Unicode
Recommended song _မီးခြစ်ဆံပုံပြင်
၃လပြည့်ခါနီးမှာသိသိသာသာကျွတ်လာတဲ့ဆံပင်တွေ။ကျွန်တော်ဂတုံးတုံးပစ်လိုက်တယ်။မောင်ကတော့မေးတယ် ဘာလို့ ဂတုံးတုံးလိုက်တာလဲတဲ့။
ကျွန်တော်ပါးနပ်စွာ အိုက်လို့ တုံးပစ်လိုက်တာ လို့လိမ်လည်ဖြေလိုက်တယ်။ကလေးဆိုးက သူနမ်းစရာဆံပင်မရှိတော့ဘူးဆိုပြီးစိတ်ထကောက်လို့ကျွန်တော့်မှာ မနည်းချော့လိုက်ရတယ်။ ၃လပြည့်တဲ့ထိကျွန်တော်ပါးစပ်ကလမ်းခွဲပြတ်ဆဲဖို့မပြောနိုင်သေး။ဒါပေမဲ့ဆိုးရွားလာတဲ့ရောဂါကြောင့်ကျွန်တော်ဒီနေ့ ပြောမှဖြစ်တော့မယ်။ခေါင်းထဲကဝေသနာကထပ်ပေါ်လာတော့ငရဲလိုခံရပြန်တယ်။ဘာဆေးမှမသုံးတဲ့ကျွန်တော့်အတွက် ရောဂါကဆိုးရွားလွယ်တယ်။ကင်ဆာတဲ့လေ ရီချင်စရာကောင်းလိုက်တာဗျာ ကင်ဆာတောင်ရိုးရိုးမဟုတ်ဘူးဦးနှောက်ကင်ဆာတဲ့။လောကဆိုတဲ့ကောင်သာကျွန်တော်တွေ့လို့ကတော့ သေတဲ့ထိလိမ့်ထိုးမိမှာ။ခေါင်းကိုက်တာကတမျိုးစိတ်ထွေပြားနေတာကတမျိုး စိတ်ကတိုလာရပြန်တယ်။
"ဘာလို့လဲ...ကျွန်တော်ကိုမှဘာလို့လာဖြစ်ရတာလဲ။ကျွန်တော့်ချစ်သူနဲ့မခွဲနိုင်သေးဘူးဗျ။ ခင်ဗျားကြီးကဘာကောင်ကြီးမို့လို့ လာခွဲနေရတာလဲ ဟမ် အား ဘာသောက်ဖြစ်ရှိလို့လဲလို့ ငါ_ိုး အား ဟာ့ တော်ပါတော့ နာနေပြီ အား"
၅မိနစ်လောက်ခေါင်းကိုက်တာသေမတတ်။ကိုယ့်ခေါင်းကိုလက်သီးနဲ့ပြန်ထိုးနေမိတာအကြိမ်ကြိမ်။ကျွန်တော့်မျက်ရည်ပူပူတို့ကလဲတလိမ့်လိမ့်။နှလုံးသားတို့ကလဲဆုတ်ပြတ်သတ်တဲ့ထိဒဏ်ရာတွေအပြည့်နဲ့။ဒီလောက်ဆိုကျွန်တော်ခံစားရတာများလွန်းနေပြီ။သေလိုက်ပါတော့လား။ဒီလိုကြီးခံစားပြီးမရှင်ချင်တော့ဘူး။
အတွေးထဲရုတ်တရက်ဝင်လာတဲ့မောင့်မျက်နှာလေး။မသေချင်ဘူး။ငါမသေချင်ဘူးမောင်ရာ။ဒါပေမဲ့တောင်းပန်ပါတယ်။မင်းမှာလျှောက်ရမဲ့လမ်းတွေရှိသေးတယ်။
ငိုထားတာမို့မျက်ခမ်းစပ်တို့ကခပ်ရဲရဲနဲ့မို့မောက်နေသည်။ဘေစင်ကရေဖွင့်ခံကာမျက်နှာကိုအားရပါးရသစ်ချလိုက်တယ်။
