အငိုတိတ်တော့ချစ်သည်းပျို

624 48 1
                                    

      ပိတောက်တွေငိုနေတယ် အန်တီ၀မ်းနည်းနေပြီတဲ့ ......
သင်္ကြန်ရေတောင်ပူချင်နေပြီ အန်တီသောက တွေကြောင့်ဖြစ်မယ် .......
အသည်းပျိုကိုလည်းမျက်ရည်တွေအစားကျွန်မရဲ့‌ မေတ္တာရေစင်နဲ့ပဲစိုရွှဲစေချင်ပါရဲ့ .......
အန်တီကြားရဲ့လား ..... ခေါ်နေတာကြားရဲ့လား .....
ဘဒ္ဒကမ္ဘာရဲ့သက်ရှိသက်မဲ့တွေကြားမှာ အန်တီကတစ်ခုတည်းသော ကျွန်မရဲ့ကံကြမ္မာလေး....
ကျွန်မမပိုင်ရဘူး ဟုတ်တယ် ......
အတွေ့နောက်ကျတဲ့ကံကြမ္မာကြား တစ်ပါးသောရင်ခွင်မှာအန်တီရောက်နေပြီလေ ......
ကျွန်မဆွဲထုတ်ချင်တယ် ကျွန်မလက်ကိုဆွဲဖမ်းဖို့ကမ်းပေးချင်တယ် ......
ကမ်းခဲ့တဲ့လက်နဲ့မျက်ရည်သုတ်ပေးမယ် .....
ကမ်းခဲ့တဲ့လက်နဲ့ထွေးဖက်ပါ့မယ် ......
ကမ်းခဲ့တဲ့လက်နဲ့ကာကွယ်စောင့်ရှောက်ပါ့မယ်....
ဪ ..... အန်တီရယ် မမြင်နိုင်လည်းရှိနေခဲ့ပါရဲ့ ......
ကမ်းပေးချင်ပေမယ့် မျက်ရည်တွေနဲ့ကျွန်မကိုကျောပေးထားတုန်းမို့ ကျွန်မလက်လေးကို ရုတ်ခဲ့ရပြန်တယ် ..........
အိုမင်းမှုကိုကျွန်မမမှုသလို ငယ်ရွယ်မှုကိုအလွဲသုံးစားလုပ်ပြီး အနာပေးမယ့်မိန်းမလည်းမဟုတ်ရပါဘူး .......
‌ဒီသင်္ကြန်မှာအငိုတိတ်ပါကံကြမ္မာလေးရယ်......
မျက်ရည်တွေနဲ့ပါးနုနုလေးက ပြဒါးနဲ့သံလို မအပ်တာမို့ ကျွန်မလာမသုတ်ခင်တိတ်လိုက်ပါ .......
ကျွန်မအမြဲရှိခဲ့တယ် ......
ရှိနေပါ့မယ်.......
ရှိနေဦးမယ် ........
ကျွန်မဟာချစ်ခြင်းတရားမှာ မစခင်ကလက်နက်ချခဲ့ရလို့ သူ့ရင်ခွင်မှာတော့ပြုံးနေပါ......
ပြုံးပါ ပျော်ပါ ချစ်ပါ .....
ပိတောက်ငိုပါစေ .....
အသည်းတော့မငိုလေနဲ့ ......

(Fic မဟုတ်ပါ အတွေးစာစုသက်သက်ပါ)

အတွေးစာစုWhere stories live. Discover now