Unicode ✅
-THAT MAN-
သူ့လက်တွေအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း အိပ်ပျော်နေသည့် ထိုလူအား သူငေးကြည့်နေမိသည်မှာ အချိန်တော်တော်ကြာပြီဖြစ်သည်။ ညကသူအဖျားတက်တော့ သူ့ဘေးမှာနေပေးပြီး ဂရုစိုက်ပေးခဲ့သည့် ထိုလူလုပ်ရက်တချို့အား သူမှတ်မိသင့်သလောက်မှတ်မိပေမဲ့ အလုံးစုံတော့ သူမမှတ်မိချေ။
သူငေးကြည့်နေတုန်းမှာပဲ လှုပ်ရွလာတဲ့ထိုလူ။ နောက်တော့ အင်းအဲနှင့် မျက်လုံးတွေအားပွတ်သတ်နေပြန်သည်။ သို့သော် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် သူ့လက်တစ်ဖက်ကိုတော့ အခုထိမလွှတ်သေးပေ။
"နိုးရင်လည်းထတော့ လူကြီးမင်း"
သူ့အသံကြောင့် အသိဝင်သွားသလို အိပ်ချင်မူးတူးလုပ်နေရာမှာ သူ့မျက်နှာအား မော့ကြည့်လာသည်။
"စုံထောက်ပတ်ခ် သက်သာပြီလား ဟင် ကိုယ်တွေပူနေတာလား"
နိုးလာတာနဲ့ သူ့မျက်နှာအား နေရာအနံ့လိုက်စမ်းရင်း အကဲပိုနေသည့် Suga အား စုံထောက်ပတ်ခ် ခပ်တည်တည်သာ စိုက်ကြည့်နေလေရဲ့။
ဆူပြစ်ရအောင်လည်း ညကတစ်ညလုံး သူ့ဘေးမှာဒုက္ခခံပြီး နေလာပေးတာဆိုတော့ ဆူပြစ်လိုက်ဖို့ကလည်း မဖြစ်သေးပေ။
"တော်သေးတာပေါ့ ကိုယ်ပူကျသွားလို့"
"အခုကျွန်တော် သက်သာနေပါပြီ လူကြီးမင်း စိတ်ပူဖို့ မလိုတော့ပါဘူး ပြီးတော့ အဆင်ပြေမယ်ဆိုရင် ကျွန်တော်လက်ကို လွှတ်ပေးလို့ရပြီလား"
စုံထောက်ပတ်ခ် စကားကြောင့် ယွန်းဂီမှာ သူကိုင်ထားသည့် လက်တွေအား မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလေရဲ့။
"ဒါဆို ကိုယ်ပြန်တော့မယ်"
သူ့အလုပ်လည်းပြီးပြီ။ စုံထောက်ပတ်ခ်လည်း သက်သာနေပြီဆိုတော့ သူပြန်ဖို့သင့်ပြီမဟုတ်လား။ မဟုတ်ရင် သူဒီမှာဆက်ရှိနေမယ်ဆိုရင် သူ့ကြောင့် စုံထောက်ပတ်ခ် စိတ်ရှုပ်သွားမှာကို သူမလိုလားဘူးလေ။
"လူကြီးမင်း"
"ဟင် ခေါ်လိုက်တာလား"
သူပြန်ဖို့ပြင်နေပေမဲ့ ရုတ်တရက် သူ့အားခေါ်လာသည့် စုံထောက်ပတ်ခ်ကြောင့် သူ့လှည့်ကြည့်ပြီး မေးလေတော့ ခေါင်းတစ်ချက်ညိတ်ပြလေသည်။
YOU ARE READING
-THAT MAN- [Complete]
Fanfiction"ကျွန်တော်ကို လေးလေးစားစား ဆက်ဆံပါ လူကြီးမင်း" "လေးလေးစားစားတော့ မဆက်ဆံချင်ဘူး Role Play ဆိုရင်တော့ မဆိုးပါဘူး"