မှတ်မိသလောက် ၄တန်းနွေရာသီကျောင်းပိတ်ပီးပြန်ဖွင့်တော့ စာသင်ခုံတွေသန့်ရှင်းရေးလုပ်ဖို့ဆိုပီးသူငယ်ချင်းတစ်စုအိမ်ကိုလာခေါ်တယ်...
ပီးတော့ ပဲခူးကနေမန်းလေးကိုပြောင်းလာတဲ့သူငယ်ချင်းတစ်ယောက်ကိုသူတို့ဝင်ခေါ်သေးတယ်...အဲ့ကောင်မလေးကိုတော့ကျမကိုယ်တိုင်မသိခဲ့ပါဘူး သူငယ်ချင်းတွေမှတစ်ဆင့်သူ့ကိုသိခဲ့တာပါ...အာ့နေ့စာသင်ခုံတွေသန့်ရှင်းရေးလုပ်တဲ့နေ့မှသူ့ကိုပထမဆုံးမြင်ဖူးခဲ့တာပါ...
သူ့ပုံစံကအနေအေးအေးနဲ့မျက်လုံးမှေးမှေးလေးပေါ့ရှင်...မန်းလေးကိုမိသားစုလေးယောက်ပြောင်းလာကြတာပေါ့...အဖေရယ်အမေရယ်သူ့အမနဲ့ကျမခိုးချစ်ရတဲ့သူမရယ်ပေါ့...
သူ့ပုံစံကမန်းလေးကိုပြောင်းကာစမို့ မန်းလေးနွေရဲ့အပူဒဏ်ကိုသူတို့မိသားစုသိပ်မခံနိုင်ဘူးထင်တယ်😅သူ့အဖေဆိုမျက်နှာပေါ်သနပ်ခါးအပြည့်ကိုမှ ယပ်တောင်ကြီးတစ်ဖျပ်ဖျပ်နဲ့...သူတို့မိသားစုလေးကတကယ်ကိုsweetဖစ်လွန်းတယ်
သူ့ပုံစံလေးကိုကြည့်တာနဲ့သူ့တို့မိသားစုရဲ့နူးညံ့သိမ်မွေ့မှုကိုခံစားမိစေတယ်လေ😅
သူကလဲအနေအေး စကားဆိုအကျယ်ကြီးပြောဖို့နေနေသာ သူ့အနားကပ်နားထောင်တာတောင်ဘာမှသိပ်မကြားရလို့ပြန်ပြောခိုင်းရတဲ့သူပါကွာ😁ကျမချစ်ရတဲ့အမျိုးသမီးလေးကအာ့လောက်ထိနူးညံ့သိမ်မွေ့တာပါ🤗
သူ့ကိူမြင်မြင်ချင်းတည်းကသဘောကျနေမိတာထင်ပါတယ်...သူဘာလုပ်လုပ်ကိုယ့်မာသဘောတွေကျနေရတာပေါ့...သူကတော့သိမာမဟုဘူး...
ကိုယ်လဲငယ်သေးတော့ ကိုယ်စိတ်ကိုသတိမထားမိဘူးလေ...လေးတန်းအရွယ်ဆိုတော့lgbtလောကဆိုတာလဲမကြားဖူးဘူး...
ဒီတိုင်းပဲသူငယ်ချင်းအသစ်မို့သူ့ကိုခင်ပေးချင်တာလို့ပဲထင်ခဲ့တာလေ...အခုနောက်ပိုင်းမှသိလာရတာက ၁၀နှစ်ကျော်ကြာထိကိုယ့်မာသူ့ကိုခိုးချစ်လာရတယ်ဆိုတာပဲ😣😞တကယ်တော့အချစ်ဆိုတဲ့အရာက သူမသိအောင်ချစ်တော့လဲတိတ်တိတ်လေး ပူလောင်ရတာပဲ...
မဖွင့်ပြောရင်လဲကိူယ့်အချစ်တွေကိုတစ်သက်လုံးသူမသိသွားမှာစိုးတဲ့စိတ်နဲ့တစ်မျိုးပူလောင်ရပြန်ရော...ဟော...အချစ်ဆိုတာဘယ်ထောင့်ချိုးကပဲကြည့်ကြည့်ပူလောင်ရတာပဲနော်...😞😞😞
ဒါပေမဲ့ အာ့ပူလောင်မှုကပဲစွမ်းအင်တွေရနေတာပဲမလား😉😉😉...တခြားသူတွေအတွက်တော့
သူငယ်ချင်းကနေအဆင့်တက်သွားကြတယ်
ကျမအတွက်တော့နောက်ပြန်ရစ်ရမဲ့ဇာတ်သိမ်းခန်းတွေမို့ဖွင့်ပြောပီးမေ့ပစ်လိုက်ရတယ်ပေါ့😅အာ့နေ့စာသင်ခုံတွေကိုသန့်ရှင်းရေးလုပ်ပီး သူငယ်ချင်းတစ်ဖွဲ့လုံးသူ့ကိုအိမ်ပြန်လိုက်ပို့ကြတာပေါ့...လမ်းမှာစကြနောက်ကြရင်းသွားကြတယ်...အားလုံးပေါင်းသူငယ်ချင်း၈ယောက်စုပီးသူ့အိမ်ကိုလိုက်ပို့ကြတာပေါ့...သူ့အမေကတိုင်းရင်းဆေးတက္ကသိုလ်ကဆရာမဆိုတော့ သူတို့ကဝန်ထမ်းအိမ်ရာမှာနေကြတာပေါ့...သူ့ဖေမေကလဲ အနေအေးပီး သဘောကောင်းကြတယ်...
ကြည့်ရတာ သူအနေအေးတာကသူ့အမေတို့ဆီကအမွေရတာပဲဖစ်ရတယ်😅ဘာပဲဖစ်ဖစ်ကျမအတွက်ကတော့သူနဲ့တွေ့ခွင့်ရလို့ပျော်ရပါတယ်🤗😘😘....မိုးချုပ်နေလို့ဒိနေ့တော့ဒီလောက်ပဲupdateလိုက်ပါမယ်...
ပထမဆုံးရေးတဲ့ficမို့အမှားပါရင်ခွင့်လွှတ်ကြပါနော်😙🤗 ကျေးဇူးတင်ပါတယ်ရှင့်🤗😍😍
YOU ARE READING
သူငယ်ချင်းထက်ပိုပါရစေ😔
Non-Fictionငယ်ငယ်ထဲကခိုးချစ်ရတဲ့သူငယ်ချင်းလေးကို၁၀နှစ်ကျော်ကြာမှဖွင့်ပြောလိုက်တဲ့အကြောင်းလေးကိုဇာတ်အိမ်ခိုင်ခိုင်နဲ့ဖန်တီးပြမာမို့အားပေးကြပါဦးရှင့်🤗 သေချာတာတော့မျက်ရည်ခိုင်မှဖတ်ရမဲ့ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးမို့ကြိုတောင်းပန်ပါရစေ🙏