Part 💜 7 (U&Z)

25K 567 6
                                    

  Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး အပိုင်း - ၇
(Unicode)

လွန်းငယ်အပြည့်အဝ နေပြန်ကောင်းသည်မှာ ရက်အတော်ကြာပြီဖြစ်သလို သူဌေးလူကြီး Hotel တွင်မရှိသည်မှာလဲ ၃ ပတ်ပြည့်တော့မည်ဖြစ်သည်။ အလုပ်ခရီးသွားသည်သာသိပြီီီး ဘယ်အချိန်ပြန်လာမလဲ လွန်းငယ်မသိ။

ထူးထူးဆန်းဆန်းပင် Hotel ထဲကားဝင်လာလျှင် သူဌေးလူကြီးများဖြစ်လေမလားဟု တွေး၍ အမြဲလိုလို လိုက်ကြည့်မိသည်။ တစ်ခါတစ်လေ သူဌေးလူကြီး၏ မျက်နှာချောချောကြီးကိုလွမ်းများလွမ်းနေသလားမသိ မျက်လုံးထဲပေါ်ပေါ်လာတတ်သေးသည်။ ဒါကလဲ ဖြစ်သင့်ပါတယ်လေ။ ဘာလို့ဆို အရင်နေ့တွေက ဆေးရုံလိုက်ပို့ အင်္ကျီလာပေး နေကောင်းရဲ့လားနှင့်အမြဲလာမေးနေတော့ လွန်းငယ်ကခင်တွယ်မိသွားတာကိုး။

"ဟူး ...လွမ်းလိုက်တာ"

"ဘယ်သူ့လဲအေ"

"CEO ကိုပေါ့အေ "

"ငါရောပါအေ "

"လွန်းငယ်ရော"

စိတ်ထဲမှအတွေးကို ယောင်ပြီးထုတ်ပြောလိုက်မိသည့်လွန်းငယ်ကို မမများက ဝိုင်းကြည့်နေလေသည်။

"မဟုတ်ဘူးလေ လောပန်းရှိတုန်းက မုန့်ဝယ်ကျွေးတယ်လေ အဲ့တာကြောင့်လွန်းငယ်ကလွမ်းတာပါ"

"အော်...မမသီကကျတော့ ဘယ်လောက်ကြည့်ကြည့် ကြည့်မဝတဲ့ လောပန်းရဲ့မျက်နှာကိုလွမ်းတာ"

"မမချစ်က ဟီး...တောင့်တင်းတဲ့ခန္ဓာကိုယ်"

"ဝဒီကအကုန်လုံးပဲ ချောလွန်းတဲ့လောပန်းကိုမမြင်ရတော့ မျက်စိအာဟာရပျက်နေသလိုပဲ "

မမသုံးယောက်အပြောကို နားထောင်ရင်း ကြက်သီးထလာရသည်။

"မမတို့ကလဲ အဲ့လောက်ကြီးလား..."

"အဲ့ထက်တောင်ပိုနေသေးတယ်လွန်းလေးရယ် မမတို့က အလုပ်မှာအားရှိနေအောင် လောပန်းကိုကြည့်ပြီး မိုတီယူနေရတာလေ"

"ဟင်..."

"ထားပါတော့နောက်မှ အဆင်ကိစ္စပြောမယ် လွန်းလေးကိုမေးမလို့"

"မေးလေမမချစ်"

"လွန်းလေး ဟိုးအရင်နေ့က ဖျားလို့အပေါ်ထပ်မှာအိပ်သေးတယ်မဟုတ်လား"

Lighthouse Of Love (Completed)Where stories live. Discover now