Unicode
" ခင်ဗျား ဘာပြောတယ် မလိုက်နိုင်ဘူးနော် "
" ရွေးချယ်ခွင့်မရှိဘူးလေ မင်းမှာ "
ရှန်တခေတ်သည် ရန်လိုနေသော ပါပီလေးလို ဂူးဂူးဂါးဂါးဖြစ်နေပေမယ့် ထန်တိုင်းကတော့ အေးဆေးပင် လက်တော့ပ်ကြည့်မပျက်ပြန်ပြောနေလိုက်သည်။ သူ့ကို သေရွာသို့ခေါ်နေတာလည်း
မဟုတ်ပေ ။" သိတာမကြာသေးတဲ့ ခင်ဗျားနဲ့ ပြီးတော့ ခင်ဗျားကဟိုဟာပါ အာ ထားတော့ဗျာ သူစိမ်းတစ်ယောက်နဲ့ နယ်စပ်လိုနေရာကို မလိုက်နိုင်ဘူးဗျာ ရောင်းစားရင်ဘယ်လိုလုပ်မလဲ ခင်ဗျားက လူဆိုးမှန်းမသိ လူကောင်းမှန်းမသိ "
ဘယ်နှယ့်ပြောရက်တာလဲ သူနဲ့ လောက်ကိုင်ဘက်ကိုလိုက်ရမယ်တဲ့ ဆုတောင်းလေ ပူဖောင်းတောင်အလကားမရဘူး
" ကိုယ်ကမင်းကို ရောင်းစားမယ်လို့ထင်နေတာလား "
" ဟုတ်တယ် ကျွန်တော့်ကလီစာတွေထုတ်ရောင်းနိုင်တယ်လေ လုံးဝမလိုက်ဘူး "
" သဘောတူစာချုပ်မှာ ကိုယ်ဘာပြောပြောမင်းလက်ခံရမယ်လို့ပါတယ်နော် "
" ခင်ဗျား ဒါသက်သက်အနိုင်ကျင့်တာ "
ထန်တိုင်းသည် မတတ်နိုင်ဘူးလေဆိုသည့်ပုံစံနှင့် ပခုံးတွန့်ပြသည်။
" ကိုလေး စိတ်ပူနေလိမ့်မယ် ဦးမော်ရော ပိုးပိုးရော "
အသံလေးတိုးဝင်ကာ သနားစဖွယ်ပြောလိုက်သော
ရှန်တကြောင့် ထန်တိုင်းသည် ကြည့်လက်စ စကော့ရှယ်ယာဈေးကွက်အားရပ်ကာ" ဒီမှာ ငတုံးလေး ကိုယ့်ပုံစံကိုကြည့် လူကုန်ကူးတဲ့ ပုံပေါက်လား "
အင်း လူနည်းနည်းလောက်တော့ ကူးမိရင် ကူးမိမှာပေါ့ မမှတ်မိတော့ဘူး
" အဲ့ အဲ့ ဒါမျိုးက အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး "
" ဟ ငါသာ မင်းကိုရောင်းစားချင်ရင် ပထမစတွေ့တည်းက ဆေးခတ်ပြီး နယ်စပ်ပို့လိုက်ပြီ အခုက တကယ် ငါနဲ့လိုက်ဖို့ အဖော်လိုနေတာ မင်းကြည့်ကြည့်စမ်းပါ ငါကမင်းထင်ထားတာထက်ပိုချမ်းသာတယ် မင်းကိုရောင်းစားစရာမလိုဘူး "