မေတ္တာဝေလုံအိမ်လေးမှာ ပိတောက်ဝါတွေဖူးပွင့်လို့

763 33 2
                                    

ကလောမြို့ရဲ့ သင်္ကြန်အခါတော်မီရက်ကလေးမှာ မိုးဖွဲဖွဲ​လေးကျ​နေတတ်ပြီး အေးမြတဲ့လေထုကလေးဟာ ပတ်ဝန်းကျင်ကိုထွေးပွေ့လို့ထားသည်။ မိုးရွာပြီးစအချိန်မှာကျန်နေတတ်တဲ့ မြေနံ့သင်းသင်းလေးက မကြာမီမှာစိုစွတ်နေတော့မဲ့ မဟာ သင်္ကြန်ရက်တွေ ကြိုဆိုနေပြီး ပိတောက်နံ့ရီဝေဝေလေးဟာလည်း 'မေတ္တာဝေလုံ' အိမ်လေးမှာ သောင်းသောင်းဖြဖြနဲ့ နှစ်လိုဖွယ်ပင် ဝေ့ရီလို့​နေပါသည်။

ဆိုင်းထီးဆိုင်ရဲ့ "ချယ်ရီကိုသာပန်ပါကွယ်" ဆိုတဲ့ သီချင်းလေးအတိုင်းပင်။ တောင်ပေါ်မြို့ကလေးတွေမှာ မြန်မာဆန်တဲ့ တော်ဝင်ပန်းပိတောက်တွေ အလွန်ရှားပါသည်။ သို့ပေမဲ့ ထိုအချက်က မေတ္တာဝေလုံ လို့အမည်ရတဲ့ ထိန်ထိန်ဝေ
အောင်ပွင့်နေသည့် ပိတောက်ပင်တွေခြံရံထားတဲ့ အိမ်ကလေးအတွက်တော့ ခြွင်းချက်ပင်။

" အစ်ကိုပိတောက်ပန်းတွေ ခူးထားတယ်၊ သုတဘုရားကပ်ချင်ကပ်လိုက်နော် "

" ဟုတ် အစ်ကို "

အခန်းထဲမှာ Japan N3 ဖြေဖို့အတွက်စာလေ့လာတဲ့သုတငယ်က အိမ်ရှေ့ကထွက်လာတဲ့အစ်ကို့အသံကြောင့် အစ်ကိိုခူးပေးထားပါတယ်ဆိုတဲ့ပိတောက်ပန်းတွေထွက်ကြည့်လိုက်တော့...
ဧည့်ခန်းထဲက လက်နှစ်ပွေ့စာလောက်ရှိတဲ့ ဝါထိန်ထိန်အခိုင်လိုက်ကြီးကြောင့် အံ့သြတကြီး
အစ်ကို့ဘက်လှည့်လိုက်ပြီး...

" အစ်ကို့ဟာက ပိတောက်ပန်းချည်းမှမဟုတ်ဘဲ၊ မဟုတ်မှလွဲ အစ်ကိုရေ... အခိုင်လိုက်များခုတ်ချလာတာလား..."

မဟုတ်မှလွဲ မေးလိုက်ပေမဲ့ ခပ်တည်တည်ဖြင့်ခေါင်းညိမ့်ပြလာသူ​ကြောင့် သုတငယ်မှာ အူလှိုက်သည်းလှိုက်ရယ်ချင်လာသည်။ သို့ပေမဲ့ ရှုတည်တည်အစ်ကို့မျက်နှာလေးကြောင့် သူ့ခင်မျာရယ်လည်းမရယ်ရဲ။ တကယ်က်ို အစ်ကိုလို့ သူအ​မြတ်တနိုးခေါ်တတ်တဲ့ ကိုရှိုင်းက မတုန်မလှုပ်လေးနဲ့ အေးတိအေးစက်လေးရယ်။

" သုတပဲ ညက အစ်ကို့ကို ဘုရားကပ်ချင်လို့မနက်ကျ ပိတောက်ပန်းတွေအများကြီးခူးပေးဆို... "

Green Tea Area✨🌈Where stories live. Discover now