"မောင်က ဂျီမင်းကိုပါလိုက်ခဲ့စေချင်တာ......"
ညည်းညည်းညူညူပြောတဲ့ ဂျောင်ဂုကို ဆံပင်တွေဆွဲဖွကာ ဂျီမင်းစနောက်လိုက်တယ်။
ကောင်လေးကတော့ သူ့ပုခုံးကိုမှီကာ ချွဲလို့ကောင်းနေဆဲ။"ကိုယ်က ဆန်းမင်း hyung နဲ့ဆေးစစ်ဖို့ပြောထားတယ်လေ ဂျောင်ဂုရယ်......"
"ကျွန်တော်က အတူတူသွားချင်တာ......"
ဂျွန်စောနဲ့ ပိုရင်းနှီးပြီး သူနဲ့လည်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ကိုဖိတ်လာတာကြောင့် ဂျောင်ဂု ဂျီမင်းနဲ့အတူ ဆန်းမင်း hyung နဲ့ ကျန်းမာရေးစစ်ဆေးဖို့ကိုလိုက်မသွားပေးနိုင်ဘူးဖြစ်နေတယ်။ အဲ့တာကိုအလိုမကျသလို သူငယ်ချင်းတွေကြားမှာ ဂျီမင်းက သူ့ချစ်သူဖြစ်ကြောင်း ကြွားချင်တာကို ဂျီမင်းက သူနဲ့အတူမလိုက်ပေးနိုင်တာကိုလည်း အလိုမကျချင်ဘူး။
"ကျွန်တော်မွေးနေ့မသွားတော့ဘူး.....ဂျီမင်းနဲ့ပဲလိုက်ခဲ့မယ်......"
"မဟုတ်တာ မောင်ရယ်.....တစ်ခါတလေမှဆုံရတဲ့ သူငယ်ချင်းတွေကို......."
သူနဲ့လိုက်မယ်ဆိုလည်း ဂျောင်ဂုစောင့်နေပေးရုံအပြင်ဘာမှမပိုတာကြောင့် ဂျီမင်းကတော့
မလိုက်စေချင်ပါဘူး။ ပြီးတော့ ဂျောင်ဂုကို သူတစ်ယောက်ထဲနဲ့ အမြဲတမ်းအချိန်မကုန်စေချင်ဘူးလေ။ သူကအပြည့်အဝဖြည့်ဆည်းပေးနိုင်တဲ့
အခြေအနေမျိုးမဟုတ်တာကြောင့် ဂျောင်ဂု ငြီးငွေ့တာမျိုးဖြစ်မှာစိတ်ပူမိပါတယ်။"ဒီလိုလုပ်လေ......ကိုယ် ဆန်းမင်း hyung နဲ့ ဆွေးနွေးတာပြီးရင် လိုက်လာခဲ့လိုက်မယ်.... မောင်က ကိုယ့်ကို ပါတီကနေပဲစောင့်.....ဘယ်လိုလဲ......"
ပုခုံးပေါ်ကို ခေါင်းမှီထားဆဲဂျောင်ဂုကို ဂျီမင်းကပြောပြီး ရှေ့ကနွားနို့ခွက်ကိုယူကာတစ်ငုံသောက် စေတယ်။ နွားနို့ကို သိပ်မကြိုက်လှပေမယ့် အခု
တလောကျန်းမာရေးလိုအပ်ချက်အရ ဂျီမင်းသောက်နေရတဲ့အတွက် ဂျောင်ဂုကလည်းအတူလိုက်သောက်ပေးနေခြင်းသာ။"ကိတ်မုန့်ထပ်မှာလိုက်ရမလား......"
"ဟင့်အင်း.....တော်ပြီ....."
YOU ARE READING
Rewrite the stars
Fanfictionကိုယ်တို့တွေ နောက်တစ်ကြိမ်အတူရှိနိုင်ဖို့ ကံကြမ္မာတွေကိုပြောင်းလဲကြည့်ကြရအောင်လား