Back to 80's

937 56 3
                                    

ရစ်ခီဟာအေးဆေးနေတတ်တဲ့အထက်တန်းကျောင်းသားလေးဖြစ်သည်။ဒါပေမဲ့သူ့ဘဝကိုနွေးထွေးစေမဲ့လူတစ်ယောက်သူ့ဘဝထဲကိုဝင်လာခဲ့သည်။မဟုတ်သေးဘူးသူကထိုလူ့ဘဝထဲဝင်သွားခဲ့တာထင်ပါတယ်။

2023ခုနှစ်ရဲ့အထက်တန်းကျောင်းသားလေးက1889ခုနှစ်ကိုရောက်သွားတဲ့အချိန်မှာတော်တော်တော့အဆင်မပြေခဲ့ဘူး။အရူးလားလို့ဝိုင်းကြည့်ခံရတဲ့အချိန်ကခပ်များများရယ်။တော်သေးတယ်အိမ်ပေါ်မှာပေးနေတဲ့လူရှိလို့ မဟုတ်ရင်ရစ်ခီရှန်ဘဝကမတွေးရဲစရာကြီး...အဖြစ်အပျက်တွေရဲ့အစကတော့...

''ဟန်ယူဂျင်း မရောက်သေးဘူးလား မင်းအိမ်က ''

ရစ်ခီတစ်ယောက် ဘယ်သူမှမရှိတဲ့တိုက်ခန်းကိုလည်းမပြန်ချင်တာနဲ့ကျောင်းကအနည်းငယ်သိတဲ့ ဟန်ယူဂျင်းရဲ့အိမ်ကိုလိုက်ဖို့ပြင်လိုက်ပေမဲ့ သင်းအိမ်ကတော်ရုံနဲ့မရောက်နိုင် ခြေထောက်တွေနာနေပြီဖြစ်သည်။

မေးပေမဲ့လည်းပြန်မဖြေတဲ့ဟန်ယူဂျင်းကလည်းခေသူတော့မဟုတ် ။ဒီကောင်ကသူ့crushနေတဲ့စီနီယာတန်းက ကင်မ်ဂယူဗင်းကလွဲရင်ကျန်တဲ့လူဆိုအဖက်မလုပ်၊သူတောင်ဒီကောင့်ထက်မနည်းချေမိုးနေတဲ့ကောင်မလို့ တော်သေးတယ်။

မကြာလိုက်ရောက်သွားတဲ့ဟန်ယူဂျင်းရဲ့အိမ်ကရှေးကျသည်။အပြင်အဆင်လေးကိုတော့ရစ်ခီကသဘောကျသည်။တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးတွေကြိုက်တတ်တဲ့သူ့အတွက်တော့တော်တော်သဘောကျချင်စဖွယ်ကောင်းနေတာမို့ရစ်ခီတစ်ချက်ပြုံးလိုက်သေးသည်။

''ဖိနပ်ကိုဟိုဘက်စင်ပေါ်တင်ထားလိုက် ''

''တစ်ယောက်ထဲနေတာလား ''

''ငါ့အဖွားရှိတယ် ရှေးဟောင်းပစ္စည်းတွေထားတဲ့အခန်းထဲမှာထင်တယ် ''

''အမယ်လေး ပိုင်ရှင်ရောက်လာတာမလို့လက်စွပ်ကအရောင်လက်နေတာကို ''

ရစ်ခီ 'အော်'ပင်ပြန်မပြောရသေး အခန်းတစ်ခုထဲကထွက်လာတဲ့အဖွားအိုကြောင့်ရစ်ခီဆွံ့အသွားရသည်။မြင်ဖူးသလိုရှိနေပေမဲ့ ဘာကြောင့်ရယ်တော့မပြောတတ်တော့။

''အဖွား သူ့ကိုတော့ဘာမှဟောပေးမနေနဲ့ ဒီကောင်ကချေမိုးနေတာ ရည်းစားလည်းရမှာမဟုတ်ဘူး အဖွားမြေး ကျွန်တော့်ကိုသာ စီနီယာပြန်ချစ်အောင်လုပ်ပေးစမ်းပါ။''

✨ Want to see you (想見你) ✨Where stories live. Discover now