရင်တုန်းကလည်းထွက်ပြေးသေးတယ်🏃‍♀️နောက်ဆုံးတော့လဲသူကျွန်တော့်ဆီရောက်လာတာပဲ..ဒါတောင်သူကထပ်ပြီးထွက်ပြေးသေးတယ်..ကျွန်တော့်ချစ်သူကတော်တော်ခေါင်းမာတယ်..အော်ဒါနဲ့မိတ်ဆက်ပေးရအုံး..ကျွန်တော့်နာမည်ကLisa..ကျွန်တော့်ချစ်သူလေးနာမည်ကJennieတဲ့..မှတ်ထားနော်..ကျွန်တော်ကသူ့ကို
babyလို့ခေါ်တယ်..သူကတော့ကျွန်တော့်နာမည်ပဲ
ခေါ်တယ်..ဟူး..အရင်တုန်းကအချိန်တွေကိုပြန်သတိရလိုက်တာ..အရင်တုန်းဆိုသူကကျွန်တော့်ကိုdarling
လို့ခေါ်တာ..အခုတော့.. ဟင်း..မပြောတော့ပါဘူး...
အကုန်လုံးကကျွန်တော့်ကြောင့်ပဲ..ကျွန်တော်အသုံးမကျလို့အခုလိုဖြစ်ရတာ..တောင်းပန်ပါတယ်ဆိုတဲ့စကားလုံးကလဲဲပီးကျန်တာဘာမှမပြောနိုင်တဲ့အတွက်
ကိုယ့်ကိုခွင့်လွှတ်ပါbaby..ပြီးတော့အရမ်းလည်းချစ်တယ်...
နောက်တစ်နေ့..
jennie-အား..ကျွတ်ကျွတ်.. ခေါင်းကိုက်လိုက်တာ..
ငါဘယ်ရောက်နေတာလဲ..နေပါအုံး..မနေ့က
ငါတောထဲမှာပြေးနေတာမလား..အခုဘယ်
လိုဖြစ်လို့အိပ်ရာပေါ်ရောက်နေတာလဲ..
အား..ငါ့ခေါင်း..
Lisa-babyသက်သာရဲ့လား..ခုနဆရာဝန်ပြောသွား
တယ်..babyအားနည်းပြီးမူးလဲသွားတာတဲ့..
အခုဆရာဝန်ကbabyကိုအားဆေးသွင်းပေး
ထားတယ်..babyခဏလောက်အနားယူလိုက်
ပါအုံးလား..
jennie-အဟက်..အပိုတွေမပြောနဲ့😤..နင်ဘယ်
တုန်းကငါ့ကိုဂရုစိုက်သွားတာလဲ...အရင်လိုပဲ
ပစ်ထားစမ်းပါ..အခုမှအပေါ်ယံရွှေမှုန်တွေ
​ကြဲမနေနဲ့..အလုပ်ရှုပ်တယ်..
Jennie-အဟက်.. တောင်းပန်တယ်တဲ့လား..တောင်း
ပန်ရုံနဲ့ငါကခွင့်လွှတ်ပေးရမှာလား..ငါခံစား
ခဲ့ရတာတွေ..ငါနာကျင်ခဲ့ရတာတွေကကော
ပျောက်သွားမှာတဲ့လား..မရတော့ဘူး..အခု
ဘယ်လိုမှပြန်ပြင်လို့မရတော့ဘူး..အရာအား
လုံးနင်လုပ်ခဲ့တာလေ..နင့်လုပ်ရပ်အတွက်နင်
ခံစားရမှာပေါ့..ခံစားလိုက်စမ်းပါ..
Lisa-babyအဲ့လိုမပြောပါနဲ့ကိုယ်နာကျင်ရလို့ပါ..😢
ကိုယ်မင်းကိုသိပ်ချစ်လွန်းလို့ချုပ်နှောင်မိတာပါ
jennie-ဘာ..သိပ်ချစ်လွန်းလို့ဟုတ်လား..အဟား..
ဟားဟား.. ရယ်ရတယ်ဟာ..နင်ပါးစပ်က
ပြောထွက်တယ်နော်ချစ်တယ်ဆိုတဲ့စကားကို
နင်သာတကယ်ငါ့ကိုချစ်ရင်အခုလိုငါ့ကိုခံစား
ရအောင်နင်လုပ်ပါ့မလား..အဲ့ဒီအစားနင်ငါ့
ကိုပျော်ရွှင်အောင်ထားမှာပေါ့..အခုတော့
နင်ကငါ့ကိုနာကျင်အောင်လုပ်တယ်လေ..
အခုနင့်အလှည့်ပဲ..ခံစားလိုက်စမ်းပါ..ငါ့တုန်း
ကလိုနာကျင်ခံစားလိုက်စမ်းပါ..အဲ့တော့မှ
နင်ငါ့ခံစားချက်တွေကိုနားလည်မှာ...
ကိုယ်ချင်းစာတတ်မှာ..မုန်းတယ်.. အရမ်းမုန်း
တယ်..နင့်ကိုငါသေလောက်အောင်မုန်းတယ်
Lisa-မပြောပါနဲ့..မပြောပါနဲ့တော့..ကိုယ်မကြားချင်
ဘူး..ဆက်မပြောပါနဲ့တော့..
jennie-ပြောမှာပဲ..မုန်းတယ်... အရမ်းမုန်းတယ်..
နင့်ကိုငါသေလောက်အောင်မုန်းတယ်..
Lisa-ဘာ..မပြောနဲ့..babyဆက်မပြောနဲ့တော့..
တော်လိုက်တော့..
jennie-မတော်နိုင်ဘူး..ပြောမှာပဲ..ငါပါးစပ်ကထွက်
လာတဲ့မုန်းတယ်ဆိုတဲ့စကားကိုနင်နားထောင်
လိုက်စမ်းပါ...မုန်း...တယ်...Li..sa..
Lisa-ဘာ..မင်း..👋
ကိုယ့်မျက်နှာတည့်တည့်ကိုကြည့်ပြီးသူကိုအရမ်းမုန်းတယ်ဆိုတဲ့အကြောင်းတစ်လုံးချင်းပြောလာတဲ့ချစ်ရသူကြောင့်ရင်ဘတ်ထဲကတဆစ်ဆစ်နဲ့နာလာပြီးတဆက်
တည်းမှာဒေါသလည်းထွက်လာတယ်..နဂိုကတည်းက
ဒေါသထွက်ရင်လက်ပါပါတတ်တာကသူ့အကျင့်ဖြစ်နေ
တော့သူ့လက်ကိုမြောက်ပြီးရိုက်ဖို့ရွယ်လိုက်မိတယ်..
jennie-အဟက်.. ဘာလဲရိုက်ချင်တာလား..ရိုက်လိုက်
စမ်းပါ..😠..နင်ကအမြဲတမ်းနင်ဆန္ဒကိုဦးစား
ပေးနေတဲ့သူပဲ..ရိုက်စမ်းပါ..နင်ရိုက်တော့နင်
ကိုပိုပြီးမုန်းနိုင်တာပေါ့..
Lisa-တောက်ခ်..မင်း..
jennie-ဘာလဲ..ရိုက်လေ..နင်မရိုက်ရင်ငါနင့်ကိုရိုက်
မယ်..
ဖြန်း 👋....
Lisa သူ့ပါးသူကိုင်ပြီးJennieကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်..သူမထင်ထားဘူးသူ့ချစ်သူလေးကသူ့ကိုအဲ့လောက်မုန်းနေလိမ့်မယ်လို့သူဘယ်လိုမှမတွေးမိဘူး..ချက်ချင်းပဲသူရင်ဘတ်ထဲတင်း
ကျပ်သွားရတယ်..မရည်ရွယ်ပါပဲမျက်ရည်တွေစီးကျ
မိသွားတယ်😢..Lisaကဘာမှမပြောပဲအခန်းထဲကထွက်သွားလိုက်တယ်..ခုလောလောဆယ်သူစိတ်ကိုငြိမ်အောင်ထားဖို့လိုတယ်..အဲ့ဒါကြောင့်ထွက်သွားလိုက်တာ..
jennieလည်းရုတ်တရက်မို့မစဥ်းစားမိဘဲရိုက်လိုက်မိတယ်..နောက်မှသူလွန်သွားမှန်းရိပ်မိလိုက်တယ်..Lisa
မျက်နှာလေးကိုကြည့်လိုက်တော့မျက်ရည်လေးတွေကျနေတာကိုတွေ့လိုက်တယ်..သူစိတ်ထဲနာကျင်သွားတယ်..သူလည်းlisaကိုမမုန်းပါဘူး..မဟုတ်ဘူး..အမှန်
တိုင်းပြောရရင်သူ့ကိုမုန်းလို့မရတာလို့ပြောရင်ပိုသေချာတယ်..သူ့ကိုဘာလို့မုန်းမရတာလဲဆိုတာကိုယ့်ကိုယ့်ကိုယ်လည်းစဥ်းစားလို့မရဘူး..သူ့ကိုအခုချိန်ထိချစ်နေသေးပေမဲ့လည်းနာကျင်ရတာတွေများလာတော့
မာနလေးထားမိတယ်...
ရေချိုးခန်းထဲကရေပန်းအောက်မှာအဝတ်အစားမချွတ်ဘဲတစ်ယောက်တည်းထိုင်ပြီးငိုနေတဲ့သူကတောLisa
ပါ😭..LisaကJennieကိုအရမ်းချစ်ပါတယ်..ဒါပေမဲ့
သူ့အတ္တတွေမာနတွေကြောင့်jennieကိုထုတ်မပြောခဲ့တာပါ..အခုတော့သူမှားသွားမှန်းသိသွားပြီ..အစကတည်းကjennieကိုသိပ်ချစ်တဲ့အကြောင်းပြောပြီးဂရုစိုက်ပေးရမှာကိုအခုတော့..အခုတော့jennieကသူ့ကိုမုန်းသွားပြီ..အခုမှချစ်တဲ့အကြောင်းတွေပြောနေလို့ဘာမှမထူးဘူးဆိုတာကိုသိလိုက်တယ်..သူအခုချိန်မှာသူ့ကိုထွေးပွေ့ပေးမယ့်လက်တစ်စုံလိုတယ်..ရင်ခွင်ထဲမှာ ငိုချင်တယ်..အခုတော့သူမရတော့ဘူး..အရင်တုန်းကလိုjennieသူ့ကိုချစ်ရင်သိပ်ကောင်းမှာပဲလို့တွေးမိတယ်..အဟက်.. သူတော့ရူးနေပါပြီ..သူကငယ်ငယ်ထဲကbroken familyရှိတဲ့သူတစ်ယောက်ဆိုတော့ဂရု
စိုက်မှုသေးသေးလေးရရင်တောင်သူကကျေနပ်နေတာ
ဟိုးအရင်အချိန်တုန်းကjennieကသူ့ကိုအရမ်းဂရုစိုက်ခဲ့တာ..အဲ့လို့သူ့အပေါ်ပိုပြီးဂရုစိုက်လေ..သူကပိုပြီးjennieကိုအပိုင်လိုချင်လာလေပဲ..အဲ့ဒီစိတ်
ကြောင့်ပဲjennieကသူ့ကိုမုန်းသွားတာ...
အရင်တုန်းကအကြောင်းတွေဆီခရီးဆက်မိတော့....
.............................:::::::::::::::::.........................

အားလုံးပဲမင်ဂလာပါ..မင်မင်ရဲ့နာမည်ကrizinပါ..
rizinကလေအခုမှစရေးတာဆိုတော့အရေးအသား
မကောင်းရင်ခွင့်လွှတ်ပါနော်..ဟီး..
ရီဇင်ရေးတာကောင်းခဲ့ရင်ရီဇင်ကိုvot​eလေးပေးပါနော်..comments လေးလည်းရေးပေးခဲ့ပါအုံးနော်
rizinအရေးအသားကောင်းလားမကောင်းလားသိချင်လို့..ဟီး..

အမုန်းများကြားကချစ်ပန်းတစ်ပွင့်Where stories live. Discover now