𝐼 𝑤𝑖𝑙𝑙 𝑐𝑎𝑙𝑙 𝑦𝑜𝑢 𝑑𝑎𝑟𝑙𝑖𝑛'

4.9K 263 10
                                    


Unicode

Locker ကိုဖွင့်လိုက်တာနဲ့ပဲ ထွက်ကျလာတဲ့ပန်းနုရောင်စာအိတ်လေးနဲ့အတူ ပန်းစည်းသေးသေးလေး ..

ကျန်းဟောက် အံကိုကြိတ် . စိတ်ကိုအတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး locker တံခါးကိုပဲတစ်ချက်မျှထိုးလိုက်တယ်.. ဖွဖွလေး ..

" ကျန်းဟာအိုတို့ ရည်းစားစာရပြန်ပြီဟေ့! "

ဆွဲလုခံလိုက်ရတဲ့စာအိတ်ကိုပြန်မလုနိုင်ခဲ့တော့ ကင်မ်ဂျီဝန်း က ပျော်ပျော်ကြီးဖွင့်ဖတ်တယ် ။

" ဟ ဒါပဲလား? 1437 ကဘာကြီးလဲ? ဘယ်လိုဖတ်ရတာလဲ? "

စာရွက်ထဲမှာပါတဲ့စာကို ဇောက်ထိုးကြည့်လိုက် ပြောင်းပြန်ကြည့်လိုက် ၊ အဘက်ဘက်ကကြည့်နေတာမို့ ကျန်းဟောက်က ဆူဆောင့်ဆောင့်သာပြန်ဆွဲယူလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်တယ် ။

အဲ့ 1437 ကို စစမြင်တုန်းက ကျန်းဟောက်ကိုယ်တိုင်လည်း ခေါင်းကိုက်ခဲ့ရသည် ။ ခဏခဏရပါများလာတော့ ဖတ်ဖို့တောင်မလိုတော့ဘူး ။ ရည်းစားစာကိုတောင် တစ်မျိုးထဲရေးပို့တတ်တဲ့လူ!

" ဂျီဝန်း ဘယ်လဲ ထမင်းမစားဘူးလား? "

" ပြီးရင်လာမယ် .. မက်ချူးလေးဆီအရင်သွားတွေ့အုံးမယ် "

ဘောင်ကြဲပေါ့ ..

မက်ချူး မက်ချူးနဲ့ခေါ်နေတဲ့ မက်သရူးဆိုတဲ့ကောင်လေးက အထက်တန်းဂျူနီယာအတန်းက။ Class 1 - B ကိုဆို ကင်မ်ဂျီဝန်း တို့ ရှေ့ကလျှောက်လိုက်နောက်ကလျှောက်လိုက်ပဲ ။ 1 - B ဆိုတာနဲ့ တစ်စုံတစ်ယောက်က အာရုံထဲတန်းပေါ်လာတော့ ကျန်းဟောက် ချက်ချင်းပဲခေါင်းကိုက်သွားရတယ် ။

" ဟျောင်း ... !!! "

နို့အေးဘူးနဲ့ ပေါင်မုန့်ထုပ်ဆွဲပြီးထွက်လာတုန်း အနောက်ကနေ သံရှည်ဆွဲတဲ့အသံကြီးကပ်ပါလာတာမို့ ကျန်းဟောက်ကျောပြင်ကနေတောင်အေးစိမ့်တက်သွားသလိုတောင်ခံစားလိုက်ရတယ် ။

" ဒီနေ့လည်း ကျွန်တော်စောင့်မယ်နော် အတူတူပြန်ဖို့ .. ပန်းစည်းရော သဘောကျရဲ့လား "

" ဆောင်းဟန်ဘင်း! "

ကျောင်းဝတ်စုံကနာမည်ကဒ်ပြားဆီ ကျန်းဟောက်ကြည့်ပြီးခေါ်လိုက်တော့ . အာရုံနောက်နေမိတာကြောင့် အသံလည်းအနည်းငယ်ကျယ်သွားခဲ့သည် ။ တခြားကျောင်းသားတွေပါရှိနေတာမို့ ကျန်းဟောက် က ဘေးဘီပြန်အကဲခတ်ပြီးမှ မျက်နှာထားကိုပါလျော့ချလိုက်ရတယ် ။ မဟုတ်ရင် ဒီသူ့ရှေ့မှာရပ်နေတဲ့ ဖြူစင်တဲ့မျက်နှာနဲ့ကလေးကို စီနီယာဖြစ်တဲ့သူက အနိုင်ကျင့်တော့မလိုနဲ့တောင်တူနေပြီ ။

Make You Mine《 Completed 》Where stories live. Discover now