Lighthouse Of Love 💜🖤 အချစ်မီးပြတိုက်လေး အခန်း- ၄
(Unicode)သင်္ကြန်ရက်ရောက်ပြီဖြစ်၍ ခွင့်မယူသည့်ဝန်ထမ်းများမှာ အလှည့်ကျတစ်ရက်စီနားရက်ရပြီး ကျန်ရက်များတွင် Hotel တွင်အလုပ်ဆင်းရမည်ဖြစ်သည်။ ဒါကြောင့် အချိန်ပိုကြေးကို များများစားစားရမှာဖြစ်သလို Hotel ကားနှင့် တစ်ရက်လျှောက်လည်ခိုင်းမည်ဖြစ်သည်။
သေချာတွက်လျှင် နားရသည်ကလဲတစ်ရက်ရပြီး လျှောက်လဲလည်ခွင့်ရအုံးမှာဆိုတော့ အလုပ်ဆင်းရတာပျော်စရာကြီးဖြစ်သည်။ သင်္ကြန်တွင် ကိုယ်တိုင်လျှောက်လည်ပြီး မပျော်တတ်သည့် လွန်းငယ်ဟာ ခွင့်မယူပဲအလုပ်ဆင်းမည်ဖြစ်သလို မမသီပါအလုပ်ဆင်းမည်ဖြစ်သည်။
အကြိုနေ့ရောက်ကတည်းက ဂိတ်ဝမှစ၍ ရေအလောင်းခံလိုက်ရသည့် လွန်းငယ်မှာ Counter လဲရောက်ရော တစ်ကိုယ်လုံးရွှဲနစ်လေရောဖြစ်သည်။ ဒါ့အပြင် Waiter အကိုကြီးများက အတင်းလိုက်လောင်းသည်ကြောင့် လွန်းငယ်မှာ အပြင်ထွက်ပေးရသည်။ အထဲတွင်ရေအိုင်သွားလျှင် ဧည်သည်များ အနှောက်ယှက်ဖြစ်မည်ဆိုးသည်လေ။
နေ့လည် ၃နာရီလောက်ကြီး ပေါက်စကို ရေလောင်းနေသည့်အောက်ကဝန်ထမ်းတွေကို ဥဿာအပေါ်ထပ်မှ ဘဝင်မကျစွာလိုက်ကြည့်နေမိသည်။
နေပူထဲကလာတဲ့ ပေါက်စ အပူရှပ်သွားရင်ဘယ်လိုလုပ်မလဲ။ ဟိုလဒတွေကလဲ လောင်းစရာပေါက်စတစ်ယောက်ပဲရှိလေသလား တစ်ယောက်ပြီးတစ်ယောက် ရေသန့်ဗူးများနှင့်လောင်းနေတာ မပြီးနိုင်မစီးန်ိုင်ပင်။
ထို့နောက်တွင် ရေဗုံးကြီးဆွဲ၍ ပေါက်စဆီသွားနေသည့်ဇေလင်းကြောင့် အပေါ်မှနေ၍ ရိုးတိုးရွတ ဖြစ်နေရသည်။ သေနာက ဥဿာကိုမော့ကြည့်၍ ပေါက်စကိုရေတစ်ပုံးလုံးကုန်သည်အထိ ဇိမ်ဆွဲ၍လောင်းနေသည့်မြင်ကွင်းဟာ အူယားဖွယ်ရာပင်။ ဥဿာမှာ အပေါ်မှနေ၍ အဲ့ရေပုံးကြီးကိုသွားဆွဲပြီး လွှတ်ပြစ်ချင်စိတ်တွေ တဖွားဖွားဖြစ်နေရသလို အောက်ကိုပင် ပြေးဆင်းချင်စိတ်တွေ ပေါက်လာရသည်။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်