Part - 32
My Oleander Hubby
အချိန်အားဖြင့် တစ်လကြာခဲ့လေပြီ ။ ရာဇ် ဟာ
အခုချိန်ထိကို လုံခြုံစွာပုန်းနေဆဲ ။ ရက်တွေကြာလာလေ
စိတ်တွေပူပြီး နေရတာအဆင်မပြေတော့လေ ။အရင်တစ်ခါ ကိုယ့်ကို စိတ်တိုပြီး သူ့အမအိမ် ကိုပြန်သွားဖူးတဲ့ကောင်လေးဟာ အခုလဲထိုနည်းအတိုင်းပဲ ရွေးချယ်လေမလားဆိုတဲ့
မရဲတရဲ မျှော်လင့်ချက်လေးနဲ့ သဲနုငယ်ရဲ့အိမ်ကို သွားပြီး ရှာနေမိတာ အခါခါ ။ သဲနုငယ်ကိုယ်တိုင်က ရာဇ် ကို
ဆက်သွယ်မရလို့ တငိုငိုနဲ့ ။ကိုယ့်အကြောင်းကို သူ့ဆီကနေတဆင့် ရာဇ် သိသွားတာ
မှန်းသိခဲ့ရပေမယ့် အရာအားလုံးက ကိုယ့်အပြစ်တွေကြီးပဲမို့ ဘာမှထပ်ပြောချင်စိတ်ရှိမနေတော့ပါ ။* အိမ်ကိုဂီတာလာယူရင်း အကုန်လုံးကိုနှုတ်ဆက်သလို
စကားတွေဆိုသွားရင်း အမဖြစ်သူရဲ့ကိုယ်ဝန်ကို ဂရုစိုက်ဖို့မှာသွားသေးတယ် * လို့ ငိုနေရင်း ပြောပြသေးသည် ။ရာဇ်ဟာ တကယ်ကိုပဲ အားလုံးကို သံယောဇဉ်ဖြတ်သွားပုံရသည် ။ သူအမအိမ်က သူနေခဲ့တဲ့အခန်းလေးထဲကိုဝင်
လိုက်တိုင်း သတိရခြင်းတွေက အတိုင်းအဆမဲ့ ။
ကိုယ်အိမ့်က ကိုယ်တို့နှစ်ယောက် နေခဲ့တဲ့ အခန်းထဲမှာလဲ တစ်ယောက်ထဲပြန်မနေရဲတာကြောင့် အခန်းပြောင်းပြီးနေနေ
ရသည် ။ နေရာတိုင်းမှာ ရာဇ်အရိပ်တွေသာ စိုးမိုးလို့နေလေသည်။တစ်ချိန်ချိန်မှာတော့ ရာဇ်ကိုပြန်တွေ့ရမယ်ဆိုတာကို
သေသေချာချာယုံကြည်နေတာမို့ လိုက်ရှာနေတာကို
လက်လျှော့လိုက်ဖို့မတွေးမိ။ ကျိန်သေပြန်ဆုံရမယ်ဆိုတဲ့
စိတ်နဲ့ အားတင်းထားမိလေသည် ။" Ring !!! Ring!!!! Ring! !!! "
ဖုန်းသံကြောင့် ကြည့်လိုက်မိတော့ ရာဇ်ကိုရှာဖို့အတွက်
လွှတ်ထားတဲ့သူတွေထဲကမှတစ်ယောက်။
ခါတိုင်းဆိုရင် ကိုယ်ကသာဖုန်းဆက်နေရတာဖြစ်ပြီး
အခုတော့ သူကစပြီးဖုန်းဆက်လာတာကြောင့်
စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကိုကိုင်လိုက်ကာ" ပြော! ! "
" ဆရာ! ကျွန်တော် ကိုသက္ကရာဇ်ကိုတွေ့ခဲ့တယ် "
YOU ARE READING
My Oleander Hubby (MOH) Uni+Zaw