~~~Chu~~~

6.6K 555 14
                                    

CRUSH(Epi-9)

Yeol လည်း ​ရှေ့လည်း မတိုး ​နောက်​လည်း မဆုတ်​တဲ့ အ​နေအထားကြီးနဲ့ ရပ်​​နေမိသည်​...အစက​တော့ Baek ကို ​နောက်​ချင်​တဲ့ စိတ်​​ကြောင့်​ အနားကပ်​လာမိ​ပေမယ့်​..အခု နီးနီးကပ်​ကပ်​ ကြီး မြင်​လိုက်​ရ​​တဲ့ ချစ်​စရာ မျက်​နှာ ဝိုင်းဝိုင်း​လေး..ဆံနွယ်​စ​လေးကျ​နေတဲ့ နဖူးပြင်​​လေး..eyeliner ကို တစ်​ဘူးလုံး​မှောက်​ကျသလား ထင်​ရ​အောင်​ စိုးထားတဲ့ မျက်​လုံး နက်​နက်​​လေး...ချွန်​ချွန်​​လေးနဲ့ ​ဖြောင့်​စင်း​နေ​သော နှာတံ​လေး...ဆွဲမွချင်​စရာ ပါး​ဖောင်း​ဖောင်းမို့မို့​လေးနဲ့...နှုတ်ခမ်းနီ မဆိုးထားပဲကို ​​ဆွဲ​ဆောင်​မှုရှိလှတဲ့ နှုတ်​ခမ်းနီနီဖူးဖူး​လေး...တစ်​ခုချင်းကို အ​သေးစိတ်​လိုက်​ကြည့်​​နေမိတယ်​...ပတ်​ဝန်းကျင်​ နဲ့ သူ့ကိုယ်​သူပါ ​မေ့​လျော့ရင်း အ​ရှေ့ကို ပိုပို တိုးရန်​ နှိုး​ဆော်​​နေ​သော မသိစိတ်​ကိုသာ အာရုံပြုရင်း Baek နဲ့ အနီးစပ်​ဆုံးဖြစ်​​အောင်​ ​ရှေ့သို့ တိုးသွားလိုက်​သည်​....

ထိုစဉ်​ Yeol ​ငေး​နေစဉ်​ တစ်​​လျှောက်​ မျက်​လုံးကြီး အတင်းမှိတ်​ထားတဲ့

Baek လည်း အချိန်​​တော်​​တော်​ကြာကြာ ငြိမ်သက်​​နေ​​သော အ​ခြေအ​နေ​​ကြောင့် မျက်လုံးကို ​​​သာသာ​လေး ဖွင့်​ကြည့်​အကြည့်​ အလွန်​နီးကပ်​လွန်းတဲ့ အ​ခြေ​အ​နေ​ရောက်​​နေတဲ့ Yeol ကို ​တွေ့သွား​တော့ Baek ​လည်း လန့်​သွားသလို Yeol လည်း ရှက်​ကိုးရှက်​ကန်းနဲ့ ပြန်​ထိုင်​လိုက်​သည်​.(မမွ ​တော့ဝူးလား ကိုကို Yeol ရဲ့..)

Baek :" Chanyeol shi...ဘာလုပ်​​နေတာလဲဟင်​..."

Yeol လည်း Baek ​​ရဲ့ဖြေရခက်တဲ့ ​မေးခွန်းကြီး​ကြောင့်​ ခဏတာ ​ခေါင်းစားသွားသည်​..ပြီးမှ

Yeol:"Baek ပဲ မျက်​လုံးထဲ အမှုန်​ဝင်​သွားတာဆို ... အာ့​ကြောင့်​ ကျွန်​​တော်​က မှုတ်​​ပေးမလို့ကို Baek က မျက်​လုံးကြီး အတင်းမှိတ်​ထား​တော့ ကျွန်​​တော်​က မှုတ်​​ပေးလို့ ဘယ်​ရမလဲ..ကျွန်​​တော်​လည်း Baek  မျက်​လုံးဖွင့်​​အောင်​ ​စောင့်​​နေတာပဲ...Baek က ဘာ​တွေ စိတ်​ကူးယဉ်​​နေလဲမှ မသိတာ အတင်းကိုမှိတ်​ထား​တော့တာပဲ...

CRUSHWhere stories live. Discover now