[unicode]
သူငယ်ချင်းတွေနဲ့စကားပြောနေတုန်း ဖုန်းဝင်လာတာကြောင့် ဂျောင်ဟျွန်းလည်းတိတ်ဆိတ်တဲ့နေရာတစ်နေရာမှာ သွားပြီးဖုန်းပြောလိုက်တော့တယ်။
"အင်း ဆွန်းအောန်ပြောလေ"
ဆွန်းအောန်ဆိုတာက ဂျောင်ဟျွန်းတို့ကျောင်းက ဂျူနီယာလေးတစ်ယောက်ဖြစ်သည်။ ဂျောင်ဟျွန်းဂိုက်လုပ်ပေးနေတဲ့ ကလေးတစ်ယောက်ဆိုလည်း မမှားဘူးပေါ့။
"စီနီယာ အောင်စာရင်းကြည့်ပြီးပြီလား အမှတ်တွေကရော ဘယ်လိုလဲကောင်းတယ်မလား"
"အင်း ကောင်းပါတယ်ဆွန်းအောန်ရဲ့ မှန်းထားတဲ့အမှတ်ထက်တောင် နည်းနည်းကျော်သေးတယ်"
"ဟုတ်လား ဂုဏ်ပြုပါတယ် စီနီယာ"
"ကျေးဇူးပါ ဒါနဲ့ ဆွန်းအောန်မအိပ်သေးဘူးလား"
"ဟုတ် စီနီယာ ကျောင်းလည်းပိတ်ထားတာဆိုတော့ အခုတလောနောက်ကျမှအိပ်ဖြစ်နေတာ"
"အော် အဲ့လိုလား တအားနောက်ကျတဲ့အထိတော့မနေနဲ့နော်"
"ဟုတ်ကဲ့ပါ စီနီယာ အဲ့တာဆို ဒါပဲနော်"
"အင်း"
ဂျောင်ဟျွန်းလည်းဖုန်းချပြီးတာနဲ့ ပြုံးပြီးအနောက်ကိုလှည့်လိုက်တော့ ဝွန်းဂီကခါးထောက်ပြီးသူ့ကိုစိုက်ကြည့်နေတာကို မြင်လိုက်ရတော့တယ်။
"အမလေးလန့်လိုက်တာ ချာဝွန်းဂီရယ်"
ရုတ်တရက်မြင်လိုက်ရတာကြောင့် ဂျောင်ဟျွန်းလည်းလန့်သွားတော့တာပေါ့။"အီဂျောင်ဟျွန်းပြုံးနေတာပဲ ဘယ်သူလဲ ရည်းစားလား"
ဝွန်းဂီကမေးတော့ ဂျောင်ဟျွန်းကဖုန်းကို တစ်ချက်ကြည့်လိုက်တော့တယ်။
"မဟုတ်ပါဘူး ဒီအတိုင်းအသိတစ်ယောက်ပါ"
"မဟုတ်သေးပါဘူး အီဂျောင်ဟျွန်းရဲ့ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးနေတယ်ဆိုတော့ ဒီအတိုင်းအသိဆိုတာဖြစ်နိုင်ပါ့မလား"
ဂျောင်ဟျွန်းလည်း ဝွန်းဂီကိုပြောလို့မရတော့ဘူးဆိုတာသိလိုက်တော့တယ်။ ပြောလည်းသူကလက်ခံမှာ မဟုတ်ဘူးလေ သူတွေးချင်တာကိုတွေးပစ်မှာပဲမဟုတ်လား။
YOU ARE READING
Boys Planet One Shots Collection
FanfictionBoys Planet One Shots (All OTPs) Written in Burmese