...
နံရံထက်ရှိတချပ်ချပ်မြည်နေသောနာရီသံများနှင့်အတူ နမ်ဂျွန်း၏စာရွက်လှန်သံများကိုပါယှဉ်တွဲ၍ကြားနေရသည်။ဆော့ဂျင်ငိုက်နေရင်းပင် နမ်ဂျွန်းထံမှရေမွှေးရနံ့သင်းသင်းအားခံစားမိနေသည်။နမ်ဂျွန်းသည် သူ့အားကြင်နာစွာအိပ်ဆေးကလေးများပေးနေသကဲ့သို့ပင်..။
"ဆော့ဂျင်..မအိပ်နဲ့လေ.."
သူ့ဆံပင်လုံးလုံးထံသို့လာရောက်ထိတွေ့လာသောနမ်ဂျွန်း၏လက်ချောင်းရှည်များကြောင့် ဆော့ဂျင်ဇိမ်ကျစွာပြုံးမိသွားသည်။ခုံတစ်ခုံချင်းထိုင်နေရင်းမှ ကိုယ်ကိုနမ်ဂျွန်းထက်သို့ပိုမိုယိုင်မိလိုက်သည်။
"ဆရာကကြာလိုက်တာနော်.."
"အဲ့ဘဲကြီးကအဲ့လိုပဲ.."
သူ့စကားကြောင့်နမ်ဂျွန်းရယ်သည်။ပါးချိုင့်တွေကိုမြင်လို၍အလျင်စလိုမော့ကြည့်ရန်ပြင်မိပေမယ့်မမှီလိုက်ပါပေ။ဘောပင်ကိုကျင်လည်စွာလှည့်နေ၍logစာအုပ်ကိုကြည့်သွားလေပြီ။ဆော့ဂျင်ရေမွှေးရနံ့သင်းသင်းလေးကိုသာပြန်လည်ရှူရှိုက်လိုက်မိတော့သည်။
နမ်ဂျွန်းနှင့်သူ..တွဲဖြစ်ခဲ့တာ..မဟုတ်ဘူး..အချစ်တွေကိုဝန်ခံဖြစ်ခဲ့သည်မှာလေးလပင်ကျော်ခဲ့လေပြီ။ဒီကြားထဲ သူနမ်ဂျွန်းကိုပို၍..ပို၍ပင်ချစ်မိလာခဲ့သည်မှာ သူကိုယ်တိုင်ပင်သတိမထားမိဘဲဤအဝါရောင်ပန်းကလေးအားမြတ်နိုးသည်ထက်မြတ်နိုးသည်အထိပင်။ကြယ်ရောင်တောက်သောမျက်ဝန်းလေးတွေဟာ ချစ်ခြင်း၏အစ။
ယခုတော့ဂျွန်း၏မျက်လုံးကလေးများဟာ ကြယ်တွေထက်တောင်တောက်ပသည်..။
"ကလေး..."
ကလေးတဲ့လေ..။နမ်ဂျွန်းကဆော့ဂျင်ကိုကလေးလို့ခေါ်တာတဲ့။လပိုင်းလောက်ကွာသော်လည်းတစ်ခါတစ်ရံမှထ,ထခေါ်တတ်သောထိုနာမ်စားကလေးဟာဆော့ဂျင်နှလုံးခုန်နှုန်းတွေကိုသွေးတိုးဆန်းနေသလိုပါပဲ..။
YOU ARE READING
TEENAGE LOVE STORY { NamJin } Completed !!!
FanfictionKim NamJoon X Kim SeokJin dream ? wanna love u 4ever . and...wanna give pretty flowers to u .