Part 7

1.3K 64 5
                                    

deyoကတကယ်တမ်းက DENတိုင်းပြည်ရဲ့အိမ်ရှေ့မင်းသမီးပေါ့ DENနိုင်ငံဆိုတာအင်အားအရမ်းကြီးမားပြီး စစ်ရေးမှာလဲကျွမ်းကျင်တာလေ

ညနေစောင်းရောက်တော့KIMနိုင်ငံမှဘုရင်နှင့်မိဘုရားခေါင်နဲ့အတူMANOနိုင်ငံမှဘုရင်နှင့်မင်းသမီးလေးjennieတို့စကားပြောကြသည်

lisa ''အခုလိုသဘောတူပေးလို့ကျေးဇူးတင်ပါတယ်''

KIM So Him ''မဟုတ်တာ အခုလိုမျိုးဆွေမျိုးတော်ရတာနဲ့ပင်ပျော်နေရတာပါ''

lisa ''အဲ့ဆိုနောက်အပတ်လောက်ကျရင်လက်ထက်ပွဲလုပ်ရင်ကောင်းမလား အဲ့ကျရင်တစ်ခါထဲမိဘုရားခေါင်ကြီးတင်မြှောက်မလို့ပါ''

KIMနိုင်ငံမှဘုရင်နှင့်မိဘုရားခေါင်ကြီးသာမကjennieပါအံ့သြသွားလေတယ် ထိုအခါ

Jennie ''ရှင် ဘယ်လိုလုပ်''

lisa ''ဟုတ်တယ် မောင့်ရဲ့မိဘုရားခေါင်ကြီးဖြစ်ပေးနိုင်မလား''

jennieပြောစရာစကားပျောက်ဆုံးသွားကာ မျက်ရည်များကျလာပြီးခေါင်းသာညှိမ့်တော့သည်

ခဏနေတော့အခန်းထဲဝင်သွားကြတယ်ဖဲမွေ့ယာပေါ်မှာ ထိုင်နေပြီးတစ်ခုခုကိုအလေးပေးပြီးစဥ်းစားနေတဲ့jennieလေးကိုမြင်တော့lisaအနားသွားကာ ပုခုံးလေးကိုကိုင်လိုက်တယ်

lisa ''ဘာတွေများစဥ်းစားနေတာလဲ''

jennie ''ဟင် ဘာလို့မိဘုရားခေါင်ကြီးထားတာလဲစဥ်းစားနေတာပါ ဒါနဲ့မိဘုရားခေါင်ကြီးထားပြီးမိဘုရားငယ်​လေးတွေထားမလို့တော့မဟုတ်ပါဘူးနော်?''

lisa ''အယ် မဟုတ်တာမပြောပါနဲ့ မောင့်အသဲလေးရယ် မောင့်ဘဝမှာjennieလေးသာအဓိကပါ jennieလေးကိုသာမိဘုရားထားမှာ''

jennieခမျာကြောင်လေးတစ်ယောက်လိုရင်ခွင်ထဲဝင်ကာချွဲနေရှာပါတယ်

တစ်ပတ်အတွင်းပြင်ဆင်စရာတွေပြင်ဆင်နေကြပါရဲ့ မင်္ဂလာပွဲကိုကMANOနိုင်ငံမှာလုပ်မှာမို့အလုပ်ရှုပ်နေကြတယ် နောက်ရက်မှသာKIMနိုင်ငံသွားရာပွဲကျင်းပမည်ဖြစ်သည်

jennieအဆောင်တွင်အဝတ်တိုင်းနေတဲ့jennieနဲ့ jennieဝတ်ဖို့ပိတ်စရွေးပေးနေတဲ့ဘုရင်lisa

In Love with KingWhere stories live. Discover now