"ဟန်ယူဂျင်းရေ ကိုကိုတို့လာပီ"
အိမ်ရှေ့ကမေမေ့ခေါ်သံကြောင့် ယူဂျင်းတယောက် မျက်မှောင်ကုပ်လျက်
"လာပါပီဗျာ အဲ့ဒီကိုကို ကိုကိုနက် သူ့ကိုကျနော်လဲသိတာမဟုတ်ဘူး"
"ဟဲ့ဒီကလေး ဘာကိုမသိတာလဲ ငယ်ငယ်တုန်းက သူပဲ ကိုကို ကို့ချစ်လှရီရဲ့ဆို ဂယူလေး နယ်ပြောင်းသွားရတော့လဲ ကိုကိုမရှိရင် သေမယ်ဆို မင်းပဲလေ ယူဂျင်း"
"အာ့တာငယ်ငယ်ကပါဗျာ"
ဟုတ်ပါသည် ဒီနေ့ သူတို့ဘေးအိမ်ကို ကင်ဂယူဘင်းဆိုတဲ့လူရီးတို့မိသားစုပြောင်းလာမည်တဲ့ ပြောင်းလာတာတော့မဟုတ်ဘူး အရင်ကတည်းကသူတို့အိမ် ဟိုးငယ်ငယ်တုန်းကအိမ်နီနားချင်တေဖစ်ပီး သူတို့မိသားစုကနယ်ပြောင်းသွားရတာ ခုတော့ပြန်လာတာတဲ့
မေမေကတော့ ငယ်ငယ်ကတအား ချစ်တယ်ပြောတာပဲ ခုောတ့ကျနော့်သူ့ကိုတောင်မမြင်ဖူးသလိုပဲ ဘလိုရုပ်လဲတောင်မသိဂယူတို့အိမ်နက်ယူဂျင်းတို့အိမ်ကြားမှာ ဟိုဘက်ဒီဘက်ကူးလို့ရတဲ့တံခါးငယ်လေးတခုရှိသတဲ့
ယူဂျင်းတယောက်မေမေနဲ့အတူထိုတံခါးငယ်လေးကိုဖြတ်ပီး ဂယူဘင်းဆိုတဲ့လူတို့အိမ်ကိုဝင်သွားလိုက်တယ်
"ဂယူ့မေမေရေ"
"ဟော ယူဂျင်းအိုမား လာပီလား ကျမက တအားသတိရနေတာရှင် "
"ဟုတ်ပရှင် ကျမက ဂယူတို့ဒီပြန်လာောတ့မယ်ကြားကတည်းကမျှော်နေလိုက်တာ "
"ဒါယူဂျင်းလေးလား တအားတောင်ကြီးလာပီး အေးပေါ့ ဂယူတောင် အထက်တန်းနောက်ဆုံးနှစ်မလား"
"ယူဂျင်းလေးက အထက်တန်းပထမနှစ် ရောက်ပီရှင် ကလေးတေက တအားကြီးလာကြတာနော်"
"အယ်ဂယူကိုခေါ်ပေးမယ် သားရေ ဂယူ ဆင်းလာဦးလေ အော်ဒီကလေး ရောက်ကတည်းက သူ့အခန်းကိုလွမ်းလို့တက်သွားတာဆင်းမလာဘူး"
"လာပါပီ မေမေရ"
"ဂယူလေးအရပ်တော်တော်ရှည်ပါပေါ့လား"
"အန်တီ နေကောင်းလား ဗျ"
"ကောင်းပါ့သားရေ ဟဲ့ ငါ့သားယူဂျင်း အော် တိတ်လို့ပါလား"