Still______________________________________________THE _______________________One___________________________________________
.
.
.
ရိပေါ် ဒီနေ့ အိမ်အပြန်နောက်ကျသည်။
သူများတွေလို ကိုယ်ပိုင်ကားလဲမစီးနိုင်၍ busဖြင့်သာလာရသောကြောင့်ပင်။Bus stopနှင့် ရိပေါ်၏ အိမ်မှာ ဆယ့်ငါးမိနစ်နီးပါးတော့ လမ်းလျှောက်ရ၏။
ဒီနေ့မှ စာကြည့်တိုက်တွင်အချိန်ကုန်ခဲ့သည်က တစ်ကြောင်း၊ ရှောင်းကျန့်ဆိုတဲ့ စီနီယာကြောင့် သူ့မှာ ထိုအရှုပ်ထုပ်ကြီးမှာ ကောက်နေ၍ ဖြောင့်အောင် မနည်းချော့မော့လာခဲ့ရသည်ကတစ်ကြောင်းဖြင့် နောက်ကျရလေခြင်း။
မိုးချုပ်မှောင်ရိပ်သန်းနေသည်မို့ ခပ်သွပ်သွပ်လျှောက်လာခဲ့တယ်။တွေးလေတွေးလေ ဟိုအရှုပ်ထုပ်ကြီးကို ပိတ်ပိတ်ထုချင်။
One month Anniversary ကို မမှတ်မိလို့
လူကြားမရှောင် ရစ်နေလိုက်တာဆိုတာ ပြောကိုမပြောချင်ဘူး..လူက သရဲကြောက်ပါတယ်ဆိုကာမှ..!
သူ့ကြောင့်အကုန်နောက်ကျကုန်ပြီ။
" .... "
ရိပေါ် ဘာရယ်မဟုတ်အနောက်က တစ်ယောက်ယောက်စောင့်ကြည့်နေသည်ဟု ခံစားလိုက်ရသည်မို့ နောက်လှည့်အကြည့်..
အနက်ရောင်ဝတ်ထားသည့် လူတစ်ယောက်က ရိပေါ်နောက်ကို ခပ်မှန်မှန်လိုက်လာနေသည်။
ရုတ်တရက် ရိပေါ် ကြောင်သွားရသည်။
ဘယ်လိုကြောင့် ရိပေါ်တို့ရက်ကွက်ထဲမှာ ဘာညာအသံမကြားမိပါဘူး..
ရာဇဝတ်မှုနဲ့ပတ်သက်တာမျိုးကို ဆိုလိုခြင်း။
အိပ်ရောက်ဖို့လည်း သိပ်မလိုတော့သည်မို့ ဘာဘာညာညာပေါက်ကရတွေ တွေးမနေဘဲ ခပ်သုပ်သုပ်သာခြေသုပ်တင်ရတော့သည်။
" အင့်..! "
" ခင်ဗျား! .. ဝူး..ဝူး..!! အွင်း! "
ရုတ်တရက် သူ့ကိုအနောက်မှ သိုင်းဖက်၍ပါးစပ်ကို ပုဝါတစ်ခုနှင့်အုပ်လိုက်သည့်ထိုလူ။
အနီးကပ်ရလိုက်သည့်ကိုယ်သင်းရနံ့သည်ကား သစ်ရွက်စိမ်းနံ့လွင်လွင်ပင်။
သို့သော် ထိုလူ၏ မေ့ဆေးအစွမ်းကြောင့် ရိပေါ်၏ ရုန်းကန်လှုပ်ရှားမှုများမှာ တဖြည်းဖြည်းငြိမ်ငြိမ်၍သွားလေတော့သည်။
YOU ARE READING
Still THE One /ZSWW/ [ COMPLETED ]
FanfictionHappy birthday Ah Kyawt 🍀🤍 I wish dear..🔮 The Angels give you best blessings.! 🍀 Life will always full Happiness 🤍 ZSWW FANFICTION FOR MY LOVELY NIEC🤍 #K 07- April - 2023 29- May - 2024