Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး အပိုင်း - ၅
(Unicode)ကားဆီပြန်ရောက်သည့်အချိန်တွင် အကုန်လုံးလဲချမ်းနေကြလေသည်။ ထိုထဲတွင် ပိုဆိုးသည့်လူက အပေါ်ထပ်လဲမပါ တအားချမ်းနေသည့် ဟိုပေါက်စ ဖြစ်သည်။
"ဥဿာ ပုလဲရှေ့ခန်းကလိုက်တော့မယ် မရတော့ဘူးချမ်းနေပြီ"
"ပုလဲလေးရှေ့မှာနေလေ ကိုယ်နောက်ကလိုက်မယ်"
တမင်လိုက်ခွင့်တောင်းပြီး မေးနေသည်ကတစ်ခြားလူ ပြန်ဖြေနေသည်က ဇွဲအကြီးဆုံးဆုပေးရမည့်လူ ဇေလင်းဖြစ်နေသည်။ ဥဿာကတော့ ပုလဲအမေးကိုကြားပုံမပေါ် တစ်နေရာတည်းကိုသာ မျက်ခုံးတို့ တွန့်ကျုံ့ပြီးကြည့်နေလေသည်။ ထိုနေရာသို့ ပုလဲလိုက်ကြည့်မိတော့ ဟိုတစ်နေ့ကပေါက်စလို့ခေါ်သည့် နိုးနိုးလွန်းငယ်ဖြစ်နေသည်။
ပြည့်ပြည့်ဝဝနှင့် ပစ္စည်းအကုန်ရှိ ကိတ်ထွက်နေသည့် ကိုယ့်လိုလူထက် ပိန်ပိန်ပါးပါးပုပု ငါးဖောက်ရိုးကို ဘာကြောင့်များဥဿာက ကြည့်နေရသလဲလေ။ ဘာကြည့်စရာရှိလဲ။
"ဥဿာ ပုလဲပြောတာကြားလား"
"ဟိုပေါက်စ အောက်ဆင်းခဲ့ ရှေ့ခန်းမှာလာထိုင်"
"လွန်းငယ်လား..."
"ဟုတ်တယ်ထင်တယ် လွန်းလေးတအားချမ်းနေတာလေ သွားလိုက် သွားလိုက် တော်ကြာအဆူခံနေရမယ်"
"ဟုတ်မမ"
ဘုမသိ ဘမသိနှင့် ကားအောက်ရောက်လာတော့ မမပုလဲက သိပ်မကြည်။ လောပန်းကိုကြောက်၍သာ ဘာမှမပြောရဲပဲ ငြိမ်နေရပေမယ့် အခြေနေကမကောင်းလှပေ။
"ပုလဲလဲရှေ့မှာထိုင်မှာလေ ဘာလို့ခေါ်လိုက်တာဥဿာရယ်"
"ပေါက်စက အလယ်မှာထိုင် ပုလဲကဘေးမှာထိုင် ရတာပဲလေ "
သူဌေးလူကြီးက နေရာချပေးသွားသည်မို့ လွန်းငယ်လဲ ထိုအတိုင်းနှစ်ယောက်ကြား ဝင်ထိုင်ရတော့သည်။
ရေစိုနေသည့်အဝတ်တို့က မခြောက်သေးသည်ကြောင့် အရှေ့ခန်းတွင်လဲချမ်းနေရသည် ဒီလိုမှန်းသိလျှင် အနောက်မှာပဲနေလိုက်ပါတယ်။ အဲ့တာမှနေပူပြီးခြောက်သွားအုံးမည်။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်